Friday, August 31, 2012

နာမည်ပျက် စာရင်းမှ ပယ်ဖျက်သည့် အမည်စာရင်းများ

Posted by drmyochit Friday, August 31, 2012, under | No comments



အောက်တွင် ၀န်ကြီးဌာနအလိုက် အမည်မည်း Black List
(နာမည်ပျက်) စာရင်းမှ ပယ်ဖျက်လိုက်သည့် အမည်စာရင်းများကို Download ရယူ ကြည့်ရှုနိုင်ပါသည်-


 
ပြည်ထဲရေးဝန်ကြီးဌာနမှ ပယ်ဖျက်သည့်အမည်စာရင်း (၅၀၀) ဦး အနက် (၁၂၈) ဦး

ပြည်ထဲရေးဝန်ကြီးဌာနမှ ပယ်ဖျက်သည့်အမည်စာရင်း (၅၀၀) ဦး အနက် (၃၆) ဦး

ပြည်ထဲရေးဝန်ကြီးဌာနမှ ပယ်ဖျက်သည့်အမည်စာရင်း (၅၀၀) ဦး အနက် (၁၃၂) ဦး

ပြည်ထဲရေးဝန်ကြီးဌာနမှ ပယ်ဖျက်သည့်အမည်စာရင်း (၅၀၀) ဦး အနက် (၁၈၈) ဦး

ပြည်ထဲရေးဝန်ကြီးဌာနမှ ပယ်ဖျက်သည့်အမည်စာရင်း (၅၀၀) ဦး အနက် (၁၆) ဦး

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပယ်ဖျက်သည့်အမည်စာရင်း (၈၁၁) ဦး
 လ၀ကမှ ပယ်ဖျက်သည့်အမည်စာရင်း (၂၀၃)ဦး

လ၀ကစာရင်းမှ ၀န်ကြီးဌာနများ၏ ပယ်ဖျက်ပေးမည့် (၅၆၈)ဦး

နိုင်ငံတော်သမ္မတဦးသိန်းစိန်က အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ကို ပေါင်းစည်း

Posted by drmyochit Friday, August 31, 2012, under | 1 comment


နိုင်ငံတော်သမ္မတဦးသိန်းစိန်က အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ကို ပေါင်းစည်း၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအဖြစ် တစ်ခုထဲသို့ ပြင်ဆင်ဖွဲ့စည်း ရန် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက် ရယူနိုင်ရန် သြဂုတ်လ ၂၉ ရက်စွဲဖြင့် သ၀ဏ်လွှာပေးပို့ထားသည်။ သ၀ဏ်လွှာ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး

စာအမှတ်၊ ၁၀၇(၅)/၈/သမ္မတရုံး ရက်စွဲ၊ ၂၀၁၂ ခုနှစ်၊သြဂုတ်လ ၂၉ ရက်
သို့
နာယက
ပြည်ထောင်စုလွှတ်တော်

အကြောင်းအရာ ။ ။ သ၀ဏ်လွှာပေးပို့ခြင်း

၁။ နိုင်ငံတော်၏ လျှပ်စစ်စွမ်းအင်ဖူလုံရေးအတွက် အမှတ်(၁)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနှင့် အမှတ်(၂)လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနများအဖြစ် တာဝန်ခွဲ၍ ကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်

၂။ လုပ်ငန်းဆိုင်ရာ ကြီးကြပ်ကွပ်ကဲမှု ထိရောက်ကောင်းမွန်ရန်နှင့် ပေါင်းစပ်ညှိနှိုင်းမှု လွယ်ကူစေရန်တို့အတွက် အ ဆိုပါ ၀န်ကြီးဌာနနှစ်ခုအား ပေါင်းစည်း၍ ''လျှပ်စစ်စွမ်းအားဝန်ကြီးဌာန'' အဖြစ် ၀န်ကြီးဌာနတစ်ခုတည်းသို့ ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်လိုပါသည်။

၃။ ပြည်ထောင်စုဝန်ကြီးဌာန နှစ်ခုအားဝန်ကြီးဌာနတစ်ခုတည်းအဖြစ် ပြင်ဆင်ဖွဲ့စည်းနိုင်ရေးအတွက် ဖွဲ့စည်း ပုံအခြေခံဥပဒေပုဒ်မ ၂၀၂၊ ပုဒ်မခွဲ(က)ပါ ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရယူပေး နိုင်ပါရန် သ၀ဏ်လွှာပေးပို့အပ်ပါသည်။

သိန်းစိန်
နိုင်ငံတော်သမ္မတ

စက်တင်ဘာ ၁ရက်နေ့တွင် မိုးသီးဇွန် မြန်မာပြည် ရောက်မည်

Posted by drmyochit Friday, August 31, 2012, under | No comments




လေးစားအပ်ပါသော ရဲဘော်များ မိတ်ဆွေများခင်ဗျားနှုတ်ခွန်းဆက်ပါတယ်။စက်တင်ဘာ ၁ရက် ၊ နံနက် ၈ နာရီမှာ ကျနော် မင်္ဂလာဒုံလေဆိပ်ကိုရောက်ပါမယ်။
သမတဦးသိန်းစိန်အစိုးရတာဝန်ရှိသူများရဲ့ဖိတ်ခေါ်ချက်အရမြန်မာနိင်ငံငြိမ်ချမ်းရေးနဲပြန်လည်
ထူထောင်ရေးတွေအတွက် ကျနော် မြန်မာ ပြည်ကို သွားပါမယ်။ကျနော်နဲ့ အတူ ကိုထွန်းအောင်ကျော်၊ကိုကိုလေး၊ကိုမူးသာ၊ ကိုရင်အေး၊ကိုရွှေစင်၊ ကိုကိုအောင်ကိုအေးမင်းတို့ ပါဝင်မှာဖြစ်ပါတယ်။

ကျနော်တို့ အဓိက ဆွေးနွေးမဲ့ အကြောင်းအရာတွေကတော့ ငြိမ်းချမ်းရေး၊ နိင်ငံရေးအအရ အခြေခံကျသော  ပြုပြင်ပြောင်းလဲရေး၊ တိုင်းပြည်ပြန်လည်ထူထောင်ရေး ၊ ဆင်းရဲမှုတွေမှု၊ အလုပ်လက် မဲ ပြသနာ၊ မြန်မာနိင်ငံသားတိုင်း မိမိနိင်ငံကို ပြန်လည် ထူထောင် ရေးမှာပါဝင်နိင်ရေး လုံခြုံစိတ်ချစွာ ပြန်နိင်ရေး စ တာ တွေ ပါဝင်မှာဖြစ်ပါတယ်။

ဒီလိုဆွေးနွေးမှုတွေဟာကျနော်တိုတိုင်းပြည်ကောင်းစားရေးအတွက်ဖြစ်ပါတယ်။ကျနော်တိုအစွမ်းကုန်ကြိးပန်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။မိတ်ဆွေ တို့ ရဲ့ အားပေးကူညီမှုများ အထူးလိုအပ်ပါတယ်။မိတ်ဆွေတို့ ရဲ့ အကြံညာဏ်တွေကိုလိုပါတယ်။ ဒီမှာကွန်မင့်တွေရေးနိင်ပါတယ်။ကျနော်တို့ အီမေလ်တွေက တဆင့်လည်း ဆက်သွယ်နိင်ပါတယ်။
မိုးသီးဇွန်

ရန်ကုန်-ဒလကြိုးတံတားတည်ဆောက်သွားမည်

Posted by drmyochit Friday, August 31, 2012, under | No comments





ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန်- ဒလ ကြိုးတံတားကို တည်ဆောက် သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့၊ ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်း တွင် ကျင်းပခဲ့သော လမ်းပန်း ဆက်သွယ်ရေးနှင့်ဖွံ့ဖြိုးတိုးတက် ရေး အလုပ်ရုံဆွေးနွေးပွဲမှ သိရှိ ရသည်။

ရန်ကုန်-ဒလကြိုးတံတားမှာ ခန့်မှန်းပေ(၂၇၀၀)ရှည်လျားမည် ဖြစ်ပြီး၊ကြိုးတံတားတည်ဆောက် ပြီးစီးသွားပါက ရန်ကုန်မြို့နှင့် ဒလ မြို့တို့ကို အချိန်တိုတောင်းစွာဖြင့် သွားလာနိုင်မည်ဖြစ်သည်။


နိုင်ငံခြားအကူအညီများဖြင့် ရန်ကုန်မြို့တော်အတွင်း တည် ဆောက်သွားမည့် တံတားများမှာ ရန်ကုန်-ဒလကြိုးတံတားအပါ အ၀င်၊ခန့်မှန်းပေအရှည်(၁၉၇၀) ရှိ လှိုင်မြစ်ကူးတံတား၊ပေအရှည် (၉၀၀)ရှိ ၀ါးတစ်ရာတံတားတို့ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။


ငမိုးရိပ်ချောင်းကိုဖြတ်ကျော် ၍ ပုဇွန်တော်မြို့နယ်နှင့်ဒေါပုံ မြို့ နယ်တို့ကိုဆက်သွယ်ဖောက်လုပ် ထားသည့် သာကေတသံပေါင် တံတားအစား တံတားတစ်စင်းကို သာကေတမြို့နယ် သုမနလမ်းမ ကြီးနှင့်ဇင်္ဂမလမ်းမကြီးတို့အကြား ၌ အူလမ်းကြောင်းအဖြစ်လျာ ထားဆောက်လုပ်သွားမည်ဖြစ် ကြောင်းလည်း သိရှိရသည်။



ရော်နယ်အောင်နိုင် နှင့် စမားညီညီတို့ ပြောတဲ့ ABSDF (မြောက်ပိုင်း) ကိစ္စ

Posted by drmyochit Friday, August 31, 2012, under | No comments




From : အေးချမ်းဟိန်×မင်းမင်းလတ်(မြစ်မခ)

ABSDFအဖွဲ့လက်နက်ကိုင်အဖွဲ့အစည်းအား ၁၉၈၈ခုနှစ်လူထုအုံကြွမှုဖြစ်ပွားပြီးနောက် နယ်စပ်သို့ ရောက်ရှိလာကြသည့် တိုင်းရင်း သားပေါင်းစုံပါ ၀င်သည့် ကျောင်းသားလူငယ်များဖြင့် ၄င်းနှစ်နိုဝင်ဘာလ(၁)ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

မကဒတ (မြောက်ပိုင်း) ဒေသတွင် ဖြစ်ပွားခဲ့သော သွေးထွက်သံယိုဖြစ်မှုအပါအ၀င်ကိစ္စရပ်များ စုံစမ်း ဖော်ထုတ်မှုကို ၂၀၁၃ ခုနှစ် မေလတွင်အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသား များဒီမိုကရက်တစ်တပ်ဦး(ABSDF)အဖွဲ့ကတာဝန်ပေးအပ် ထားသည့် အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့ကကြေညာချက်ထုတ်ပြန်သည်။

အဆိုပါ အမှန်တရားဖော်ထုတ်မည့် လုပ်ငန်းစဉ်အချိန်မီအောင်မြင်စွာအကောင်အထည် ဖော်နိုင်ရန် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ တွင်နေထိုင်လျက်ရှိသော မကဒတ ရဲဘော်ဟောင်းများ၊ သက်ဆိုင်သူ များနှင့်အမှန်တရားနှင့်တရားမျှတ မှုကို မြတ်နိုးသူများကိုလည်းပူးပေါင်းဆောင်ရွက်နိုင်ကြောင်း ဖိတ်ခေါ်ခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)အဖွဲ့အနေဖြင့်လူပြောများနေသည့် ၁၉၉၀၀န်းကျင်ကာလက အကြောင်းအရာများကိုစုံစမ်းဖော်ထုတ်ပြီး တရားမျှတမှုစွာ အမှန်တရား ပေါ်ထွန်းရေးအတွက်အမှန်တရားနှင့် တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့ကို မတ်လ(၇)ရက်နေ့ ကကြေညာချက်ထုတ်ပြန် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါလုပ်ငန်းအဖွဲ့အား ၂၀၁၂ခုနှစ် နှစ်ဆန်းပိုင်းကတည်းက ဖွဲ့စည်းရန်စတင်ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း ‘အမှန်တရားဖော် ထုတ်ဖို့အတွက်အဖွဲ့အတွင်းမှာလည်း လွန်ခဲ့တဲ့တစ်လလောက်က တည်းက ပြင်ဆင်နေတယ်လို့ သိရတယ်၊ ‘ဟု ABSDF၏ အတွင်း ရေးမှူးဟောင်းတစ်ဦးဖြစ်သည့် ဦးရော်နယ်အောင်နိုင်နှင့်တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။

အေးချမ်းဟိန် (ACH)။ ။ ဖေ့ဘွတ်စာမျက်နှာတွေပေါ်မှာတွေ့နေရတာနဲ့ပတ်သက်လို့ မီဒီယာတွေကိုအစ်ကို့အနေနဲ့ အင်တာ ဗျူးပေးတာမျိုး မတွေ့ရဘူးနော်၊ နောက်ဖေ့ဘွတ်မှာလည်းဘာဖြစ်လို့ပြန်မပြောတာလဲခင်ဗျ။


ရော်နယ်အောင်နိုင်(AN)။ ။ မီဒီယာတွေက မမေးလို့ ပါ။ ဖေ့ဘွတ်မှာတော့ ဒီအကြောင်းပြန်မပြောတော့ဘူး၊ ဘာဖြစ်လို့ လည်းဆိုတော့ ပြန်ပြောရင့် ရပ်တော့မှာမဟုတ်ဘူး၊ မနေ့ကတောင် RFAကလား၊ VOAကလားမသိဘူး မေးသေးတယ်၊


ACH ။ ။ ၁၉၉၀၀န်းကျင်ဖြစ်က အကို ABSDF အထွေထွေအတွင်းရေးမှူး ဘ၀တုန်းက
ဖြစ်ခဲ့တဲ့ အဖြစ်အပျက်နဲ့ ပတ်သက်လို့ ပြန်ပြောပြပါလင်းခင်ဗျ။


AN။ ။ အဲ့ဒီပြသာနာက ၁၉၉၁၊ေ၉၉၂ တုန်းကဖြစ်တာ၊ ကျွန်တော်က အဲ့တုန်းကABSDFမှာ အထွေ ထွေအတွင်းရေးမှူးတာဝန်ယူတဲ့အချိန်မှာ ကျွန်တော်တို့ဘက်မှာသူသျိုဝင်တယ်လို့ ယူဆနိုင်တဲ့အတွက် အဲ့ဒါကို ဖော်ထုတ်ပေးတယ်၊ယုံကြည်ရတဲ့သူတွေ အဖွဲ့အစည်းတွေနဲ့အပြစ်ပေးခဲ့တယ်၊
အဖွဲ့အစည်းတွေရဲ့လုပ်ထုံးလုပ်နည်းအရ တစ်ဘက်မှာ ပြောစရာရှိတာကတော့စစ်ကြောရေးပဲ၊ ဘယ်သူမှလည်း စစ်ကြောရေးသင်တန်း တတ်ထားတာမဟုတ်ဘူး၊အဲ့ဒီလိုအခြေအနေတွေရှိတယ်၊ အဲ့ဒီတုန်းက ကျွန်တော်တို့က လည်းအထူးသဖြင့်သတိတော့ထားပါတယ်၊


