Sunday, October 06, 2013

နမ္မတူမြစ်အတွင်း လူသေလောင်းများပေါ်

Posted by drmyochit Sunday, October 06, 2013, under | No comments


စက်တင်ဘာ နောက်ဆုံးပတ် နှင့် အောက်တိုဘာလဆန်းပိုင်းအတွင်း သျှမ်းပြည်မြောက်ပိုင်း နမ္မတူ မြစ်အတွင်း လူသေအလောင်း ၁၁ လောင်းတွေ့ရှိရကြောင်း လှေသမားများက ပြောပါသည်။

“ပြီးခဲ့တဲ့ အပတ်တုန်းက ၁၀ လောင်းမနေ့က တလောင်း ပေါ်တယ်။ ရေဂိတ်ကျောက်ဆောင်မှာ၊ ကမ်း ဘေးမှာ တင်နေတာ” - ဟု အမည်မဖေါ်လိုသည့် လှေသမား တဦး ကပြောသည်။

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းယင်ကျေးရွာအုပ်စု နမ္မတူမြစ်အတိုင်း အောက်ဘက် ၁၀ မိုင် ခန့် ကစ်ဟုခေါ်သော မြစ်ကျဉ်းတွင် စက်တင်ဘာ ၂၈ ရက်နေ့က အလောင်း ၉ လောင်း၊ ၂၉ ရက်နေ့က တလောင်း၊ အောက်တိုဘာ ၃ ရက်နေ့က တလောင်း သောင်တင်နေခဲ့သည်ကိုတွေ့ရကြောင်း ဒေသခံ များနှင့် လှေသမား များကပြောပါသည်။

“ကျနော်တို့ မြစ်ဆိပ်က သုံးနေရာရှိတယ်။ ဟော်နားဆိပ်၊ နားလိန်းဆိပ်၊ နားဝိန်းဆိပ်ဆိုပြီးတော့။ တိုက် ပွဲ ဖြစ်တာက နားဝိန်းဆိပ် ကပေါ့။ အခုတွေ့တဲ့အလောင်းတွေက အစိုးရတပ်က စစ်ဝတ်စုံတွေနဲ့ဘဲ။ တိုက်ပွဲမှာကျတဲ့ စစ်သားတွေဘဲနေမှာ” - ဒေသအတွင်းရပ်ရွာအကြီးအကဲ တဦးက ပြောပါသည်။

အောက်တိုဘာ ၁ ရက်နေ့ကလည်း အစိုးရစစ်တပ် ခမရ ၅၀၄ က မိုင်းယင်အုပ်စု မိုင်းယင် ဘုန်းကြီး ကျောင်းတိုက်တွင် တိုက်ပွဲကျ တပ်သားများအတွက် ရည်စူးကာ အလှူအတန်းပြုလုပ်ပေးကြကြောင်း၊ မြစ်ချောင်းအတွင်းမျောပါသည့် အလောင်းများနှင့်စပ်ဆိုင်သည်ဟု ထင်ရကြောင်း မိုင်းယင်ကျေးရွာ အုပ်စုမှ ရပ်ရွာအကြီးအကဲတဦးက ပြောပါသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက်နေ့က အစိုးရတပ် အင်အား ၅ ရင်းက နမ္မတူမြစ်တောင် ဘက်ခြမ်းမှ တဘက်ကမ်းသို့ကူးကာ သျှမ်းပြည်တပ်မတော်မြောက်ပိုင်းအမည်ရ SSPP/SSA နှင့်တိုက်ပွဲဖြစ်ပွားခဲ့ သည်။ ထို့အတူ အောက်တိုဘာ ၂၅ ရက်နေ့တွင်လည်း နမ္မတူမြစ်မြောက်ဘက်ခြမ်း ဝမ့်ဆာလုံအုပ်စု ဝမ့်လွတ်လုံရွာအနီးအတွင်လည်း SSPP/SSA တပ်နှင့် တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့ပါသေးသည်။

နမ္မတူမြစ်အတွင်းမျောပါသည့် အလောင်းများမှာ ထိုတိုက်ပွဲများမှ ကျဆုံးသည့် ရဲဘော်ကေဒါများ ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။

သျှမ်းသံတော်ဆင့်


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်