Friday, January 18, 2013

ဂမ်ရှောင်၏ စိတ်ကူးယဉ် အိမ်မက်များ ပြိုကွဲပျက်စီးခြင်း

Posted by drmyochit Friday, January 18, 2013, under , | No comments


KIA သမိုင်းကြောင်းကို ပြန်ကြည့် လိုက်ပါ။ လွတ်လပ်ရေး ရပြီးနောက် အစိုးရ အဆက် ဆက်က နိုင်ငံတော် တည်ငြိမ်အေး ချမ်းရေးအတွက် အပစ် အခတ်ရပ်၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်တိုင်း KIA က နယ်မြေ တိုးချဲ့၊ လူသစ်စု၊ ဆက်ကြေးကောက်ပြီး အင်အားတောင့် တင်းလာ တာနဲ့ လက်နက်ကိုင် လမ်းကြောင်း ကို ပြန်သွား နေတာ ယနေ့ အထိ ပါဘဲ၊ ၁၉၉၄ ခုနှစ်မှာ ငြိမ်းချမ်းရေး ရယူခဲ့ တာကတည်း ပန်ဆောင်၊ နန်းယွန် ဒေသ၊ ပါဂျို၊ နားဖော့ဒေသတွေမှာ ဗျူဟာအမှားတွေကြောင့် အင်အားချိနဲ့ သွားလို့ မတတ်သာဘဲ အပစ် ရပ်ခဲ့ တာပါ။ သူတို့ အသက် ဆက်နိုင်တဲ့ လမ်းကို ရွေးခဲ့ တာပါ။ ၁၉၉၄ ကနေ၂၀၁၁ အထိ (၁၇)နှစ်တာ ကာလ မှာလည်း ဒေသဖြိုးရေး၊ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး တိုးတက်အောင် ဘာမှ မလုပ်ခဲ့ဘဲ KIA ခေါင်းဆောင်တွေရဲ့ လက် ဆင့်ကမ်း အိမ်မက် အဟောင်း အဆွေးကြီးဖြစ်တဲ့ ၀မ်ပေါင်နိုင်ငံတော်ထူထောင်ရေးကို အသက်သွင်းဖို့ ကြိုးစားနေခဲ့ကြတာ ဂမ်ရှောင် လက်ထက်အထိပဲ။

စာဖတ်သူများ အနေနဲ့ကော ရှေးအစဉ်အဆက်က တည်းက ကချင်ပြည်နယ် ဟာပြည်ထောင် စုကြီးထဲက ပြည်နယ်တစ်ခုပါ။ အခု ကျမှ ပြည်ထောင်စုကြီးထဲက ခွဲထွက်ပြီး ၀မ်ပေါင်နိုင်ငံ ထူထောင်ဖို့ဆိုတာ ဖြစ်နိုင်ပါသလား။ စာဖတ်သူအနေနဲ့ ကော လက်ခံပါသလား?။ ကချင် ပြည်နယ်ဟာ သယံဇာတတွေ ပေါကြွယ်ဝတဲ့ ပြည်နယ်တစ်ခုပါ။ ကေအိုင်အေ ခေါင်းဆောင်တွေဟာ သူတို့ ရဲ့ ကိုယ်ကျိုးစီးပွားအတွက် တခြားနိုင်ငံထဲမှာ အေးအေးချမ်းချမ်းနေပြီး မြန်မာနိုင်ငံ ကချင်ပြည်နယ်ထဲက ကေအိုင်အေ လက်အောက် ငယ်သားတွေ သေချင်တိုင်းသေရော့။ ငါမသေရင်ပြီးတာပဲဆိုပြီး အတင်း တိုက်ခိုင်းတယ်။ တိုက်ပွဲတွေ ဖြစ်နေတဲ့ ကြားထဲက သစ်ထုတ်ခိုင်းတာကကော။ ကေအိုင်အေ ခေါင်းဆောင် တွေဟာ ခေါင်းဆောင် ပီသတယ် ဆိုရင် တခြားနိုင်ငံထဲက Command ပေးနေစရာမလိုပါဘူး။ တစ်ကယ် ယောက်ျား သတ္တိရှိ တယ်ဆိုရင် ကချင်ပြည်နယ်ထဲမှာပဲ နေပြီး Command ပေးနေပါလား။ အခုဟာက  ရှေ့တန်းမှာ စစ်တိုက်နေ တဲ့ ကချင်မလေးတွေလောက်တောင် အဆင့်အတန်းမရှိတဲ့သူ/သူရဲဘောကြောင် တဲ့သူဖြစ်နေ ပါရော့လား။

