
တခါတုန်းက ကောသမ္ဗီပြည်ရဲ့ ရွာငယ်တခုမှာ ထင်ရှားတဲ့ လက္ခဏာဆရာ ဇနီးမောင်နှံ နှစ်ဦး ရှိပါတယ်။ အဲဒီ ဇနီးမောင်နှံမှာ အင်မတန်ချောမောလှပတဲ့ သမီးကညာ တဦးလည်း ရှိပါသတဲ့။ မာဂဏ္ဍီဟာ တော မှာမွေး တဲ့ တောသူမလေးဆိုပေမယ့် ရုပ်ရည်လက္ခဏာဟာ ကတော်ဆယ်ပါး တပါးအပါအ၀င်ဆိုတဲ့ ရုပ်မျိုးဖြစ် သလို ဗေဒင်လက္ခဏာ ကိန်းခန်းတွေအရ ကြည့်ရင်လည်း မလွဲမသွေ ကတော်ဖြစ်မယ့် ဇာတာရှင် ပါတဲ့။ ဒီတော့လည်း မိဘတွေက သူတို့ကညာ အရွယ်ရောက်ပြီဆိုကတည်းက ရုပ်ရည် လက္ခဏာနှင့် တထပ်တည်းဖြစ်နိုင်ဖို့ သူ့သမီးရဲ့...