ACH ။ ။ ဖြစ်ခဲ့တဲ့ပြသာနာအသေးစိတ်ကို ပြောပြလို့ရနိုင်မလားခင်ဗျ။

AN။ ။ကျွန်တော်တို့ ကချင်မှာ နေကြရတဲ့အချိန်မှာ စစ်အစိုးရကဆန်ဂိုထောင်တွေကို ထိုးစစ်ဝင် ၀င်ထိုးတယ်၊ ဆန်ဂိုထောင်တွေပါသွားပြီဆိုရင်ကျွန်တော်တို့ ဘက်ကရှုံးတယ်၊ ရှေ့တန်းမှာဆန်စားပြတ်ပြီဆိုရင် ရဲဘော်တွေကျတယ်၊ အဲ့ဒီတုန်းက အမြဲဖြစ်တယ်၊တစ်ဘက်ကလည်း ABSDFမြောက်ပိုင်းက ဒီဘက်နဲ့ မတူတာက တစ်ဘက်မှာရာဂဏန်းနည်းနည်းလောက်ရောက်သွားတယ်၊ ပြီးတော့မှ ဖြေးဖြေးချင်းပြန်စုတာ၊အဲ့ဒီမှာ UGလမ်းကြောင်းက အရမ်းအားကောင်းပြီး အောင်မြင်တယ်၊တစ်လကို
၃ခေါက်၊၄ခေါက်တတ်တာတောင် အဖမ်းအဆီးအနာအဆာမရှိဆိုတော့ ကျွန်တော်တို့နည်းနည်းသံသယဖြစ်လာတယ်၊ အဲ့ဒီမှာ ဖြစ်ချင်တော့ ကျွန်တော်တို့ထဲကတစ်ယောက်က ထွက်ပြေးတယ်၊ သူ့ဆီကနေစာလာတယ်၊ အဲ့ဒီတုန်းကကျွန်တော်တို့ဆီမှာရှိတဲ့ ထောက်လှမ်းရေးတပ်ဖွဲ့က အရေးယူဆောင်ရွက်တယ်၊ထွက်ချက်တွေ ပြန်ယူပြန်ဆက်စပ်ပြီး ထောက်လှမ်းရေးမှာ နာမည်ထွက်တဲ့သူတွေကအများကြီးဖြစ်နေတယ်၊ ကျွန်တော်တို့လည်း သေချာအောင်ပြန်လုပ်တယ်၊
နောက်ဆုံးတော့ လူ(၈၀)လောက်ထွက်လာတယ်၊ အဲ့ဒီအထဲမှာမှ သေချာတယ်အဖွဲ့အစည်းနဲ့ပတ်သက်လို့လုပ်ရပ်တွေအရ စည်းမျဥ်းစည်းကမ်းအရသေဒဏ်ပေးသင့်တယ်ဆိုတဲ့သူတွေကိုမြောက်ပိုင်းဗဟိုကော်မတီအစည်းဝေး ကနေပြီးတော့ သေဒဏ်ပေးခဲ့ တယ်၊လူ(၁၅)ယောက်လောက်ကို၊ ကျန်တဲ့သူတွေက ဟုတ်ချင်ဟုတ်မယ် မဟုတ် ချင်မဟုတ်ဘူးသံသယဖြစ်စရာရှိတယ်၊ ဥပဒေအရကြည့်မယ်ဆိုရင်တော့သူတို့မှာ အပြစ်မရှိဘူးပေါ့၊ ကျန်တဲ့သူတွေကိုထိမ်းထားရင်းနဲ့သူတို့ထွက်ပြေးသွားတယ်၊ ထွက်ပြေးတော့ တောထဲကနေထွက်ပြေးရတယ်ဆိုတာ ခက်ပါတယ်၊ စခန်းကနယ်စပ်မှာထွက်ပြေးတဲ့အချိန်မှာ အစိုးရရဲ့အစီစဉ်နဲ့ တရုတ်ကလာကြိုပေးတယ်ဆိုတော့အစီစဉ်တကျထွက်ပြေးတယ်ဆိုတဲ့ ပုံစံမျိုးဖြစ်တာပေါ့နော်၊ သူ့တို့အားလုံးကိုသူလှိုဖြစ်တယ်လို့ ပြောချင်တာမဟုတ်ဘူး၊ ပါနိုင်တယ်၊


ACH ။ ။ အဲ့ဒီတုန်းက စစ်အစိုးရနဲ့ ဗဟိုဋ္ဌာနချုပ်ရဲ့အခြေအနေလေးလည်းအများသိအောင်ပြောပေးပါဦး။


AN ။ ။ အစိုးရဘက်ကလည်းအဲ့ဒီတုန်းက ကျောင်းသားတွေကို ကူမယ်ကယ်မယ်ဆိုတဲ့ဆနမျိုး ရှိတာတော့ မဟုတ်ဘူး၊ နောက်ဗဟိုကလည်း သူလှိုတွေအဲ့ဒီလောက်အများကြီးဖြစ်နိုင်ပါ့မလား သံသယရှိတယ်၊ ဒီဘက်မှာ
ကံကောင်းချင်တော့ ကျွန်တော်တို့ဘက်က ကိုယ်စားလှယ်အနေနဲ့လွှတ်ထားတဲ့သူတစ်ယောက်ပါတယ်၊ သူက အခုမြန်မာပြည်ထဲမှာ၊ သူ့ကို ဒီဘက်မှာ ABSDFဗဟိုကိုဖမ်းပေးပါ၊ကြည့်ပေးပါလို့ ကျွန်တော်အဲ့ဒီလောက် ပဲပြောလိုက်တယ်၊ သူ့ကိုဒီဘက်ကနေ ဖဖ်းတယ်၊စစ်တယ်၊ သူ့ထွက်ချက်တွေနဲ့ ဒီဘက်ကထွက်ချက်တွေသွားတူတယ်၊ မတူရင်ဗဟိုက ပြသာနာ၇ှိနိုင်တယ်၊ တူသွားတာက တော်တော်လေးခိုင်ခိုင်လုံလုံဖြစ်သွားတယ်လို့ ပြောလို့ရတယ်။

ACH ။ ။ အခုလိုနှစ်ပေါင်းများစွာကြာပြီးမှ ဒီကိစ္စကိုပြန်ဖော်ထုတ်တာနဲ့ပတ်သက်လို့ ပုဂိံ္ဂုလ်ရေးရာ တိုက်ခိုက် မှုလို့ပြောလို့ရမလား၊


AN ။ ။ ကျွန်တော်က ပုဂိံ္ဂုလ်ရေးရာ တိုက်ခိုက်မှုလို့တော့ မထင်ဘူး၊နိုင်ငံရေးပါနိုင်တယ်။ နိုင်ငံရေး ရည်ရွယ် ချက်တွေရှိကောင်း၇ှိနိုင်မယ်လို့ ထင်တယ်၊



ACH။ ။ တိတိကျကျပြောရရင် ဘယ်လိုမျိုးလဲ ခင်ဗျ။

AN။ ။ ပွင့်ပွင့်လင်းလင်းပြောရရင် အခုဟာက မြန်မာနိုင်ငံကိုအိမ်ပြန်ချိန်လို ဖြစ်နေတယ်၊ ABSDFလည်း တချိန်ချိန်မှာ အိမ်ပြန်ရမှာပဲ၊တကယ်တမ်း စွန့်လွတ်အနစ်နာခံတိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်တွေ ဖြစ်တယ်၊တစ်ချို့လူတွေက ၈လေးလုံး မျိုးဆက်တွေလို လူချစ်လူခင်များတဲ့အဖွဲ့တစ်ခုထပ်မ၇ှိစေချင်ဘူးလား၊ ABSDFကို သိက္ခာချချင်လို့လား၊အဖွဲ့နဲ့အတူပူးပေါင်းခဲ့တဲ့ သူတွေကို တစုံတရာ ထိခိုက်စေချင်လို့လားအဲ့ဒီလိုရည်ရွယ်ချက်မျိုးတွေ ဖြစ်နိုင်သလား ကျွန်တော်စဉ်းစားမိတယ်၊



ACH ။ ။ အိမ်ပြန်ချိန်ဆိုတော့ ABSDF က ကိုယ့်အိမ်ကိုယ်ပြန်ဝင်မယ့်အဖွဲ့ဝင်တွေရဲ့ စိတ်ထဲမှာ ဘယ်လိုသဘောထားမျိုးတွေ ရှိနိုင်မလဲခင်ဗျ။


AN ။ ။ ABကျောင်းသားတွေရဲ့ သဘောထားက တိုင်းပြည်ကောင်းရင်တော့ပြန်ဝင်မှာပေါ့၊ ABSDFက ကျွန်တော်တို့ ပါဝင်ဖြတ်သန်းသလောက်ဆိုဒီမိုကရေစီအရေး၊လူ့အခွင့်အရေးနဲ့ ပြည်ထောင်စုတည်ဆောက်ရေး အဲ့ဒီအချက်တွေသာပြည်တွင်းမှာ ခိုင်မာမယ်ဆိုရင် သူတို့ အိမ်ပြန်ကြမှာပါ၊ အဲ့ဒီ(၃)ချက်မခိုင်သေးဘူးဆိုရင်တော့ သူတို့ပြန်ကြမယ် မထင်ဘူး၊


ACH ။ ။ အိမ်ပြန်မယ်ဆိုတဲ့ကျောင်းသားအဖွဲ့တွေရဲ့စိတ်ထဲမှာအချိန်ကာလသတ်မှတ်ချက်ဆိုတာနဲ့ ပတ်သက်လို့ တိုင်းတာမယ့်စံနှုန်းများရှိသေးလားခင်ဗျ။


AN ။ ။ အချိန်ဆိုတာထက် မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေးတိုးတက်သွားပြီလား၊ ပါလီမန်ထဲမှာ ရွေးကောက်ခံမဟုတ်ပဲနဲ့စစ် သားလေးပုံတစ်ပုံပါနေတယ်၊ အဲ့ဒါမျိုးက ဒီမိုကရေစီလို့ခေါ်လို့ရလား၊စစ်တပ်အတွက် တစုံတရာ အာမခံချက်မလိုဘူးလားဆိုတော့ လိုတယ်၊ ရှိတယ်၊ဒါပေမယ့်တစ်ချိန်ချိန်မှာ လျော့သွားမယ်ဆိုတဲ့သတ်မှတ်ချက်မျိုးဥပမာပြောတာပါ၊ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ မီဒီယာအခွင့်အရေးအတွက်အာမခံချက်ရှိပြီလား၊ နောက် လက်ရှိ ၇ှိပြီးသားဥပဒေတွေကဖိနှိပ်တာတွေအများကြီးရှိတယ်၊ အဲ့တော့ အာမခံချက်ရှိတဲ့ဥပဒေတွေတည်ဆောက်မယ်၊ အဓိကက တိုင်းရင်းသား ပြသာနာ၊ ABSDFကတိုင်းရင်းသားတွေနဲ့နီးစပ်တော့ တိုင်းရင်းသားတွေအပေါ် နားလည်တဲ့ခံစားချက်နဲ့ လိုအပ်ချက်တွေကိုနားလည်နိုင်ရင် ၊တိုင်းရင်းသားပြသာနာမပြီးရင်၊ ပြည်တွင်းစစ်မပြီးဘူး၊ပြည်တွင်းစစ်မပြီးရင် တိုင်းရင်းသားပြသာနာမပြီးဘူး၊ အဲ့တော့တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပြသာနာ အထူးသဖြင့်တော့ ၂၀၀၈ဖွဲ့စည်းပုံကိုကျော်တဲ့ နိုင်ငံရေးအရနားလည်မှုမျိုးလိုအပ်မယ်လို့ထင်ပါတယ်။


ACH ။ ။ နယ်စပ်မှာ အခြေစိုက်တဲ့ မြန်မာလူမျိုးတော်တော်များများကိုယ့်ပြည်တွင်းကို ပြန်လာချင်တဲ့ စိတ် ရှိကြသလား ။


AN ။ ။ နယ်စပ်မှာ အခြေစိုက်တဲ့လူတော်တော်များများကတော့ပြန်ကြမယ်ထင်ပါတယ်၊ သူတို့မှာ သွားစရာမှ မရှိတာ။

ဦးရော်နယ်အောင်နိုင်အား တွေ့ဆုံးမေးမြန်းဖြစ်ခဲ့ပြီးနောက်အစိုးရသစ်လက်ထက်အထိ ရေငုံနှုတ် ပိတ်နေခဲ့ရသောABSDFမြေပေါ်စည်း ရုံးရေးတာဝန်ခံ တစ်ဦးဖြစ်ခဲ့သူ GTI ကျောင်းသားထွန်းအောင်ကျော်နှင့် ကိုချိုကြီးတို့၏ သူငယ်ချင်းတစ်ဦးဖြစ်သည့်မန္တလေးမြို့တွင် နေထိုင်သည့် စမားညီညီကိုလည်းဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါသည်။


စမားညီညီ



မင်းမင်းလတ် (MML)။ ။ နှစ်ပေါင်း(၂၀)ကျော်မျိုသိပ်ခဲ့ကြပြီးမှ(၁၂)ရက်နေ့ကြမှ အားလုံးစုပြီးပြန်လုပ်ကြမယ်ဆိုတဲ့ အစီအစဉ်ကဘယ်လိုစိတ်ကူးတွေနဲ့ဒီအစီအစဉ်ကို အကောင်ထည်ဖော်မိကြတာလဲ။

စမားညီညီ(NN) ။ ။ ဒီမေးခွန်းကိုမေးတဲ့ အတွက်ကျေးဇူးပါပဲ ၊ ဘာဖြစ်လို့လဲဆိုရင်ဒီနှစ်(၂၀)ကျော်ကြီးအရင်က နေပြီးတော့မှ မကြုံဘူး မကြားဘူးတဲ့ပုံသဏ္ဍာန်ကြီးနှိပ်စက်ခံလာခဲ့ရတယ် ၊ခံလာပြီးပြန်လာတဲ့အချိန်မှာမြို့ပေါ် မှာရောက်တော့လဲနေရာ အသီးသီကနေပြီးတော့မှ ထောက်လှန်းရေးတွေ ပါဆိုပြီးဝိုင်းအပယ်ခံရဘူးတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဖွင့်ပြောလိုက်လို့ရှိရင်ဒီတော်လှန်ရေးကြီးက တစ်နေရာကနေထိခိုက်သွားမယ် ၊ ကျောင်းသားလှုပ်ရှားမှုတွေ၊ ကျောင်းသားကိုနိုင် ငံတကာကဖြစ်စေ အထင်မြင်သေးသွားမယ်ဆိုတဲ့ အသိတရားတွေနဲ့ ၊ ဒါကတော့ လုပ်သွားတဲ့ လူတွေက လူတစ်စု ၊မကောင်းတဲ့လူတစ်စုကလုပ်သွားတာ ၊ ကျွန်တော်တို့ အနေနဲ့ကတော့နဂိုရည်မှန်းချက်အတိုင်း တော်လှန်ရေးအပေါ်မှာ သစ္စာရှိရမယ်လို့ယုံကြည်ပြီးတော့မှ တို့အားလုံးက မတိုင်ပင်ပဲနဲ့ ပါးစပ်ပိတ်နေကြတာ။ခုသမ္မတအစိုးရလက်ထက်ရောက်တဲ့အခါ သမ္မတအစိုးရကလဲ အပြင်ရောက်တဲ့သူကိုပြန်ဝင်ခွင့်ပေးတယ် ၊ အပြစ်ရှိသူကို အပြစ်ရှိသလိုခံရမယ်လို့ ပြောတယ် ၊
နောက်ပြီး နိုင်ငံရေးအရလဲပွင့်လင်းမှုတွေအတိုင်းအတာတစ်ခုထိရှိလာတဲ့အချိန်မှာ ဒီအချိန်က တော့ ပြောလို့ရပြီ ၊ပြောသင့်ပြီ ဒီအချိန်မှ တို့မပြောတော့ဘူးဆိုရင် အတူတူသွားပြီးတော့မှအသက်ပေးခဲ့ရတဲ့ သူငယ်ချင်းတွေ ဥပမာ ထွန်းအောင်ကျော်ဆိုလို့ရှိရင်ကျွန်တော်နဲ့ ၁၉၈၅လောက်ကတည်းက ရင်းနှီးပြီး သီချင်းတွေအတူရေးကြစပ်ကြတီးကြဆိုကြ နေလာခဲ့ကြတာ ၊ ထွန်းအောင်ကျော်ရဲ့အကိုဝမ်းကွဲ
ကိုချိုကြီးဆိုရင် ၁၉၇၅ကတည်းက ခင်ခဲ့တာ ၊ တက္ကသိုလ်တက်တော့ဓါတုဗေဒပထမနှစ်မှာကတည်းက တစ်တန်းတည်းအတူ နေခဲ့ရတယ် ၊ အင်မတန်မှရင်းနှီးတဲ့ ညီအကိုသူငယ်ချင်းတွေဖြစ်တယ်။ ဒီသူငယ်ချင်းတွေကလဲ မသေခင်မှာနောက်ဆုံးအချိန်မှာ သူတို့သမိုင်းကိုတော့ မသေခင်ဖေါ်ထုတ်ပေးပါ ၊ကိုညီဖြစ်အောင်လုပ်ပါဗျာဆိုပြီး ပြောခဲ့တယ်။ နောက်ပြီးတော့မမှာခဲ့နိုင်ပေမဲ့ ဒီထဲမှာ အသက်ပေးသွားခဲ့တဲ့ဘ၀ပေးသွားခဲ့တဲ့သူတွေအတွက်ဒီနေ့လုပ်ဖြစ်တာဖြစ်တယ်။