နိုင်ငံတော်တစ်ခုရဲ့ အစိုးရအသွင်သဏ္ဍာန်မျိုးနဲ့ KIO ကို ဖွဲ့စည်းထားပြီး အကောက်အခွန်၊ လူဝင်မှု ကြီးကြပ်ရေး၊ အခွန်ဦးစီးဌာန၊ သစ်တော၊ ရဲတပ်ဖွဲ့၊ နိုင်ငံခြားရေးစတဲ့ ဌာနဆိုင်ရာ တွေကို နိုင်ငံ့ဝန်ထမ်း လုပ်ခဲ့ ဖူးတဲ့ မျက်ကန်း မျိုးချစ်တွေနဲ့ အခြေခံဖွဲ့စည်းလုပ်ဆောင်နေပြီး စိတ်ကူးယဉ်ဝမ်ပေါင် နိုင်ငံတော်ကြီး တည်ဆောက်နေတာ အမြင် မတော်ပါဘူး။ လူငယ်တွေ၊ အမျိုး သမီးငယ်တွေ ကိုလည်း အကြောင်း ပြကောင်း တဲ့ သင်တန်း အမျိုးမျိုး ဖွင့်ပြီး ကျဉ်းမြောင်းတဲ့လူမျိုးရေး စိတ်ဓာတ်တွေ ရိုက်သွင်းနေ တဲ့တာ လက်တွေ့ ပါဘဲ။ ကချင်လူမျိုးအလွှာစုံက လူတွေစုစည်းပြီး EEDY လို အဖွဲ့တွေဖွဲ့စည်းပြီး လူငယ် များ ပညာရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အကြောင်းပြပေမယ့် တကယ်ကအဖျက်လုပ်ငန်းတွေ လေ့ကျင့်ပေးခဲ့ တာဘဲ၊ ငြိမ်းချမ်းစဉ် ကာလတစ်လျှောက်လုံးမှာ ဆက်ကြေးကောက် ခံငွေကြေးစုဆောင်းခြင်း၊ လူသစ်စု အင်အား တည်ဆောက်ခြင်း၊ လက်နက်ခဲယမ်းထုတ်လုပ်စုဆောင်းခြင်း၊ စစ်သင် တန်း၊ မိုင်းထောင်ဖောက် ခွဲအဖျက် လုပ်ငန်းတွေ လေ့ကျင့်ပေးပြီး ကျဉ်းမြောင်းတဲ့ လူမျိုးရေးအစွဲနဲ့ ၀မ်ပေါင်နိုင်ငံတော်ထူထောင်ဖို့ အစဉ် တစိုက် ကြိုးစား နေခဲ့တာပဲ၊ တကယ်တော့ ကချင်ပြည်နယ်ဆိုတာ ပြည်ထောင် စုကြီးထဲက ပြည်ထောင် စုလေးပါ။

ကချင် ပြည်နယ် အတွင်းမှာ လူဦးရေ (၁၆)သိန်းလောက်ရှိပြီး ရှမ်း၊ ဗမာ၊ ရခိုင်စတဲ့ တိုင်းရင်းသား တွေက (၁၀) သိန်း ၆၁ ရာခိုင်နှုန်းရှိပြီး ကချင်မျိုးနွယ်စုက လူဦးရေ ၆ သိန်း ၃၉ ရာခိုင်နှုန်း လောက်ဘဲရှီတယ်၊ အဲ့ဒီထဲမှာ ဂျိမ်းဖောကချင်က ၃ သိန်း လောက်ပဲရှိတယ်။ အဲ့ဒီလူနည်းစုက အများဆန္ဒကို မျက်ကွယ်ပြုပြီး ၀မ်ပေါင် နိုင်ငံတော်ထူထောင်မယ်ဆိုတာ သဘာဝမကျပါဘူး။ ဒီမိုကရေစီနည်းလမ်းလည်းမကျလို့ လက်မခံ နိုင်ပါဘူး။ ကချင်ပြည်နယ်ရဲ့ အနာဂတ်ကံကြမ္မာကို အစွန်းရောက်လက်နက်ကိုင် ဂျိမ်းဖောကချင်ကပဲ ဦးဆောင် ဖန်တီး နေတဲ့ မျက်ကန်းမျိုးချစ်ဝါဒကို လက်မခံနိုင်ပါဘူး။ အဲ့ဒါကို ဆန့်ကျင်ပြီး ၀မ်ပေါင် နိုင်ငံတော် ထူထောင်ဖို့ လက်နက်ကိုင်လမ်းစဉ်မစွန့်လွှတ်ဘဲ မိုက်တွင်းနက်နေရင်တော့ တပ်မတော်က မူလတာ ၀န်ဖြစ်တဲ့ ဒို့တာဝန် အရေး(၃)ပါးကို ကာကွယ်စောင့်ရှောက်တာကို ဆက်လုပ်သွားမှာပါ။ တပ်မတော်က ပွိုင့်၀၇၇၁ နဲ့ လဂျားယန် ဒေသကို သိမ်းပိုက်ထိန်းချုပ်ထားတာကြောင့် KIA တပ်ဖွဲ့အတွင်း ကွပ်ကဲ မှုပျက်၊ အထက်အောက် ယုံကြည်မှု ပျက်ပြား၊ ငယ်သားတွေလက်နက်ချ၊ ထွက်ပြေးနေတာကြောင့် ဂမ်ရှောင်ရဲ့ ၀မ်ပေါင်နိုင်ငံတော် ထူထောင်ရေး အိမ်မက်တွေ ဆက်မက်နိုင်ဦးမလားလို့ မေးလိုက် ချင်ပါတယ်။

ကချင်ပြည်နယ်သားတစ်ဦး

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်