Monday, December 03, 2012

တစ်မူထူးခြားသော ရေငုပ်သင်္ဘော အီရန်ရေတပ်ပြသ

Posted by drmyochit Monday, December 03, 2012, under | No comments


အီရန်ရေတပ်သည် ၎င်းတို့၏ တစ်မူထူးခြားသော စိမ်းပြာရောင်ခြယ်ထားသည့် Sina 7 အမည်ရှိ ရေငုပ် သင်္ဘောသစ်တစ်စင်းကို နိုဝင်ဘာနှောင်း ပိုင်းက နိုင်ငံပိုင် ရုပ်မြင်သံကြားတိုက်ရိုက် ထုတ်လွှင့် မှု အစီအစဉ်မှ တစ်ဆင့် ပြည်သူများထံသို့ ထုတ်ဖော်ပြ သခဲ့ကြောင်း သိရသည်။ အလွယ်တကူရှာ ဖွေတွေ့ရှိနိုင်သည့် အတွက်မည်သည့် စစ်တပ်ကမျှ ရေငုပ်သင်္ဘောများကို စိမ်းပြာရောင်ခြယ် သခြင်းမရှိကြောင်း၊ သင်္ဘောတည်ဆောက် သူများအနေဖြင့် အရောင်မှားယွင်းခြယ်သခဲ့ သည်ဟု ယူဆရကြောင်းနှင့် အဆိုပါအရောင်သည် သင်္ဘော ကို သမုဒ္ဒရာရေပြင်နှင့် သဟဇာတဖြစ်စေကာ အထောက် အပံ့ပေးနိုင်မည်ဟု ယူဆဟန်တူကြောင်း Daily Mail က ပြောကြားခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဟော့ဇ်မုဇ်ရေလက်ကြားအနီးရှိ ဘန်ဒါအက် ဘက်စ်မှ ထွက်လာသော Sina 7 နှင့် ဂါဒီအာ အမျိုးအစားရေငုပ် သဘောင်္နှစ်စင်းသည် နိုင်ငံ၏ စစ်တပ်အင်အားကို ကိုယ်စားပြုကြောင်း အီရန်နိုင်ငံက ပြောကြား သည်။ အစ္စလာမ်မစ် တော်လှန်ရေးတပ်ဖွဲ့ တည်ထောင်သည့် အချိန်မှစ၍ မိမိတို့အနေဖြင့် အခြားနိုင်ငံများမှ အကူအညီ ရယူခဲ့ခြင်း မရှိကြောင်း နိုင်ငံ၏ အင်အားလိုအပ်ချက်အတွက် မိမိတို့ကိုယ်တိုင်သာ ရပ်တည်လုပ်ဆောင် ခဲ့ကြောင်း ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ်လွှင့်မှု အစီအစဉ်တွင် အီရန်ရေတပ် တပ်မှူး ဟာဘီဘိုလာဆေယာရီက ပြောကြားခဲ့သည်။ Sina 7 သည် သင်္ဘော ဖျက်ဒုံးကျည်များ ပစ်ခတ်နိုင်စွမ်းရှိပြီး ကာကွယ်ရေး မဟာဗျူဟာသစ်၏ အဓိကအချက်အချာဖြစ် ကြောင်း အီရန်အစိုးရအဖွဲ့က ပြောကြားခဲ့သည်။ ထို့အပြင် ပြန်လည်မွမ်းမံထားသည့် ရှပ်ပြေးသင်္ဘော နှစ်စင်းကိုလည်း ရုပ်သံတိုက်ရိုက် ထုတ်လွှင့်မှု အစီအစဉ်တွင် ပြသခဲ့ကြောင်း သိရသည်။
 Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်