MML ။ ။ ဒီ(၁၂)ရက်နေ့ပွဲမှာ အသက်ရှင်ပြီး ကျန်နေခဲ့တဲ့သူတွေက အဲဒီတုန်းက
ဖြစ်ခဲ့ခံခဲ့ရတဲ့ဟာတွေ ကိုရော ဘယ်သူဟာလက်သည်တရားခံအစစ်ပါလို့ဖွင့်ချသွားဖို့ အစီအစဉ်ရှိလား။


NN ။ ။ လက်သည် တရားခံအစစ်ဆိုတာက ဖွင့်ချမှာပါ၊ဘာလို့လဲဆိုတော့ မျိုသိပ်ထားရတာကြာပြီ ဆိုတော့ဖွင့်မချပါနဲ့ပြောလဲမရပါဘူး ဖွင့်ချမှာပါ။ ဖွင့်ချပေမဲ့ဒီကိစ္စကအဲဒီအဖမ်းဆီးခံခဲ့တဲ့ အခြေနေမျိုးပြန်တွေး
ပေးစေခြင်တယ် ၊ အဲဒီအခြေအနေတုန်းက ကျနော်တို့အားလုံးက ထိပ်တုံးထဲမှာနေရင်နေရတယ် ၊ မနေရရင် လည်း သံကြိုးချည်ခံထားရတယ် ၊ လမ်းလျှောက်ရင်ခေါင်းငုံ့လျှောက်ရတယ် ၊ အချုပ်ခန်းထဲထည့်လိုက်ပြီဆိုရင် မျက်စိအ၀တ် စည်းထားတယ် ၊ တစ်ယောက်နဲ့တစ်ယောက်စကားပြောခွင့်မရှိဘူး၊ အဲဒီတော့ ကျွန်တော်တို့မှာက သတင်းတွေကအကန့်အသတ်ဖြစ်နေတယ်၊ ကိုယ်တိုင်ကြုံခဲ့ရတာတောင်မှ နောက်တစ်ယောက်ဘာဖြစ်နေတယ်ဆိုတာ အတိအကျသိနိုင်ဖို့ နည်းနည်းခဲယဉ်းတယ် ၊ အကြားတွေနဲ့ပဲ
သိရတာတွေရှိတယ်။ တစ်ယောက်ခြင်းကတော့ ကိုယ့်အတွေ့အကြုံကို သိကြတယ်အဲဒါကြီးကိုပြန်စုစည်းမိဖို့ဆိုတာကြီးက ကျွန်တော်တို့စုစည်းပြီးလုပ်ကြမှဖြစ်မှာ ၊ကိုယ်နဲ့ ပတ်သတ်လို့ ဘယ်သူနှိပ်စက် တယ် ဘယ်သူလုပ်ခဲ့တယ်ဆိုတာအားလုံးကိုပြောနိုင်တဲ့ ၊ အဲလိုပဲ အထဲထဲမျာပါတဲ့ တစ်ယောက်ချင်းကိစ္စတွေပြောမှာပါပဲ ၊ ပြောပေမဲ့လဲ ဒါတွေအားလုံးက တရားခံတွေအားလုံးက ဘယ်လိုကနေဘယ်လိုစုစည်းပြီး ဘယ်လို လုပ်တယ်ဆိုတာ ကောက်ချက်ချဖို့ဆိုတာတော်တော်လေးစောသေးတယ် ၊ ဒါပေမဲ့သေချာတာ တစ်ခုက ဒီနေ့ Facebookပေါ်မှာတက်နေတဲ့ အများသိတာထက်က ပိုပြီးနက်ရှိုင်းတဲ့နေရာကနေလာတဲ့ကိစ္စဖြစ်တယ်ဆိုတာ ပြောနိုင်တယ် ၊ ဒါလေးကိုလဲ မကြာခင်မှာအားလုံးသိနိုင်ဖို့ ဖွင့်ချသွားမှာပါ။ ဒီနေရာမှာပြောခြင်တာက ဖွင့်ချတဲ့
အချိန်မှာ လူတွေကိုစွပ်စွဲရပြီဆိုရင် မကောင်းတဲ့သူတွေကိုစွပ်စွဲတာဖြစ်တယ် ၊ သူတို့ရဲ့ နေထိုင်တဲ့ နေရာဒေသ၊ သူတို့ပါဝင်တဲ့အဖွဲ့အစည်း ၊ ဒါတွေဘယ်လိုမှမပါဘူး ၊ မကောင်းတဲ့သူတွေကိုစွပ်စွဲတာဖြစ်တယ်။ ဒါတော့ နားလည်ပေးကြပါ။



MML ။ ။ စွပ်စွဲတဲ့အခါမှာရောအကို့အနေနဲ့ ဘာလိုစွပ်စွဲပြီးဘာတွေလုပ်ဆောင်သွားဖို့ အစီအစဉ်ရှိလဲ။


NN ။ ။ ပထမအဆင့်အနေနဲ့ ဒီကိစ္စကအညိုရောင်နယ်မြေမှာဖြစ်ခဲ့တာဆိုတော့ လက်ရှိဥပဒေအရ ဆိုရင်တိုက်ရိုက်တရား စွဲဆိုဖို့ရနိုင်တဲ့အခြေအနေမှာ ရှိခြင်မှ ရှိမယ်။ကျနော်မသိတာလဲဖြစ်နိုင်တယ်လေ ၊ ရရင်လဲရမှာပေါ့ ၊ ဒါပေမဲ့ဘာစဉ်းစားထားလဲဆိုတော့ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီးတော့ နောက်ကျနော့်အတွေ့အကြုံနဲ့ပတ်သတ်ပြီးတော့ စာအုပ်ရေးထားတာရှိတယ်။အဲဒီစာအုပ်ကို နိုင်ငံတကာ မှာဖြန့်ပြီးတော့အကူအညီတောင်းပြီးလုပ်ဆောင်သွားဖို့ စဉ်းစားထားတာရှိတယ်။အဲဒါတွေအားလုံးကို လူ့အခွင့်အရေးကို တင်ပြတိုင်တန်းပြီးတဲ့အခါ ဒီဟာကိုတရားစွဲဆိုဖို့ကော်မတီတစ်ရပ်ဖွဲ့ပြီးတော့ တရားဝင် လုပ်မှာဖြစ်ပါတယ်။

MML ။ ။ အကိုတို့ အဲဒီတုန်းကတောထဲကို ထွက်သွားတယ်ဆိုတာကမြို့ပေါ်မှာဖြစ်ပျက်နေတဲ့ မတရားမှုတွေကို လက်မခံခြင်လို့၊အရေးအခင်းတွေမှာလူသတ်ပွဲတွေဖြစ်နေတာ လက်မံခြင်လို့ အကိုတို့တောထဲကိုထွက်သွားတယ် ၊ တောထဲရောက်မှ အချင်းချင်း ဒီလိုဖြစ်သွားတာကိုအကို့အနေနဲ့ ဘယ်လို ပြောမလဲ ။

NN ။ ။ အမှန်တိုင်းပြောရရင်တော့ ကျောင်းသားတွေတောခိုသွားတဲ့အချိန်မှာမျိုးချစ်စိတ်တစ်ခု တည်း ၊ နိုင်ငံချစ်စိတ် တစ်ခုတည်းနဲ့ တောခိုသွားကြတာ ၊အားလုံးဘက်စုံပြင်ဆင်မှု ဘ၀အတွေ့အကြုံ နည်းပါတယ်။ အဲဒီအခါရောက်တော့ မှန်ကန်တဲ့ဘက်မှာရပ်တဲ့ ကျောင်းသားတွေ အနေနဲ့ကလည်း မှန်မှန် ကန်ကန်တွေးခေါ်နိုင်စွမ်းတွေချို့တဲ့တာတွေ့ရတယ်။ တစ်ခါတဖက်မှာရောက်တော့ဒီမိုကရေစီနဲ့ အမျိုးသား နိုင်ငံရေးဆိုတဲ့ပုံသဏ္ဍာန်ကိုသွေ ဖည်ပြီးတော့မှမိမိအ ရပ်ဒေသအတွက် ဒေသတစ်ခုအတွက် လုပ်ကြမယ်ဆိုတဲ့ဦးတည်ချက်နဲ့လာတဲ့သူတွေဟာ ကြိုတင်စီမံပြီးတော့လုပ်ကြံမှုတစ်ခုလုပ်လိုက်တဲ့အချိန်မှာ ကျောင်းသားတွေ အားလုံးမရှုမလှခံလိုက်ကြရတာဖြစ်တယ်။


MML ။ ။ ကြိုတင်စီမံမှုနဲ့ လုပ်ကြံမှုကိုလုပ်တယ်ဆိုတော့အကိုကအဲဒီဟာကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ပြီး ပြောခြင်တာလဲ။

NN ။ ။ ဒီကိစ္စက မျိုးဝင်းနဲ့သံချောင်းနဲ့ အပေါင်းအပါတွေက ခုနကကျွန်တော် ပြောထားတယ်နော် ၊ ဒေသတစ်ခုလုံးကိုစွပ်စွဲတာ မဟုတ်ဘူး၊မျိုးဝင်းနဲ့သံချောင်းနဲ့ဆိုတဲ့အဖွဲ့က မိုးညှင်း မိုးကောင်း နမ္မားဒေသကိုအခြေခံပြီးတော့မှ အဲဒီဒေသမှာ သူတို့ စစ်ဘုရင်လေးတွေဖြစ်ခြင်တယ် ၊သူတို့နယ်မြေမှာ သူတို့အုပ်ချုပ်ပြီးတဲ့ အခါရောက်တော့သူတို့ချုပ်ကိုင်ပြီးနေခြင်တဲ့အလိုလောဘနဲ့ ရမ္မက်ကြောင့် လုပ်ကြတာဖြစ်တယ်။အဲဒီတော့ ဒီစကားကိုပြန်ကောက်ရရင် ဒေသတစ်ခုလုံးကို စော်ကားတာမဟုတ်ဘူးဆိုတာ ဘာလို့ပြောတာ လဲဆိုရင် ဥပမာ အားဖြင့် သံချောင်းရဲ့အမေဟာသံချောင်းဒီလိုမဟုတ်တာတွေလုပ်တဲ့အချိန်မှာ လူထုအစည်းအဝေးပွဲမှာဒီသားဒီလိုမျိုးဖြစ်ခဲ့မယ်ဆိုရင် မွေးတုန်းက သတ်ပစ်ခဲ့ပါတယ် ၊ဒါဝမ်းရည်စပ်တဲ့ သားပါဆိုပြီးတော့ သံချောင်းရဲ့ မိခင်ကဒီလိုဆိုးယုတ်မှုတွေကို လက်သင့်မခံဘူးဆိုပြီးတော့ ကျွန်တော်မှာသက်သေအထောက်အထားရှိပါတယ်။

MML ။ ။ ဘယ်တုန်းက ပြောသွားခဲ့တာလဲ။


NN ။ ။ သံချောင်းကိုပြန်ပြီးအစိုးရကဖမ်းမိပြီးနောက်ပိုင်းပြောသွားတာပါ။

MML ။ ။ ခုအင်တာနက်စာမျက်နှာတွေပေါ်မှာထွက်လာတာက ဟိုအရင်ကဟာပါ ၊ရော်နယ်အောင်နိုင်နဲ့ အင်တာဗျူးဆိုပြီးတော့ ထွက်လာတယ် ၊ ထွက်လာတဲ့အခါမှာသူတို့ဖက်ကလဲ လက်ရှိ အချိန်ထိကို သူလျှိုဖြစ်ပါတယ်လို့အခိုင်အမာပြောနေတုန်းပဲပေါ့နော် ၊ အဲဒီဟာကိုရော အကို့အနေနဲ့ဘာပြောခြင်လဲ။


NN ။ ။ သူတို့မှာ ဒီစကားကလွဲလို့ ဒီပြင့်ဘာစကားမှ ပြောစရာမှမရှိပဲ ဒါပဲပြောရမှာပေါ့၊ အဲဒီတော့ ရော်နယ်အောင်နိုင် ကိုပြောလိုက်ပါ ၊ကျွန်တော်စစ်ခံထားရတဲ့ဖိုင် သူ့ဆီမှာရှိပါတယ်လို့ပြောပါတယ် ၊အဲဒီဖိုင်ကိုကျွန်တော်ကို ပြန်မပေးပါနဲ့ ၊ ဒီမန္တလေးမြို့လယ်ခေါင်မှာ ချပြလိုက်ပါ ၊ဘာလဲဆိုတာ သိသွားမယ် ၊ ကိုယ်ခံခဲ့ရ တဲ့ ကိစ္စကိုသိတယ်၊ စစ်တုန်းက သူတို့ကရိုက်နှက်ပြီးတော့မှ ၀န်ခံခိုင်းပါတယ်။ ပြောပြီးသား စကားကို ပြန်ပြောရမယ်၊ ပြန်ပြောလို့လွဲတယ်ဆိုရင် ရိုက်တယ် ၊ ဘယ်လိုပြောရလဲ ဆိုရင်မှတ်မိအောင်လို့ ကိုယ့်ဘ၀အစစ်အမှန်ထဲက အဖြစ်အပျက်တွေကို နာမည်တွေတပ်ပြီး
အဖြစ်အပျက်လွဲပြီး ဥပမာဗျာကျွန်တော်နဲ့အတူသင်တန်းတက်ရတဲ့သူတွေ အကြောင်းပြောမယ်ဆိုရင်
အဲဒီနာမည်တွေကို ပြောစမ်း ဆိုတဲ့အခါရောက်တော့ မန္တလေးမြို့ကျွန်တော်တို့အရင် သူငယ်ချင်းတွေရှိတယ် ၊ တောင်ဆင်ကျုံးဗလီဝင်း ထဲကလမ်းထောင့်ကစပြီး အိမ်ထောင်ဦးစီးတွေနာမည်တန်းစီပြောလိုက်တယ်။ အဲဒီတော့သူတို့ကြိုက်တဲ့ အချိန်ပြန်မေး အဲဒီနာမည်တွေက မလွဲတော့ဘူး ၊ အဲဒီတော့သူတို့က ဒါကြီးကို ဆယ်ခါပြန်မေးလဲမလွဲဘူး ၊ ဒါဟုတ်လို့ပေါ့ ဆိုတော့အဲဒီလိုနာမည်မျိုးတွေ ဒီမှာလာပြီးချပြရင် ရီစရာကြီးဖြစ်နေမှာပေါ့ ၊အဲဒီတော့ ရော်နယ်အောင်နိုင်ကပြောတာတစ်ခုရှိပါတယ် ၊ ရော်နယ်အောင်နိုင်တင်မကပါဘူး ABSDF တစ်ဖွဲ့လုံးက အားလုံးက သူတို့ရဲ့ကြွေးကြော်သံလိုရွတ်နေတာ ၊ဒီသူလျိုဖမ်းဆီးမှုထဲမှာ တစ်ယောက်အမှားပါရင် ကိုယ့်သဘောနဲ့ကိုယ်ကြိုးစင်တက်ပြမယ်ဟေ့ ၊ ကျောင်းသားတပ်ဘယ်တော့မှ မမှားဘူးဆိုတာ သူတို့ပြောခဲ့ပါတယ်။ အဲဒီစကားလေးကို ပြန်မှတ်မိပါသလားလို့ရော်နယ်အောင်နိုင်ကို နီးစပ်တဲ့ သူတွေက မေးပေးပါ ၊ အဲဒီတော့မှတ်မိတယ်ဆိုလို့ရှိရင် အဲဒီကြွေးကြော်သံလေးကို လုပ်ဖို့ရာ အစီအစဉ်ရှိပါလား။ ယောက်ျားပီသပါလား မေးကြည့်ပါ။

MML ။ ။ ပြီးခဲ့တဲ့ရက်ပိုင်းက ABSDF ကကြေငြာချက်ထွက်တယ်ပေါ့နော် ၊ ဖြစ်ပျက်ခဲ့တာတွေအတွက် တာဝန်ယူပါတယ် ၊မှားခဲ့တဲ့အမှားအတွက်လဲ တောင်းပန်ပါတယ်လို့ပြောထားတာရှိတယ်။ အဲဒီဟာကိုအကို့အနေနဲ့ ဘယ်လိုပြန်ပြောခြင်လဲ။


NN ။ ။ အဲဒီစကားပြောရမယ်ဆိုရင်တော့ ခု ABSDF ဗဟိုမှာရှိတဲ့ပုဂ္ဂိုလ်တွေကိုကိုယ့်ရဲ့ရုံးကဖိုင်တွဲ တွေကိုပြန် လှန်ပါလို့ပဲပြောရမှာပဲ၊ ဒီကိစ္စကြီးဖြစ်လာတဲ့ အချိန်တုန်းက ABSDFဗဟိုကနေပြီးတော့မှအတွင်းရေးမှုးဆိုတဲ့သူက ABSDF မြောက်ပိုင်းဆိုတာဗဟိုရဲ့လက်အောက်ခံဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ABSDFမြောက်ပိုင်းမှာဖြစ်တဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေ
တာဝန်ယူပါတယ်လို့ပြောထားပါတယ်။ အဲဒီတာဝန်ယူတယ် ဆိုတဲ့အချိန်တုန်းကကန့်ကွက်တဲ့သူတွေ တောင်းပန်တဲ့သူတွေ မပေါ်လာပါဘူး။ အခုမှ တာဝန်ယူရတော့မယ်ဆိုတော့မှ ခုနက အောင်နိုင်က ကိုယ့်ဟာကိုကြိုးစင်တက်မယ်ဆိုတဲ့စကားကိုမ တည်နိုင်တဲ့အခြေအနေမျိုးပေါ့ ဗျာ သူတို့ရဲ့ကိုယ်ရည်ကိုယ်သွေးမှာအဲဒါလေးတွေ စရှင်သန်လာပြီလို့ပြောရလိမ့်မယ်။

MML ။ ။ နောက်တစ်ခု ကိုမိုးသီးဇွန်က သူမသိပါဘူးလို့ပြောတာကြားပါတယ် ၊ အဲဒါလေးကိုရော ။


NN ။ ။ အဲဒီ မိုးသီးဇွန်ကိစ္စပြောရရင် ကျွန်တော့်အမြင်အရအသိအရပြောရရင်တော့ ကျွန်တော် သိတဲ့အထဲ မှာ မိုးသီးဇွန် မပါဘူး။ ဒီနေ့ပါတယ်ပြောနေတဲ့သူတွေ ရှိရင်လဲ ဒါသူတို့မြင်တာ သူတို့ သိတာသူတို့ပြောလိမ့်မယ်။ ကျွန်တော်သိတာကတော့ ဒေါက်တာနိုင်အောင်ပါတယ် ၊ဒေါက်တာနိုင်အောင်ကကျွန်တော့်ကို ပြန်ပြီး ထောင်ချောက်ဆင်တဲ့မေးခွန်းတွေ သူကိုယ်တိုင်မေးဘူးတယ် ၊ ကိုညီခင်ဗျားအကိုက ကျံန်တော်တို့ဆရာပါခင်ဗျားညီက ကျွန်တော်တို့သူငယ်ချင်းပါ ၊ခင်ဗျားထောက်လှန်းရေးမဟုတ်မှန်းသိပါတယ်ဆိုပြီးတော့မှ လာပြီးမေးတာရှိခဲ့တယ် ၊ နောက်တစ်ခါဒေါက်တာနိုင်အောင်ကိုယ်တိုင်က ရန်ကုန်က ကျော်စွာဝင်းမောင်ကိုခွဲမှုးသက်ထွန်းတို့စစ်တဲ့အချိန်မှာမိုးသီးဇွန်ထောက်လှန်းရေးမလားလို့မေးတယ် ၊ အဲဒီတော့ ကျော်စွာဝင်းမောင် ကမဟုတ်ပါဘူးဗျာလို့ပြောတဲ့အခါ ခွဲမှုးသက်ထွန်းက အဲဒီစစ်ကြောရေးထဲမှာ
ပေါင်ကိုဓါးနဲ့ထိုးတဲ့ဟာ ဒေါက်တာ အောင်နိုင်ရှေ့မှာတင် ဒီကိစ္စဖြစ်တာပါ။အဲလိုပဲ သူတို့ဟာ နည်းနည်းလေး နာမည်ကြီး လာတဲ့သူ အားလုံးကို စွပ်စွဲတာသူတို့အကျင့်ဖြစ်နေပြီ ၊ အောင်နိုင်ဆိုလဲ သူအခုမှမေ့နေတာ ၊ရှစ်လေးလုံးမျိုးဆက်ကို ဂုဏ်ပြုတာ သူလုပ်ကောင်းလုပ်လိမ့်မယ် ၊ ဒါပေမဲ့သူအမြဲတန်းပြောခဲ့တဲ့ စကားတစ်ခွန်းရှိပါတယ် ၊ အထက်မြန်မပြည်မှာထွန်းအောင်ကျော်က စပိုင် ၊ အောက်မြန်မာပြည်မှာ ကိုကိုကြီးစပိုင်ဆိုတာသူအမြဲပြောတဲ့ စကားပါ။



MML ။ ။ လက်ရှိ ABSDF နဲ့ နိုင်ငံတော်အစိုးရနဲ့ငြိမ်းချမ်းရေးယူဖို့ဆွေးနွေးနေကြတယ်။ အဲဒီထဲမှာဗျာ ဥပမာ အဲဒီမှာဥက္ကဌဖြစ်ခဲ့တဲ့ ရော်နယ်အောင်နိုင်လိုမျိုး ပြည်တွင်းကိုပြန်ဝင်လာမယ်ဆိုရင် သူ့ကို ဒီကိစ္စရဲ့ အဓိက တရားခံဖြစ်ပါတယ်ဆိုပြီးကန့်ကွက်ဖို့ အစီအစဉ်ရှိပါလား။

NN ။ ။ အဲဒီကိစ္စက ဥပဒေကြောင်းအရရှင်းပါတယ်။ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံခြားမှာနေတဲ့သူတွေ ပြန်လာဖို့ ဒီကိစ္စကြီးကိုသမ္မတကြီးကိုမေးတဲ့အခါမှာ သမ္မတကြီးက အပြစ်လုပ်ထားတဲ့သူတွေ အရေးယူ
ခံရမှာပေါ့ ၊ အပြစ်မလုပ်ထားတဲ့သူတွေ အပြစ်မရှိဘူးလို့ပြောထားတယ် ၊အဲဒီစကားမှာ ရှင်းနေပါပြီ ၊ အဲဒီစကား အရ ရော်နယ်အောင်နိုင်ဖြစ်စေကြိုက်တဲ့သူလာပါ အပြစ်ရှိရင် အပြစ်ရှိတဲ့သူကို အပြစ်ပေးအရေးယူမယ်ဆိုတာ
သမ္မတကြီးကိုယ်တိုင် ညွှန်ကြားထားတာရှိပါတယ်။

MML ။ ။ အကို့အနေနဲ့ နောက်ဆုံးဘာများဖြည့်ပြောခြင်ပါလဲ။

NN ။ ။ မခုချိန်မှာ အသက်အရွယ်ကလဲ ရလာပြီဆိုတော့ ၊ အာဃာတတရားလဲမရှိတော့ပါဘူး ၊ အာဃတ တရားမရှိပေမဲ့ ဒီလိုအဖြစ်အပျက်တွေကိုအပြစ်မပေးပဲနဲ့ အရေးမယူပဲနဲ့လွှတ်ထားရမယ်ဆိုရင် ဒီကိစ္စမျိုးကအစဉ်အလာဆိုးကြီးက မြန်မာပြည်နိုင်ငံရေးရာဇ၀င်ထဲမှာ ပါသွားလိမ့်မယ် ၊ဒီအစဉ်လာဆိုးကြီး ရှိသွားရင် နောင်လုပ်မဲ့သူတွေကလဲ အပြစ်လုပ်တာ အချိန်တန်ရင် ခွင့်လွှတ်မှုကိုရမှာပဲဆိုတဲ့ အသိတရားနဲ့ နိုင်ငံအတွက်မကောင်းပါဘူး၊ အဲဒီတော့ အမှန်တရားကို ချစ်တယ် ၊ ဒီမိုကရေစီကို
တကယ်ချစ်တယ်ဆိုရင် အားလုံးက သူတို့ကိုဖေါ်ထုတ်ပြီး အရးယူတဲ့ကိစ္စတွေမှာပါဝင်ပေးဖို့လိုပါလိမ့်မယ်။

ရေလျှံနေတယ်

Posted by drmyochit Friday, August 31, 2012, under | No comments


ကေအိုင်အေအဖွဲ့မှ ထောင်ထားသော မိုင်းတစ်လုံးပေါက်ကွဲရာမှ ဒေသခံ တစ်ဦးပွဲချင်းပြီးသေဆုံး

Posted by drmyochit Friday, August 31, 2012, under | No comments



သြဂုတ်လ(၂၉)ရက်နေ့က ကချင်ပြည်နယ်၊ချီဖွေမြို့၊ ဥက္ကဌရပ် ကွက်မှာနေ ထိုင် တဲ့ဒေါ်ရွေးလီ ဆိုသူ ဟာ လောခေါ င်ကျေးရွာ

ကနေ စုစည်းကျေးရွာသွားစဉ်မှာေ ကာင်အိုင်အေထောင်ထား တဲ့မိုင်း နင်းမိပြီး နေရာ မှာပဲ ပွဲချင်းပြီးသေဆုံးသွားခဲ့ပါတယ်။  “ မနေ့ကမနက် ၁၀ နာရီလောက်ပေါ့ . . ရွာအပြင်ဘက်မှာ မိုင်းကွဲသံကြားရတယ် . . အဲဒါနဲ့ တိုက်ပွဲ ဖြစ်တယ်ထင်ပြီး ဘယ်သူမှရွာအပြင်မထွက်ရဲဘူး ။

နောက်ဘာသံမှမကြားရတော့တာနဲ့ မိုင်းနင်း မိတာပဲဆိုပြီး လူကြီးတွေက သွားကြည့်တာ အရင်က ဒီရွာမှာနေသွားတဲ့ ဒေါ်ရွေးလီ နင်းမိတာ ၊နေရာ မှာပဲ ပွဲချင်းပြီးသေသွားတယ် ”လို့ စုစည်းကျေးရွာက ဒေသခံတစ်ဦင်္းက ပြောကြားသွားပါတယ်။

ကချင်သတင်း 

ပြည်ပမီဒီယာများ မမှန်မကန်ထုတ်လွှင့်မှုများရှိနေ ဟု စစ်တွေရောက် အင်ဒိုနီးရှား ကြက်ခြေနီအကြီးအကဲ တစ်ဦး က အတည်ပြု ပြောကြား

Posted by drmyochit Friday, August 31, 2012, under | No comments


 
 ပြည်ပမီဒီယာအချို့၏ မမှန်မကန် သတင်းထုတ်လွှင့်ခဲ့မှု ကြောင့် အင်ဒိုနီးရှား ပြည်သူများ စိုးရိမ်ခဲ့ ရသော်လည်း  မြန်မာအစိုးရ၏ သမာသမတ်ကျကျ ဆောင်ရွက်ချက်များ ကိုနားလည်သဘောပေါက် ကျေးဇူးတင်မိကြောင်း ဘင်္ဂါလီဆူပူမှု ဒုက္ခသည်များအား အကူအညီပေးရန် စစ်တွေမြို့သို့ ယနေ့ရောက်ရှိသည့် အင်ဒိုနီးရှားနိုင်ငံ ကြက်ခြေနီ အဖွဲ့အကြီးအကဲ တစ်ဦးကရခိုင်ပြည်နယ် ၀န်ကြီးတစ်ဦးအား ပြောကြားခဲ့သည်ဟု ဆိုသည်။အင်ဒိုနီးရှားနိုင်ငံ ကြက်ခြေနီအဖွဲ့ သဘာဝဘေးအန္တယ်ကာကွယ်ရေးဌာန အကြီးအကဲ Mr. Arifin Muh Hadi ဦးဆောင်သော အဖွဲ့သည် ဒုက္ခသည်များအတွက် ထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်းရန် Air Madalay လေယာဉ်ဖြင့် ရခိုင်ပြည်နယ် ယနေ့ မနက် ကိုးနာရီ၌ စစ်တွေလေဆိပ်သို့ ရောက်ရှိပြီးနောက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေး နှင့် ကျန်းမာရေးဝန်ကြီး ဒေါက်တာ အောင်ကျော်မင်း အား စစ်တွေလေဆိပ် တွင်တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောကြားခဲ့ ခြင်းဖြစ်သည်။ ယခုသြဂုတ်လကုန် ပိုင်းအတွင်း အာသံပြည်နယ် ဒေသခံများနှင့် ဘင်္ဂါလီကျုးကျော်သူများအကြား အဓိကရုဏ်းများ အကြီးအကျယ်ဖြစ် ပွားခဲ့ရခြင်းသည် ပါကိစ္စတန်တွင် အခြစိုက်သော ၀က်ဘ်ဆိုဒ်များက မဟုတ်လုပ်ဇာတ်ခင်းကာ ပုံကြီးချဲ့လှုံ့ဆော်မှုများကြောင့် ဖြစ်ရသည်ဆိုကာ ၀က်ဘ်ဆိုဒ်ပေါင်း သုံးရာကျော်ကို အိန္ဒိယအစိုးရက ယခုလ နှောင်းပိုင်းတွင် ပိတ်ပစ်လိုက်ခဲ့သည်။ မြန်မာပြည်တွင် မူဆလင်များကို မျိုးတုံးသတ်ဖြတ် နေပါသည်ဟု ဖေါ်ပြထားသော ဓါတ်ပုံများမှာ လီဆယ် လုပ်ကြံထားခြင်းသာဖြစ်ကြောင်း အင်တာနက်ဝက်ဘ်ဆိုဒ် ပိုင်းဆိုင်ရာကျွမ်းကျင်သူ Faraz Ahmed က ပါကိစ္စတန်တွင် ထုတ်ဝေသော The Express Tribune သတင်းစာတွင် မူရင်းဓါတ်ပုံများနှင့် လုပ်ကြံဓါတ်ပုံများ ကို နှိုင်းယှဉ်ဖေါ်ပြကာ ဖေါ်ထုတ်ခဲ့သည်။ ထိုလုပ်ကြံပုံကြီးချဲ့ သတင်းများကြောင့် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီး၊ ယခုလ (၁၀)ရက် သောကြာနေ့က ဆူလာဝေဆီတောင်ပိုင်းရှိ အင်ဒိုနီးရှား အစ္စလမ် ဘာသာဝင်အချို့က ဗလီဝတ်တက်ပြီးနောက် မြန်မာနိုင်ငံတွင် ဘင်္ဂါလီရိုဟင်ဂျာများကို သတ်ဖြတ်ခံသည် ဆိုသည်ကို ကန့်ကွက်ဆန္ဒပြရင်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းနှစ်ကျောင်းကို ခဲများဖြင့်ပစ်ပေါက် ဖျက်ဆီးခဲ့ကြသေးသည်။

မြန်မာသဘာဝ ဘေးအန္တရာယ်ကြောင့် စီးပွားရေးတိုးတက်မှု ထိခိုက်နိုင်ကြောင်း သတိပေး

Posted by drmyochit Friday, August 31, 2012, under | No comments



 
မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေ သောသဘာဝ ဘေးအန္တရာယ် များကြောင့်တိုင်းပြည်၏ ဘဏ္ဍာရေးကို ထိခိုက်လာ နိုင်ကြောင်း  ADB နှင့် သဘာဝ ဘေးအန္တရာယ် လေ့လာရေးအဖွဲ့ Maplecroft အဖွဲ့က၂၂-၈-၂၀၁၂ ရက်တွင် သုံးသပ် ပြောကြားလိုက်သည်။
တောင်အာရှ ဒေသတစ်ဝန်းတွင် မိုးများနေသောကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေရာ မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်း ဖွံ့ဖြိုးမှု အားကောင်းစ ပြုနေသော နိုင်ငံ ၁၀ နိုင်ငံအနေဖြင့် စိုးရိမ်ဖွယ်ရာ အခြေအနေ ဖြစ်ကြောင်း သိရသည်။
“မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုက အရှိန်ကောင်းစ ပြုလာပြီ ဆိုပေမယ့် သဘာဝ ဘေးအန္တရာယ် မျိုးစုံကြောင့် ထိခိုက်မှုတွေ၊ ဘဏ္ဍာရေး ဆုံးရှုံးမှုတွေ ရှိလာနိုင်တယ်။ ဒါက ကိစ္စသေးသေးလေးလို့ ထင်ရပေမယ့် တကယ်တော့ ပြဿနာ အကြီးကြီးပါပဲ” ဟု ADB မှ အဆင့်မြင့် အရာရှိများက ရန်ကုန်မြို့ ထရိတ်ဒါး ဟိုတယ်တွင် ကျင်းပမည့် စာနယ်ဇင်း ပွဲတစ်ခုတွင် ပြောကြားလိုက်သည်။Maplecroft အဖွဲ့၏ အဆိုအရ မြန်မာနိုင်ငံ အပါအဝင် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ဗီယက်နမ်၊ ဖိလစ်ပိုင် အစရှိသော နိုင်ငံများ အနေဖြင့် သဘာဝ ဘေးအန္တရာယ်များကို ထိခိုက်စွာခံစားရနိုင်ပြီး ပြန်လည် နာလန်ထူရေးတွက် ဆောင်ရွက်နိုင်စွမ်းတွင် နိမ့်ကျမှုများ ဖြစ်ပေါ်နိုင်လိမ့်မည်ဟု ကြိုတင်ခန့်မှန်း အကြံပေးထားသည်။“မြန်မာနိုင်ငံက အာရှဒေသရဲ့ သဘာဝ ပတ်ဝန်းကျင် ဘေးအန္တရာယ် အရှိနိုင်ဆုံး နိုင်ငံတွေထဲမှာ ပါနေတယ်လို့ ဂျာမနီက ပညာရှင် အဖွဲ့တစ်ဖွဲ့က ခန့်မှန်းထားတာ ရှိပါတယ်” ဟု ADB မှ လက်ထောက် စီးပွားရေး အကြီးအကဲ ဖြစ်သူ မစ္စပါ့စ်ဆိုင်ယွန်းက ပြောကြားသည်။

ဦးဝီရသူ ဦးဆောင်မယ့် ဆန္ဒပြခွင့် အာဏာပိုင်တွေဘက်က ရက်ရွှေ့ခိုင်းဖို့ ပြော

Posted by drmyochit Friday, August 31, 2012, under | No comments



မန္တလေးမြို့မှာ နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော် ဦးဝီရသူဦး ဆောင်မယ့်  ရခိုင်အရေး သမ္မတဦးစိန်ရဲ့ ရပ်တည်ချက် အပေါ်ထောက်ခံတဲ့ ဆန္ဒပြပွဲတွေကို  အာဏာပိုင်တွေဘက်က မူလက ခွင့်ပြုထားတဲ့ ရက်မှာ ဆန္ဒပြခွင့်မပေး တာကြောင့်ရက်ရွှေ့ ဆိုင်းလိုက်ရတယ်လို့ ဆရာတော် ဦးဝီရသူက RFA ကို ဒီကနေ့ မိန့်ကြားပါတယ်။
မန္တလေးမြို့က မြို့နယ် (၅) ခုနဲ့ မတ္တရာမြို့မှာ သံဃာတော်တွေ ဦးဆောင်ပြီး စက်တင်ဘာလ (၁) ရက်နေ့ ဆန္ဒပြဖို့ စီစဉ်ထားခဲ့ပေးမယ့် မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ်ရဲ့ အလှူပွဲအတွက် လုံခြုံရေး စီစဉ်ပေးရမှာ ဖြစ်တာကြောင့် ဆန္ဒပြပွဲတွေကို လုံခြုံရေးမ ပေးနိုင်ဘူးဆိုပြီး အာဏာပိုင်တွေ က ရက်ရွှေ့ ကျင်းပဖို့ အခုလို ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။ အာဏာပိုင်တွေနဲ့ နီးစပ်သူမြို့ခံ တချို့ကတော့ မူလဆန္ဒပြမယ့် စက်တင် ဘာလ (၁) ရက်နေ့ဟာ ၀ါခေါင်လပြည့် ဥပုသ်နေ့ ဖြစ်တာကြောင့် ရဟန်းသံဃာတော်တွေ အများအပြား ပါဝင်ဆန္ဒပြကြမှာကို စိုးရိမ်တဲ့အတွက် အခုလို ရက်ရွှေ့ဖို့ ညွှန်ကြားလိုက်တာလို့ ပြောပါတယ်။ ဆရာတော် ဦးဝီရသူဟာ စက်တင်ဘာလ ၂ရက်နေ့မှာ ချမ်းအေးသာစံ၊ မဟာအောင်မြေနဲ့ အောင်မြေသာစံ မြို့နယ်တွေမှာ ဆန္ဒပြမှာဖြစ်ပြီး၊ စက်တင်ဘာ ၃ရက်နေ့မှာ ပြည်ကြီးတံခွန် ၊ချမ်းမြသာစည် မြို့နယ်တွေနဲ့ စက်တင်ဘာ ၄ရက်နေ့မှာတော့ အမရပူရမြို့နယ်တွေမှာ ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။


အီရန်နျူကလီးယားစက်ရုံများသို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်သွားရောက်နိုင်ရေးအတွက် အီရန်သမ္မတမှ ခွင့်ပြုမိန့်ပေးခဲ့ခြင်း

Posted by drmyochit Friday, August 31, 2012, under | No comments



Farsnews.com;Aug-29(Wed)
အီရန်နျူကလီးယား စက်ရုံများသို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသွားရောက် နိုင်ရေးအတွက် လိုအပ်သည့် ခွင့်ပြုချက်များအား အီရန်သမ္မတ မာမွတ်အမာဒီနီဂျက်က ထုတ်ပြန်ခဲ့ကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီး အလီအက်စ် ဘာဆာလီဟီက သြဂုတ်လ ၂၉ ရက်နေ့တွင် ထုတ်ဖော် ပြောကြားခဲ့ပါသည်။ အထက်ပါ ပြောကြားချက်အား သြဂုတ်လ ၂၉ ရက်နေ့တွင် ပြုလုပ်ခဲ့သော ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့ Aligned Movement-NAM) ၏ ဝန်ကြီးများအဆင့် ဆွေးနွေးပွဲပြင်ပ၌ ဆာလီဟီက ပြောကြား ခဲ့ခြင်းဖြစ်ပါသည်။ အီရန်နျူကလီးယား စက်ရုံများသို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသွားရောက် မည့်ခရီးစဉ်အား အစီအစဉ်ရေးဆွဲခဲ့ကြောင်း၊ အဆိုပါခရီးစဉ်အား ၄င်း၏ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောဆန္ဒအရ သွားရောက်ခြင်းဖြစ် ကြောင်း ဆာလီဟီက သြဂုတ်လ ၂၉ ရက်နေ့တွင် သတင်းထောက်များ သို့ပြောကြားခဲ့ပါသည်။  Natanz နျူကလီးယား စက်ရုံများအပါအဝင် အီရန်နိုင်ငံမြို့များသို့ ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့ (NAM) ခေါင်းဆောင်များ သွားရောက်နိုင်ရေးအတွက် လိုအပ်သည့် စီစဉ်ဆောင်ရွက် မှုများကို ဆောင်ရွက်ထား ကြောင်းကိုလည်း ၄င်းမှ ထပ်လောင်းပြောကြားခဲ့ပါသည်။
ဘန်ကီမွန်းသည် တီဟီရန်သို့ရောက်ရှိပြီး တခဏအကြာတွင် ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့  (NAM) ၏  (၁၆)ကြိမ်မြောက် နိုင်ငံ့ခေါင်းဆောင်များအဆင့် ညီလာခံသို့ တက်ရောက်မည်ဖြစ်ပြီး ကွဲပြားသော ဒေသတွင်းနှင့် နိုင်ငံတကာ တိုးတက်မှုများနှင့် ပတ်သက်၍ အီရန်အရာရှိများနှင့်လည်း ဆွေးနွေးသွား မည်ဖြစ်ပါသည်။ ဘန်ကီမွန်း သည် အီရန်တွင်ရှိ နေစဉ်ကာလအတွင်း၌ Isfahan ပြည်နယ်သို့ သွားရောက်လည် ပတ်မည်ဖြစ်ကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mehdi Akhoundzadeh က ပြောကြားခဲ့ပါသည်။ Isfahan တွင် ရှိနေခြင်းသည် အီရန်နျူကလီးယား စက်ရုံဖြစ်သည့် Natanz  သို့ သွားရောက် ရန်ရည်ရွယ်ခြင်း ဖြစ်ကြောင်း အခြားသတင်းများက ပြောကြားကြပါသည်။ တစ်ချိန်တည်းမှာပင် NAM အစည်းအဝေးသို့ တက်ရောက်လာကြ သူများသည်လည်း တွေ့ဆုံမှုများအပြီးတွင် အီရန်နျူကလီးယား လုပ်ငန်းခွင် နှင့် စက်ရုံများသို့ သွားရောက်ရန်စီစဉ် ထားကြောင်း သိရှိရပါသည်။
ယူရေနီယံသန့်စင်မှုသည် ယခုနှစ်များအတွင်း အီရန်နှင့် အမေရိကန်တို့အကြား နျူကလီးယားကိစ္စရပ် များတွင် အငြင်းပွားစေသော အဓိကအကြောင်း အရာလည်းဖြစ်ပါသည်။ ကုလသမဂ္ဂပြင်ပမှ အကြီးဆုံးအုပ်စု ဖြစ်သော NAM တွင် ကမ္ဘာ့နိုင်ငံများ၏ သုံးပုံနှစ်ပုံပါဝင်ပြီး အီရန်နိုင်ငံ၏ နျူကလီးယား သန့်စင်မှုအပါအဝင် ငြိမ်းချမ်းစွာ အသုံးပြုရေးဆိုင်ရာ နျူကလီးယား ဆောင်ရွက်မှုများကို NAM က ထောက်ခံကြောင်းလည်း သိရှိရ ပါသည်။ အမေရိကန်နှင့် ၄င်း၏မဟာမိတ်များသည် ခိုင်မာသောအထောက် အထားတင်ပြနိုင်ခြင်းမရှိဘဲ အီရန် နိုင်ငံအား အရပ်ဘက်နျူကလီးယား အစီအစဉ်များကို ဘန်းပြ၍ နျူကလီးယား လက်နက်များထုတ်လုပ်ရန် ကြိုးစား လျက်ရှိသည်ဟု စွပ်စွဲခဲ့ကြပါသည်။ အီရန်နိုင်ငံမှ ၄င်းစွပ်စွဲချက်များကိုငြင်းဆို၍ အီရန်၏ နျူကလီးယားအစီအစဉ် သည် ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သောကိစ္စရပ်များ အတွက်သာဖြစ်သည်ဟု တုံ့ပြန်ပြောကြားခဲ့ပါသည်။

တောင်ကိုရီးယားနိုင်ငံသည် တာကီရှီးမားကျွန်းစုပေါ်တွင် စစ်ရေးလေ့ကျင့်ခန်းပြုလုပ်သွားမည်ဆိုခြင်း

Posted by drmyochit Friday, August 31, 2012, under | No comments



NHK.com;Aug-29(Wed)
တောင်ကိုရီးယားနိုင်ငံသည် ဂျပန်ပင်လယ်ရှိ အငြင်းပွားနေသော တာကီရှီးမားကျွန်းစု ပေါ်တွင် စက်တင်ဘာလ၌ ပြုလုပ်ရန် စီစဉ်ထားသော ပုံမှန်စစ်ရေး လေ့ကျင့်ခန်းအား ပြုလုပ်သွားမည်ဖြစ်ပါသည်။ တောင်ကိုရီးယား စစ်ဘက်သည် ရဲတပ်ဖွဲ့နှင့် ကမ်းခြေစောင့် တပ်ဖွဲ့တို့နှင့်အတူ ကျွန်းစုပေါ်နှင့် ကျွန်းပတ်ဝန်းကျင်တွင် စစ်ရေးလေ့ကျင့်ခန်းအား တစ်နှစ်လျှင် ၂ ကြိမ် ပြုလုပ်လျက် ရှိပါသည်။ စက်တင်ဘာလ ၇ ရက်နေ့မှ ၁ဝ ရက်နေ့ အထိ အဆိုပါစစ်ရေး လေ့ကျင့်ခန်းအား ပြုလုပ်သွားမည် ဖြစ်ကြောင်း တောင်ကိုရီးယား အစိုးရအရာရှိတစ်ဦးက သြဂုတ်လ ၂၉ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ၄င်းစစ်ရေး လေ့ကျင့်ခန်းတွင် ရေတပ်ဖျက် သင်္ဘောများနှင့် ရေငုပ် သင်္ဘောများ ပါဝင်မည်ဖြစ်ပြီး မရိန်းတပ်ဖွဲ့ဝင်ဒါဇင် ပေါင်းများစွာသည် တာကီရှီးမား ကျွန်းစုပေါ်သို့ ရဟတ်ယာဉ် ဖြင့်ဆင်းသက်ရန် စီစဉ်ထားပါသည်။
အဆိုပါ စစ်ရေးလေ့ကျင့်ခန်းသည် ဂျပန်နိုင်ငံနှင့် ဆက်ဆံရေးများအား ပိုမိုဆိုးရွားလာ စေနိုင်သည့် အတွက် စိုးရိမ်ပူပန်ကြောင်း တောင်ကိုရီးယား နိုင်ငံသားအချို့က ပြောကြားခဲ့ပါသည်။ တောင်ကိုရီးယားသမ္မတ လီမြောင်ဘက်သည် ယခုလအစောပိုင်းတွင် တာကီရှီးမား ကျွန်းစုပေါ်သို့ အလည်အပတ် သွားရောက်ခဲ့ကတည်းက နှစ်နိုင်ငံအကြား ဆက်ဆံရေးများ တင်းမာလျက်ရှိပါသည်။ သတိကြီးစွာ စဉ်းစားဆင် ခြင်သုံးသပ်၍ ၄င်းစစ်ရေး လေ့ကျင့်ခန်းအား ပြုလုပ်သွားသင့်ကြောင်း နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး ကင်ဆောင်ဝမ်က ပြောကြားခဲ့ ပါသည်။ စစ်ရေးလေ့ကျင့်ခန်း ပြုလုပ်ရန် တောင်ကိုရီးယား အစိုးရ၏ ဆုံးဖြတ်ချက်သည် နှစ်နိုင်ငံ အကြားတင်းမာမှုများ ပိုမိုမြင့်တက်လာစေမည်ဟု စောင့်ကြည့် လေ့လာသူများက ပြောကြားခဲ့ပါသည်။ 

မြောက်ကိုရီးယား၏ ဆိုက်ဘာနှင့် နျူကလီးယားတိုက်ခိုက်မှုအားတန်ပြန်ရေး အသင့်ရှိမှုကို တောင်ကိုရီးယားက တိုးမြှင့်ဆောင်ရွက်ရန်ရှိခြင်း

Posted by drmyochit Friday, August 31, 2012, under | No comments



Yonhapnews.co.kr;Aug-29(Wed)
မြောက်ကိုရီးယားစစ်ဘက်၏ ဆိုက်ဘာတိုက်ခိုက်မှု အားတန်ပြန်ရေး အသင့်ရှိမှုကို တိုးမြှင့်ဆောင်ရွက် ရန် အစိတ်အပိုင်း တစ်ရပ်အနေဖြင့် တောင်ကိုရီးယား ဆိုက်ဘာကွပ်ကဲ မှုဌာနချုပ်၌ လူအင်အားဖြည့် ဆည်းခြင်းနှင့် ဆိုက်ဘာစစ်ဆင် ရေးသုံးထိုးစစ်နှင့် ခံစစ်လက်နက်များအား တိုးတက်အောင် ဆောင်ရွက်မည်ဖြစ်ပါသည်။ သမ္မတ လီမြောင်ဘတ် ထံတင်သွင်းသော ကာလလတ်မှ ကာလရှည်ကာကွယ်ရေး အစီအမံတွင် မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် အဆောက်အအုံများနှင့် စစ်စခန်းများကို ပစ်မှတ်ထားသော မြေပြင်မှမြေပြင်ပစ် ပဲ့ထိန်းဒုံးပျံ များ၏ ဖြန့်ကြက်ချထားမှုကို သိသိသာသာတိုးမြှင့် သွားမည်ဟုပါရှိကြောင်း တောင်ကိုရီးယား စစ်ဘက်က ပြောကြား ခဲ့ပါသည်။
ယခုနှစ်အစောပိုင်းက နိုင်ငံ၏အနောက်ဘက် နယ်စပ်အနီးတွင် သွားလာနေသော အရပ်ဘက် လေယာဉ်များနှင့် သင်္ဘောများ၏ ကမ္ဘာလုံးဆိုင်ရာ တည်နေရာပြစနစ် (ွဏှ)အား ဖိဖျက်နှောင့် ယှက်မှုပြုလုပ်ခဲ့ ကြောင်းနှင့် လွန်ခဲ့သော ၂ နှစ်ခန့်က အစိုးရ၏ဝဘ်ဆိုဒ်နှင့် ဘဏ်လုပ်ငန်းစနစ်များအား ဝင်ရောက်နှောင့်ယှက်မှု ပြုလုပ်ခဲ့သည်ဟု မြောက်ကိုရီးယားအား တောင်ကိုရီးယားက စွပ်စွဲမှုပြုလုပ်ခဲ့ပါသည်။ တောင်ကိုရီးယား၏ ကာကွယ်ရေး အစီအစဉ်တွင် ဆိုက်ဘာကွပ်ကဲမှု ဌာနချုပ်၌ အမှုထမ်း ၁,ဝဝဝဦးအထိ တိုးမြှင့်ရန်နှင့် စစ်ဘက်အနေဖြင့် ထောက်လှမ်းရေး ပစ္စည်းများရရှိရန် တောင်းဆိုမှုပြု လုပ်ထားပါသည်။ ကာကွယ်ရေး အစီအစဉ်အား Roh Moo-hyun  ၏အစိုးရအဖွဲ့လက်ထက် ၂ဝဝ၅ ခုနှစ်တွင် ပထမဆုံးအကြိမ် ရေးသားပြုစုခဲ့ပြီး အကြိမ်ကြိမ်ပြင် ဆင်ဖြည့်စွက်မှု ပြုလုပ်ခဲ့ပါသည်။
မြောက်ကိုရီးယားနိုင်ငံ၏ အကြောင်းမဲ့ တိုက်ခိုက်မှုအား လျင်မြန်စွာကိုင် တွယ်ဖြေရှင်းရန် ရှေ့တန်း၌ မြေပြင်မှမြေပြင် ပစ်ပဲ့ထိန်းဒုံးပျံများ အရေအတွက်ကို သိသိသာသာတိုးမြှင့် ချထားပေးရန်လည်း ကာကွယ်ရေးအဆိုပြု ချက်တွင် ပါဝင်ပါသည်။ ကာကွယ်ရေးအစီအစဉ်အရ ၂ဝ၁၅ ခုနှစ်တွင် ရေတပ်သည် ရေငုပ်သင်္ဘောဌာနချုပ် တစ်ခုအား ဖွင့်လှစ်မည်ဖြစ်ပြီး ၂ဝ၁၉ခုနှစ်မှ ၂ဝ၂၆ ခုနှစ်အတွင်း မျိုးဆက်သစ်ဖျက်သင်္ဘော ၆ စီးအား တပ်ဖြန့် ချထားမည်ဖြစ်ပါသည်။ ကိုရီးယား ကျွန်းဆွယ်ပေါ်တွင် သတင်းစုဆောင်းရေး ဂြိုဟ်တုများအား စောင့်ကြည့်ရန် တပ်ဖွဲ့ဝင် ၂ဝဝ အထိပါဝင်သော လေကြောင်းအာကာသ ကွပ်ကဲမှုဌာနချုပ်အား လေတပ်တွင်ဖွဲ့စည်းတည်ထောင် မည်ဖြစ်ပါသည်။

ထိုင်ဝမ်မှပိုင်ဆိုင်ကြောင်းပြသလိုသောကျွန်းစုသို့ ထိုင်ဝမ်အုပ်စုတစ်စု အလည်အပတ်သွားရောက်ခြင်း

Posted by drmyochit Friday, August 31, 2012, under | No comments



Yahoo.com;Aug-30(Thu)
ထိုင်ဝမ်ရေတပ်ဖွဲ့သည် တောင်တရုတ် ပင်လယ်အတွင်း တင်းမာမှုများ ဖြစ်ပွားနေသော နယ်မြေရှိ  ကျွန်းစု တစ်ခုအား ပိုင်ဆိုင်ကြောင်း ပြသသည့်အနေဖြင့် တက္ကသိုလ်ကျောင်းသား အုပ်စုတစ်စုအား ၄င်းကျွန်းစုသို့ ၅ ပတ် တာကာလအတွင်း ဒုတိယအကြိမ် မြောက်အဖြစ် ခေါ်ဆောင်သွားခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက သြဂုတ်လ ၂၉ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ထိုင်ဝမ်အမျိုးသား တက္ကသိုလ်မှ အဖွဲ့ဝင် ၁၄ ဦးပါဝင်သော ကိုယ်စားလှယ် အဖွဲ့သည် အငြင်းပွားနေသော Spratlys ကျွန်းစုများရှိ အကြီးဆုံးကျွန်းဖြစ်သော Taiping ကျွန်းသို့ သွားရောက်လည်ပတ ခဲ့ကြပြီးနောက် ထိုင်ဝမ်သို့ ရေတပ်စစ်သင်္ဘောဖြင့် ပြန်လာခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး ဌာနက ပြောကြားခဲ့ပါသည်။ အဆိုပါအုပ်စုသည် လူငယ်များအတွင်း မျိုးချစ်စိတ်ဓာတ် ကိုလှုံ့ဆော်ရန်အတွက် ၄င်းကျွန်းပေါ်ရှိ ကမ်းခြေစောင့် တပ်ဖွဲ့များနှင့်အတူ အလံစိုက်ထူပွဲ တစ်ခုကျင်းပခဲ့ ကြောင်းလည်း သိရှိရပါသည်။ Spratlys ကျွန်းစုနှင့်ပတ်သက်၍ အချုပ်အခြာ အာဏာပိုင်ကြောင်း ပြောကြားမှုများကို ထပ်လောင်းပြောဆို သည့်အနေဖြင့် ရေတပ်အရာရှိများနှင့် စစ်သည်များသည်လည်း ၄င်းကျွန်းသို့ သွားရောက်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။
Spratlys ကျွန်းစုနယ်မြေမှတစ်ဆင့် ကြီးမားသော အရန်ရေနံများ ရရှိနိုင်သဖြင့် ထိုင်ဝမ်၊ ဗီယက်နမ်၊ ဘရူနိုင်း၊ တရုတ်၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့သည် ၄င်းကျွန်းစုတစ်ခုလုံး၊ သို့မဟုတ် တစ်စိတ်တစ်ဒေသအား ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောကြား လျက်ရှိပါသည်။ ဒေသတွင်းတွင် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြိုင်အဆိုင် အငြင်းပွားမှုများ ဖြစ်ပွားနေချိန်တွင် ထိုင်ဝမ်က အခြားကျွန်းစု ၃ ခုအပါအဝင် ၄င်းကျွန်းစုအား ပိုင်ဆိုင်ကြောင်း ဇွန်လအတွင်းက ပြောကြားခဲ့ပါသည်။ ထို့ပြင် ထိုင်ဝမ်အာဏာ ပိုင်များသည် တာဝေးပစ်အမြောက်နှင့် မော်တာ များကို ၄င်းကျွန်းပေါ်သို့ ဇူလိုင်လတွင်ပေးပို့ခဲ့ပြီး စက်တင်ဘာလတွင် ၄င်းကျွန်းစုပေါ်၌ ကျည်စစ်ကျည်မှန်များဖြင့် ပစ်ခတ်သော စစ်ရေးလေ့ကျင့်မှု တစ်ခုပြုလုပ်ရန် စီစဉ်ထားကြောင်းလည်း ပြောကြားခဲ့ပါသည်။
အလွန်ကျယ်ပြန့်သော ရေပြင်အနှံ့အပြား တွင်ပျံ့နှံ့နေသည့် ကျွန်းငယ်၊ ကျောက်တန်းနှင့် သန္တာကျွန်း ငယ်များအဖြစ် ကျွန်းပေါင်း ၁ဝဝ ကျော်ရှိသော်လည်း ၄င်းကျွန်းစုများ၏ စုစုပေါင်းမြေဧရိယာသည် ၅ စတုရန်း ကီလိုမီတာ(၂ စတုရန်းမိုင်) ထက်လျော့နည်းပါသည်။ ဘရူနိုင်းနိုင်ငံမှအပ ကျန်နိုင်ငံများသည် ၄င်းကျွန်းစု များပေါ်တွင် တပ်ဖွဲ့များရှိ ကြောင်းလည်း အခိုင်အမာပြောကြားကြပါသည်။

လက်ရှိအချိန်တွင် အစိုးရအဖွဲ့ အပြောင်းအလဲပြုလုပ်မည်မဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောကြားလိုက်ခြင်း

Posted by drmyochit Friday, August 31, 2012, under | No comments



Bangkokpost.com;Aug-30(Thu)
အစိုးရအဖွဲ့ အပြောင်းအလဲ ပြုလုပ်ရန်အချိန်မ ရောက်သေးကြောင်း ဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ်ထရာ က အခိုင်အမာ ပြောကြားခဲ့ပြီး မဟာမိတ်ပါတီ များအနေဖြင့် စက်တင်ဘာလအတွင်း၌ အစိုးရသစ် တစ်ရပ်ဖွဲ့စည်းရန် လုပ်ဆောင်လျက် ရှိသည်ဆိုသည့် ထုတ်ပြန်ချက်မှာ မမှန်ကန်ကြောင်း ပြောကြားခဲ့ပါသည်။ အစိုးရအဖွဲ့ အပြောင်းအလဲပြု လုပ်မည့်အချိန်နှင့် ပတ်သက်၍ မေးမြန်းရာတွင် အစိုးရအဖွဲ့ အပြောင်းအလဲ ပြုလုပ်မည့်အချိန် ရောက်ရှိပါက အသိပေးထုတ်ပြန် သွားမည်ဖြစ်ကြောင်း ရင်လပ်က သြဂုတ်လ ၂၉ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။ ပြည်ပတင်ပို့မှု စီမံကိန်းများနှင့် ပတ်သက်၍ စေတနာမုသား ပြောကြားခဲ့သည်ဟု ဒုတိယဝန်ကြီးချုပ် Kittiratt Na-Ranong ၏ဝန်ခံချက်နှင့် ကာကွယ်ရေး အမြဲတမ်း အတွင်းဝန် ဗိုလ်ချုပ်ကြီး Sathian Phoemthongin အား ပြောင်းလဲရေးနှင့် ပတ်သက်သည့် ကာကွယ်ရေးဝန်ကြီး Sukumpol Suwanatat ၏အမိန့်ထုတ်ပြန် မှုများသည် အစိုးရအဖွဲ့ပြောင်းလဲ ရန်အတွက် အကြောင်းရင်းခံ များမဟုတ်ကြောင်း ဝန်ကြီးချုပ် ရင်လပ်က ပြောကြားခဲ့ပါသည်။
၎င်း၏ယူဆချက်မှာ ဝန်ကြီးများ အားလုံးအနေဖြင့် ၄င်းတို့၏လုပ်ပိုင် ခွင့်အတွင်းမှ အကောင်းဆုံးလုပ်ကိုင် ခဲ့ကြောင်း၊ သို့ရာတွင် အချို့မူဝါဒများအား အပြည့်အဝ အကောင်အထည်ဖော် နိုင်ခြင်းမရှိသေးကြောင်း ရင်လပ်က ပြောကြားခဲ့ပါသည်။ ဝန်ကြီးများ အားလုံးအနေဖြင့် ၄င်းတို့၏ လုပ်ငန်းများအား အောင်မြင်မှုရရှိ အောင်လုပ်ဆောင် လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် ၄င်းတို့၏ ဆောင်ရွက်မှုများတွင် ပါဝင်လုပ်ဆောင် ရန်လိုအပ်ကြောင်း ၄င်းမှ ထပ်လောင်းပြောကြားခဲ့ပါသည်။ ပြည်ပရင်းနှီး မြှုပ်နှံသူများအကြား ယုံကြည်မှုအား မြှင့်တင်ရန်အတွက် နိုင်ငံ၏ ပြည်ပတင်ပို့မှု ရည်မှန်းချက်နှင့် ပတ်သက်၍ မှန်ကန်သည့် အချက်များအား ပြောကြားရန် ခွင့်ပြုခဲ့သည့် Mr Kittiratt အပေါ်စွပ်စွဲ ချက်များအား စဉ်းစားသုံးသပ်ရန် Ombudsman ၏ရုံးသို့ Green Group နိုင်ငံရေးအဖွဲ့မှ သြဂုတ်လ ၂၉ ရက်နေ့တွင် မေတ္တာရပ်ခံခဲ့ပါသည်။
ပြည်ပတင်ပို့မှု ရည်မှန်းချက်များနှင့် ပတ်သက်၍ လိမ်ညာမှုအပေါ် ၄င်း၏ဝန်ခံချက်အား ပြည်သူများကို လှည့်စားရန်အတွက် အစိုးရ အေဂျင်စီများ၏ မမှန်ကန်သော သတင်းအချက်အလက် များအဖြစ်မှတ်ယူရန် Green Group  နိုင်ငံရေးအဖွဲ့ ကိုယ်စားလှယ် Jaturon Boonbenjarat  က ပြောကြားခဲ့ပါသည်။  ပြည်ပတင်ပို့မှု ရည်မှန်းချက် နှင့်ပတ်သက်၍ လိမ်ညာမှုအား စေတနာမုသားအဖြစ် Kittiratt က အခိုင်အမာ ပြောကြားလျက် ရှိသော်လည်း ထိုသို့ဆောင်ရွက်မှုသည် နိုင်ငံအပေါ် ဆိုးကျိုးများ သက်ရောက်စေမည့် လက်မခံနိုင်သော အပြုအမူပင်ဖြစ်ကြောင်း Green Group နိုင်ငံရေးအဖွဲ့မှ ထင်မြင်ယူဆ ပြောကြားခဲ့ပါသည်။ Kittiratt အား ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း (၂၇၉)အရ Ombudsman ရုံးမှ စွဲချက်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

မွတ်ဆလင်နိုင်ငံအချို့တွင် အသက် ၉ နှစ်အရွယ်မိန်းကလေးအား လက်ထပ်ပေါင်းသင်းခွင့်ပြုရန်တောင်းဆိုနေကြ

Posted by drmyochit Friday, August 31, 2012, under | No comments



အီရန်နိုင်ငံ မှာ အမျိုးသမီးတွေကို လက်ထပ်နိုင် ခွင့်ရှိတဲ့ အငယ်ဆုံး အသက်ကို ၉ နှစ် ကို ပြောင်းသင့်တယ် လို့တောင်းဆို နေကြပါတယ်။( တရားဝင်ဥပဒေ ထွက်ဖို့တောင်းဆို တာပါ။ ပေါ်တင်လုပ် နေတာတော့ နှစ်ပေါင်း ၁၄၀၀ ရှိနေပြီ။ )
အရင်ဥပဒေက ၁၃ နှစ် သမီးမှ လက်ထပ်လို့ ရတာ ကို သိပ် အားမရလို့တဲ့ အခု ၉နှစ်ဆိုရင် ပဲ မူဆလင် အဖိုးကြီးတွေ စိတ်ကြိုက်....သိတဲ့ အတိုင်းပဲ ရှရီးယား ဥပဒေဆိုတာ မိုဟာမက် ( အမြင့်မြတ်ဆုံးလူသား) ကို အခြေခံထားတာ ဆိုတော့ မိုဟာမက် ဟာ အသက် ၅၄နှစ်မှာ သူ့မြေးလောက် ရှိတဲ့ ၉နှစ်ကလေး ( ၃တန်း အရွယ်ကလေး ) ကို မုဒိန်းကျင့်ခဲ့တာကို အခြေခံပြီး မိန်းကလေးတွေ ဟာ ၉နှစ်ဆိုရင် အရွယ်ရောက်ပြီ လင်ယူသင့်တယ်ဆိုပြီး ကလေးသူငယ် ၉နှစ် ၁၀ နှစ် ကလေးမလေး ( ၃တန်း အရွယ်ကလေး ) တွေ ဟာ အရုပ်လေးတွေနဲ့ ဆော့သင့်တဲ့ အချိန်မှာ သူတို့ အဖေ၊ အဘိုးလောက်ရှိတဲ့ မူဆလင် ကောင်ကြီးတွေရဲ့ အစ္စလာမ် ရှရီးယား ဥပဒေအောက်မှာ တရားဝင် မုဒိန်းကျင့်ခံ နေကြရပါတယ်။ မူဆလင်တွေ ဟာ သူများဘာသာခြား ( လူမျိုးပွားစက်) မိန်းမတွေ၊ မြန်မာမိန်းကလေး၊ ပြင်သစ်မိန်းကလေး၊ အင်္ဂလိပ်မိန်းကလေး တွေကို ကျတော့ ရအောင်ယူ၊ အစ္စလာမ် မျိုးပွားချင်တယ်။ ရန်သူဘာသာခြား ခရစ်ယာန်၊ ဗုဒ္ဓဘာသာ မျိုးဆက် တုံးသွားစေတဲ့ အပြင် ကိုယ့်ရဲ့ မွတ်ဆလင်မျိုးဆက် ဆတိုး တိုးလာမယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်။ကိုယ့်မွတ်ဆလင် မျိုးပွားစက် ( မိန်းကလေး) တွေကို ကျတော့ ရန်သူ ဘာသာခြားတွေ နဲ့ လုံးဝယူခွင့်မရှိဘူး။ယူပြီး ဘာသာခြားမျိုးဆက်ပြောင်းမွေးမှာ ထက်စာရင် အသေသတ်ပစ်တယ်။ ဒီမွတ်ဆလင်မိန်းကလေးရဲ့ မွတ်ဆလင်မျိုးဆက် တုံးသွားစေကာမူ ရန်သူ ခရစ်ယာန်၊ ဗုဒ္ဓဘာသာ မျိုးဆက် အဖြစ်ထပ်မံ မတိုးပွားစေဖို့။ ပေါက်တယ် ဟုတ်။ ကိုယ့်မွတ်ဆလင် မိန်းကလေး က သစ္စာဖေါက်ပြီး ရန်သူဘာသာခြား ဘက်ကို ပါသွားပြီး ဘာသာခြားမျိုးဆက် ကလေးမွေးပေး နေမှာထက်စာရင် လက်စတုံးသတ်လိုက်တော့ ၊ ရန်သူ ခရစ်ယာန်၊ ဗုဒ္ဓဘာသာ ဘာသာခြား မျိုးဆက် အဖြစ်ထပ်မံ မတိုးပွားစေတော့ဘူး။ဘာသာခြား၊ ဘာသာမဲ့တစ်ယောက်က မူဆလင်မတစ်ယောက်ကို ယူနိုင်ဖို့ဆိုတာ ဘယ်နိုင်ငံမှာ ဖြစ်ဖြစ် အရမ်းခက်ပါတယ်။မူဆလင်တွေ ဟာ သူများဘာသာတွေရဲ့ မျိုးဆက်ပွားဖို့ အရေးကြီးဆုံးဖြစ်တဲ့ မိန်းမပျိုတွေကို မရ၊ ရတဲ့ နည်းတွေ နဲ့ ယူပြီး မူဆလင်မျိုး ဆက်ဖေါက်သလို၊ မူဆလင်မိန်းမတွေကိုတော့ တစ်သက်လုံးဘာသာခြား ယောက်ျားတွေ မ၀ိုက်နိုင်အောင် အသေထိန်းချုပ်ထားပါတယ်။

အစ္စလာမ်ရဲ့ နည်းဗျူဟာတစ်ခုပါ။

မနန်းဝိုးဖန် အမှု၊ စသုံးလုံးဝန်ထမ်း ၅ ဦး ကို အရေးယူမည်

Posted by drmyochit Friday, August 31, 2012, under | 1 comment



 
ဂျပန်နိုင်ငံသား တစ်ဦးနှင့် လက်ထပ်ပြီး အိမ်ခြံမြေများ ၀ယ်ယူဈေး ကစားမှုဖြင့် စစ်ဆေးခံရရင်း အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာန အဆောက်အအုံမှ ပြုတ်ကျသေ ဆုံးခဲ့ရသော မနန်းဝိုးဖန်မှာ မတော်တဆ ပြုတ်ကျသေဆုံး ခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းဖော်ထုတ် ရရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ သိရှိရသည်။ ဂျပန်နိုင်ငံသား Mr.Namase Motohiko ဖြစ်သူသည် မနန်းဝိုးဖန်နှင့်လက် ထပ်ပြိး မြေကွက်များ ကိုဝယ်ယူဈေးကစားနေကြောင်း တိုင်ကြားချက်ကို ၂၀၁၂ ခုနှစ်မတ်လအတွင်းက ရရှိခဲ့သဖြင့် ပြည်ထဲရေး ၀န်ကြီးဌာနက အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနကို စုံစမ်းစစ်ဆေး ဖော်ထုတ်ရန် ညွှန်ကြားခဲ့ကြောင်း၊ ဆင့်ဆို အကြောင်းကြားချက်အရ မနန်ဝိုးဖန်က ၄င်း၏ ရှေ့နေဖြစ်သူ မအိအိအောင်နှင့် မတ်လ ၂၁ရက်နေ့တွင် လာရောက်သတင်းပို့ခဲ့ပြီး အဓမ္မဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းမဟုတ်ကြောင်း၊ မနန်းဝိုးဖန်အာြး ပစ်မှုကြောင်းအရ တရားခံအဖြစ်ခေါ်ယူ စစ်ဆေးခဲ့ခြင်းမဟုတ်ကြောင်း၊ မနန်းဝိုးဖန်အားပြစ်မှုကြောင်းအရ တရားခံအဖြစ် ခေါ်ယူစစ်ဆေး ခဲ့ခြင်းမဟုတ်ဘဲ အမှုနှင့်ပတ်သက်သည့် သက်သေအထောက်အထားများနှင့် စာရွက်စာတမ်း သက်သေခံချက်များ ရှာဖွေစုဆောင်းခြင်း၊ ဆက်စပ်အတည်ပြု မေးမြန်းခြင်းများကိုသာ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ အမှုနှင့်ပတ်သက်ပြီး သိကျွမ်းသည်ဟု ထင်မြင်ယူဆ ရသူများကို တစ်ဆက်တစ်စပ်တည်း တားဆီးချုပ် နှောင်ထားရှိချိန် ၂၄နာရီထက် မကျော်လွန်စေ ရေးအတွက်လည်း အထူးအလေးထား စီမံကြပ်မတ် စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း၊ မတ်လ ၂၄ရက်နေ့ နံနက် ၅နာရီတွင် မနန်းဝိုးဖန်သည် အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန အဆောက်အအုံမှာ ကျသေဆုံးသွားကြောင်း၊ ယင်းသေဆုံးမှု ကို ပြည်ထဲရေး ၀န်ကြီးဌာန က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး အခြေအနေအသေးစိတ် စုံစမ်းစစ်ဆေးခဲ့ကြောင်း၊ စုံစမ်းစစ်ဆေးချက်များအရ မနန်းဝိုးဖန်မှာ မတော်တဆပြုတ်ကျ သေဆုံးခြင်းဖြစ်ပြီး ကျောက်တံတားမြို့နယ် တရားရုံးကလည်း ဇွန်လ ၁၃ရက်နေ့တွင် သေမှုသေခင်းဖြစ်စဉ်အဖြစ် အပြီးသတ်အမိန့် ချမှတ်ခဲ့ကြောင်း သိရှိရသည်။ သို့သော်လည်း မနန်းဝိုးဖန်သေဆုံး မှုအတွက် ရန်ကုန်တိုင်းဒေသကြီးရုံး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ အကြီးအကဲနှစ်ဦးတို့ကို ဌာနညွှန်ကြားရေးမှူးချုပ်က သတိပေးဆုံးမပြီး အထိုက်အလျောက်တာဝန်ရှိသည့် ဦးစီးအရာရှိ၊ စုံစမ်းစစ်ဆေးရေးမှူး၊ ဒုတိယစုံစမ်း စစ်ဆေးရေးမှူးအပါအ၀င် ၀န်ထမ်း (၅) ဦးကို ဌာနဆိုင်ရာ စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မနန်းဝိုးဖန်၏ခင်ပွန်း ဂျပန်နိုင်ငံသား Mr.Namase Motohiko  အပါအ၀င်မြေကွက် အရောင်းအ၀ယ် လုပ်သူ ခြောက်ဦးကို မေလ ၁၇ရက်နေ့မှ စတင်ဖမ်းဆီးပြီး လှိုင်သာယာမြို့နယ် တရားရုံတွင် ပြစ် မှုကြီးအမှတ် ၉၇၆/၂၀၁၂ဖြင့် တရားစွဲဆို အမှုစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

လွှတ်တော်တွင်း အသံတိတ်နေဆဲ မြောက်ပိုင်းတိုက်ပွဲသံများ

Posted by drmyochit Friday, August 31, 2012, under | No comments



တစ်နှစ်ကျော် ကာလအတွင်း တိုက်ပွဲပေါင်း တစ်ထော င်ကျော် ဖြစ် ပွား ခဲ့ပြီး စစ်ပြေးဒုက္ခသည် သောင်းနှင့်ချီရှိနေကာ စစ်အသုံး စရိတ်များစွာ ကုန်ကျနေသော က ချင်စစ်ပွဲများနှင့် ပတ်သက်၍ ကျင်း ပနေဆဲ လွှတ်တော်များတွင် ယနေ့ အထိ ကျယ်ကျယ်ြ ပန့်ပြန့် ဆွေး နွေးခဲ့ခြင်း မရှိသေးပေ။
နိုင်ငံတကာစောင့်ကြည့် လေ့လာသူများက မြန်မာနိုင်ငံ၏ အသွင် ကူးပြောင်းရေးတွင် အကြီးမားဆုံး စိန်ခေါ်မှုအဖြစ် ရှုမြင်ကြသော ကချင်တိုက်ပွဲ များအရေးကို ကျင်းပနေသော လွှတ်တော်များ တွင် အဓိကထား ဆွေးနွေးလိမ့် မည်ဟု လွှတ်တော်အစည်းအ ဝေးများ မစမီက ခန့်မှန်းခဲ့ကြ သော်လည်း ယခုဇူလိုင်တွင် စတင် ခဲ့သည့် လွှတ်တော်အစည်းအဝေး များ ခေတ္တရပ်နား တော့မည့်အချိန် အထိ ရေရေရာရာ ဆွေးနွေးခြင်း မရှိသေးပေ။ သမ္မတဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ် လက်ထက်တွင် ငြိမ်းချမ်းရေးဖော်ဆောင် ရာ၌ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း ဆယ်ဖွဲ့နှင့် အ ပစ်အခတ်ရပ်စဲရေး သဘောတူ ညီချက်များ လက်မှတ်ရေးထိုး နိုင်ခဲ့ပြီဖြစ်သော်လည်း ကချင်လွတ် လပ်ရေးအဖွဲ့ (KIO) ကျန်ရှိနေသေးသည်။ မြန်မာနိုင်ငံ၏ အရေးကြီး သော ပြဿနာဖြစ်သည့် ကချင်လွတ်မြောက် ရေးတပ်မတော် (KIA) နှင့် တိုက်ပွဲများ ဖြစ်ပွားလာခဲ့ သည်မှာ သြဂုတ်လ ၂၇ ရက်ထိ ဆိုလျှင် ရက်ပေါင်း ၄၄၇ ရက်ရှိပြီဖြစ်သည်။ ထိုရက်များအတွင်း တိုက်ပွဲပေါင်းထောင်ချီ ဖြစ်ပွားခဲ့သော ကြောင့် ကချင်ပြည်နယ်တွင်း ရှိခုနစ်သောင်းသော ပြည်သူများနှင့် ရှမ်းပြည်နယ်မှ သုံးထောင်ကျော် သော ပြည်သူများမှာ စစ်ဘေး ဒုက္ခသည်ဘ၀ဖြင့် ထွက်ပြေးတိမ်း ရှောင်နေကြရသည်။ ကချင်စစ်ပွဲများသည် မြန်မာ ပြည်တွင်း ဖြစ်ပွားခဲ့သော စစ်ပွဲ များအနက် စစ်အသုံးစရိတ် အ ကြီးမားဆုံး ဟု နိုင်ငံရေးလေ့လာ စောင့်ကြည့်သူများက ခန့်မှန်းသုံး သပ်နေကြသော်လည်း ယခုအ ချိန်ထိ စစ်အသုံးစရိတ် အပါအ၀င်စစ်ပွဲနှင့်သက်ဆိုင်သော အသေးစိတ် အချက်အလက်များကိုမူ မည် သူမျှတိ ကျရေရာစွာ မထုတ်ပြန်ပေ။ နိုင်ငံတော်သမ္မတက ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်တွင် မိမိ ကိုယ်ကို ခုခံကာကွယ်ခြင်းမှလွဲ၍ ထိုးစစ်ဆင်ခြင်းမပြုရန် ညွှန်ကြား ချက်ထုတ်ခဲ့သော်လည်း တိုက်ပွဲ များ ရပ်တန့်သွားခြင်းမရှိဘဲ ၂၀၁၂ ခုနှစ် ဧပြီလဆန်းမှ စတင်ကာ တိုက်ပွဲများ အရှိန်မြင့်လာပြီး စစ် ဘေးဒုက္ခသည် အရေအတွက်မှာ လည်း ခုနစ်သောင်းနီးပါး ရှိလာသည်။ ပြီးခဲ့သော သြဂုတ် ၂၀ ရက် က ပြည်သူ့လွှတ်တော်တွင် တိုက် ပွဲများနှင့် ပတ်သက်၍ ရှမ်းပြည် နယ်မြောက်ပိုင်း၊ မိုင်းရယ်မဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဦးစိုင်းသီဟကျော်က တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ကြား အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီးသော်လည်း မည် သည့်အတွက်ကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ သည်ကိုမေးမြန်းခဲ့သည်။
ထိုမေးမြန်းချက်ကို ပြည် ထောင်စု ငြိမ်းချမ်းရေးနှင့် ဖော် ဆောင်ရေးလုပ်ငန်း ကော်မတီ ဒု တိယဥက္ကဋ္ဌ ဦးအောင်မင်းက တိုင်း ရင်းသားလက်နက်ကိုင် အရေးကိစ္စ များမှာ လွတ်လပ်ရေး ရပြီးချိန်မှ စတင်ဖြစ်ပွားခဲ့သော ကိစ္စများဖြစ်ပြီး နှစ်ပေါင်း ၆၀ ကျော်ကြာမြင့်ခဲ့သော ပြဿနာများကို တစ် ရက်တည်း၊ တစ်ထိုင်တည်း ဖြေရှင်းရန် မလွယ်ကူကြောင်း ပြောကြားခဲ့သည်။ ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် တိုင်းဒေသကြီးအဆင့်နှင့် ပြည်နယ်အဆင့်၊ ပြည် ထောင်စုအဆင့်နှင့် ပြည်ထောင်စု လွှတ်တော်အဆင့်ဟူ၍ သုံးဆင့်ဖြင့် ဆောင်ရွက်ရန် သမ္မတက လမ်းညွှန်ထားကြောင်း ရှင်းပြခဲ့သည်။ ရှမ်းပြည်နယ်အတွင်း ဖြစ် ပွားခဲ့သည်များမှာ လုပ်ငန်းစဉ် တွင်ပါသော နှစ်ဖက်တပ်များ နေ ရာချထားရေး မပြုနိုင်သေးခြင်း၊ ဆက်ဆံရေးရုံးများ မဖွင့်လှစ်နိုင် သေးခြင်းတို့ကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်ဟု ၎င်းင်းက သုံးသပ်သွားသည်။ ရှမ်းပြည်နယ်နှင့် ပတ်သက် ၍ ဖြစ်ပွားနေသော တိုက်ပွဲများ အကြောင်းကို ရှင်းလင်းပြောကြား သွားကာ ကရင်အဖွဲ့ဖြစ်သော ကေအင်န်ယူနှင့် ပတ်သက်ပြီး အ နည်းငယ်ရှင်းလင်း ပြောကြားသွား သော်လည်း ကချင်စစ်ပွဲများကိစ္စနှင့် ပတ်သက်၍မူ တိတိပပ ပြောကြားသွားခြင်း မရှိသဖြင့် ကချင်လူမှုရေး အဖွဲ့အစည်းများ၊ နိုင်ငံရေး လေ့လာစောင့်ကြည့်သူများ မချင့် မရဲဖြစ်ခဲ့ရသည်။ ''ကချင်ကိစ္စကို ရှင်းရှင်းလင်း လင်း ပြောမသွားဘူး။ ဒီကိစ္စကို တင်ပြဖို့ အချိန်နည်းနည်း စောင့်ကြည့်နေတာပါ။ လက်ရှိမှာ အောက်ခြေမှာ မတည်မငြိမ်ဖြစ်နေတယ်။ ဒီကိစ္စတွေကို ကာကွယ်ရေးဦး စီးချုပ်က လာပြီးဖြေရှင်းပေး ရမှာဖြစ်ပေမယ့် ပြည်သူတွေသိ အောင် ဖြေရှင်းမပေးတဲ့အပေါ် စိတ်မကောင်းဘူး''ဟု ကချင်တိုင်း ရင်းသူ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်ဒွဲဘူက 7Day News၏ မေးမြန်းချက် ကို ဖြေကြား သည်။ ရခိုင်တိုင်းရင်းသား အမျိုး သားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကမူ ''တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီး ချုပ်တို့ဆိုတာ ကာကွယ်ရေး လုံခြုံရေးကောင်စီနဲ့ပဲ ဆိုင်တယ်ထင်တယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အစိုးရအဖွဲ့ကိုယ်စား ၀န် ကြီးတွေက ဖြေတာပဲရှိတယ်။ အပစ်အခတ် ရပ်စဲရေးအဖွဲ့တွေနဲ့ စစ်တပ်နဲ့ တိုက်ပွဲအချို့ပြန်ဖြစ်တာ ကိုတော့ နည်းလမ်းတစ်ခုရှာ ဖြေ ရှင်းသင့်တယ်။ သူတို့ပြောသလို အထက်အမိန့်က အောက်ခြေကို မရောက်လို့ဆိုတာကို ကျွန်တော် လုံးဝလက်မခံဘူး။ လက်နက်ကိုင် အဖွဲ့ဟာ အဲဒီလို အမိန့်စီးဆင်းမှု မထိရောက်ရင် ပြိုကွဲသွားမှာပေါ့'' ဟု မှတ်ချက်ပြုပြောကြားခဲ့သည်။ လွှတ်တော်နှင့် ပြည်ထောင် စုအစိုးရအဖွဲ့ ဆက်သွယ်မှုအဖြစ် လွှတ်တော်မှ မေးခွန်းမေးမြန်းခြင်း များအား သတ်မှတ်စည်းကမ်း နည်းလမ်းများနှင့်အညီ ဖြေကြား နိုင်ခြင်းကို ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးများ ဖြေကြားနိုင်သည်ဟု ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ တွင် ပြဋ္ဌာန်းထားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၇) တွင် တပ်မတော်၏အခန်းကဏ္ဍကို ''နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့ အစည်းအားလုံးသည် တပ်မတော်၏ကွပ်ကဲမှု အောက်တွင်ရှိရမည်၊ တပ်မတော်၏ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ရမည်'' ဟု ဖော်ပြထားသည်။
''ခုနောက်ပိုင်းမှာတော့ တိုက် ပွဲတွေ ပိုဖြစ်လာတယ်။ အဲဒါဟာ ဘာကိုပြသလဲဆိုတော့ အုပ်ချုပ် ရေးပိုင်း မှာ ပြဿနာရှိ နေတာကို တွေ့ရပါတယ်။ အထက်ကအမိန့် ကို အောက်ကမနာခံတာကို ပြ တယ်။ ရှေ့ဆက်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အောင်မြင်ဖို့ဆို စစ်တပ်ရဲ့အခန်းကဏ္ဍအများ ကြီးပါတာကို တွေ့ရတယ်'' ဟု အ သက် ၄၀ အရွယ် နိုင်ငံသားတစ် ဦးဖြစ်သူ ဦးဇော်မင်းကျော် က ပြောကြားသည်။ ကချင်ပြည်နယ်ရှိ စစ်ပွဲနယ် မြေများသို့ ပြီးခဲ့သော လအနည်း ငယ်က သွားရောက်ခဲ့သလို အစိုး ရအဖွဲ့မှ ငြိမ်းချမ်းရေးဖော်ဆောင် ရေးကော်မတီဝင် ၀န်ကြီးများနှင့် လည်း တွေ့ဆုံဆွေးနွေးခဲ့သူ ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင် ကိုမြအေးက ''ဒီလို လက် နက်ကိုင် တပ်ဖွဲ့တွေနဲ့ ဖြစ်တဲ့ ကိစ္စ တွေကို တာဝန်အရှိဆုံးဖြစ်တဲ့ တပ် မတော်ကာကွယ် ရေးဦးစီးချုပ်နဲ့ ဒု တိယတပ်မတော် ကာကွယ်ရေးဦး စီးချုပ်တို့က လွှတ်တော်ထဲမှာ လာ ရောက်မဖြေရှင်းဘူးဆိုတာ အခြေ ခံဥပဒေမှာ ကိုက ပြဿနာဖြစ်နေ တာ။ တခြားနိုင်ငံတွေမှာဆို ကာ ကွယ်ရေးဦးစီးချုပ်က ကာကွယ် ရေးဝန်ကြီး ရဲ့ အောက်မှာရှိတယ်။ ဒီမှာတော့ တပ်ချုပ်က ကာကွယ် ရေးဝန်ကြီးရဲ့ အထက်ကို ရောက် နေတယ်''ဟု သုံးသပ်သည်။
ကိုမြအေးက ငြိမ်းချမ်းရေး ရ နိုင်ရန်မှာမူ တွေ့ဆုံဆွေးနွေးရေး သာလျှင် တစ်ခုတည်းသော လမ်း ကြောင်းဟု ထင်မြင်ယူဆသည်။ အစိုးရသစ်လက်ထက်တွင် ဖွဲ့စည်းလိုက်သော ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်လွတ်လပ်ရေး အဖွဲ့(ကေအိုင်အို)တို့ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုကို သုံးကြိမ် တိုင် ပြုလုပ် ခဲ့ပြီးဖြစ်ေ သ်ာလည်း မအောင်မြင်သေးပေ။ သို့သော် ယခု ရက်ပိုင်းအတွင်း လေးကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးရန် တွေ့ဆုံမည့်နေရာ စတင်ညှိနှိုင်းနေကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်တစ်ဦးက ပြော သည်။ စတုတ္ထအကြိမ်မြောက် တွေ့ ဆုံဆွေးနွေးမှု မဖြစ်သေးသော် လည်း သြဂုတ်လ နောက်ဆုံးပတ် တွင် ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသတွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး တစ်ပတ်အတွင်း စစ်ဘေးဒုက္ခသည် အသစ်ဦးရေ ခြောက်ထောင်ကျော်ခဲ့ပြီဖြစ်သည်။
တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံသို့ပြန်ပို့သော စစ်ဘေးဒုက္ခသည်ဦးရေမှာလည်း လေးထောင်ကျော်ရှိပြီး ယင်းတို့အတွက် နေထိုင်ရေး၊စားသောက်ရေးနှင့် မကြာမီရောက်ရှိတော့မည့် ဆောင်းရာသီ အတွက်အအေးဒဏ် ခံနိုင်ရန် စသဖြင့် ဒုက္ခ သည်များအရေးမှာ အစိုးရအဖို့ကြီးမားသည့် ပြဿနာအဖြစ် တည်ရှိနေဆဲဖြစ်သည်။ ၁၉၉၄ ခုနှစ်မှ စတင်ကာ ၂၀၁၁ အထိ ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရခဲ့သော ကချင်လွတ်မြောက်ရေး တပ်မတော်နှင့် နယ်ခြားစောင့် တပ်ကိစ္စကြောင့် နှစ်ဖက်တင်းမာကာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွား ခဲ့ရာ ယနေ့တိုင်ပင်ဖြစ်သည်။ သမ္မတဦးသိန်းစိန်က ၂၀၁၂ မေ၁ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရန် ပြည် ထောင်စုငြိမ်းချမ်းရေးဖော်ဆောင် ရေး ဗဟိုကော်မတီနှင့် လုပ်ငန်း ကော်မတီတို့ကို ဖွဲ့စည်းလိုက်ပြီး သမ္မတကိုယ်တိုင် ဗဟိုကော်မတီ တွင် ဥက္ကဋ္ဌအဖြစ် ပါဝင်၍ လုပ် ငန်းကော်မတီဥက္ကဋ္ဌအဖြစ် ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း က တာဝန်ယူပြီး ကာကွယ်ရေး ဦးစီးချုပ်မှာ ဒုဥက္ကဋ္ဌအဖြစ် ပါဝင် ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံသားအချင်းချင်း တိုက် နေကြသော ပြည်တွင်းစစ်မီး ချုပ် ငြိမ်းသွားအောင် အစိုးရအဖွဲ့ဖြစ် စေ၊ လွှတ်တော်ကပင်ဖြစ်စေ၊ မည် သည့်မဏ္ဍိုင်ကဖြစ်စေ စွမ်းဆောင် နိုင်ခဲ့မည်ဆိုလျှင် သမိုင်းဝင် ငြိမ်း ချမ်းရေး အကျိုးဆောင်အဖြစ် မှတ်ကျောက်တင် ခံရမည်ဖြစ်သည်။ ကမ္ဘာ့အရှည်ကြာဆုံး ပြည် တွင်းစစ်များဖြစ်ပွားခဲ့သော နိုင်ငံ အဖြစ်မှ ပြည်တွင်းစစ်မီးချုပ်ငြိမ်း သွားပါက မြန်မာပြည်သူတိုင်း တောင့်တလျက်ရှိသော ဒီမိုကရေစီနိုင်ငံသစ်အဖြစ်သို့ ရောက်ရှိမည် မှာ မလွဲပေ။

 

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်