Friday, January 18, 2013

KIA အပေါ် ဒေသခံများ၏ သဘောထား

ဖားကန့် ဇန်န၀ါရီလ ၁၇ 

ဖားကန့်ဒေ သမှာ ဇန်နဝါရီ လဆန်း ပိုင်းက စပြီး အစိုးရ တပ်နဲ့ KIA ကြား တိုက်ပွဲတွေ အပြင်း အထန်ဖြစ် ပွားလျက် ရှိပြီး KIA တပ်တွေ ဆုတ်ခွာဖို့ပြင် ဆင်နေ တယ်လို့ သိရ ပါတယ်။ အဲဒီဒေ သမှာ ရှိတဲ့ KIA တပ်ရင်း ၆ အနေနဲ့ ဖားကန့်ဒေသကနေ အမြန်ဆုံးဆုတ်ခွါထွက်ပြေးနိုင်ဖို့အတွက် ဖားကန့်ဒေသရှိ ကုမ္ပဏီတွေ ဆီကနေ ၁၀ ဘီးကားတွေနဲ့ စက်ပြင်ဆရာတွေကိုပါ အရေးတကြီး ဆင့်ခေါ်နေတယ်လို့ သိရပါ တယ်။

ဒီနယ်မြေမှာ နေလာတာ ကြာပါပြီ. သူတို့ အနိုင်ကျင့်သမျှ ခေါင်းငုံ့ခံနေရတာ နှစ်ပေါင်း မနည်းတော့ ပါဘူး။ လမ်းဘေး မှာရောင်းတဲ့ ကွမ်းယာဆိုင်၊ အကြော်ဆိုင်ကစပြီး ကုမ္ပဏီကြီးတွေအထိ ရံပုံငွေဆိုပြီး ဆပ်ကြေး တွေကောက် ခံနေတာ။ ဒေသခံတွေအနေနဲ့ကတော့ ဖားကန့်ဒေသကနေ KIA တပ်တွေ ထွက်ပြေး သွားတော့ မှာကို လိုလားလျက်ရှိနေပါတယ်။ KIA ရဲ့ သေနတ်ကိုင်အနိုင်ကျင့်မှုတွေကြောင့် တောင်းသမျှ ပိုက်ဆံပေးခဲ့ ရတာတွေ၊ သူတို့နဲ့အဆင်မပြေလို့ ပစ်သတ်ခံရတာတွေ၊ လူသစ်မပေးနိုင်လို့ လူသစ် အစားငွေကြေး သိန်းချီပေးခဲ့ရတာတွေ ပပျောက်တော့မှာဖြစ်လို့ ဝမ်းသာနေကြပါတယ်။

``သူတို့မှာ ဥပဒေဆိုတာမရှိဘူးလေ။ စိတ်ထဲမှာ မထင်ရင် ပစ်သတ်လိုက်တာပဲ။ ဘယ်သူ့ကိုမှ လဲ သွား တိုင် လို့မရဘူး။ ပိုက်ဆံ ဆိုလဲ အကြောင်း အမျိုး မျိုးပြပြီး တောင်းနေတာ။ တောင်းသမျှ မပေးနိုင် ရင်လဲ ဒီဒေ သမှာ လုပ်ကိုင် စားခွင့် မပေးဘူး။ အဆိုးဆုံးကတော့ သားသမီးတွေကို ဒီမှာခေါ် မထား ရဲဘူး၊ အရွယ်ရောက် တဲ့သားဆိုရင် သူတို့ KIA မှာ စစ်သားလုပ်ခိုင်းတယ်၊ သမီးတွေဆိုရင် လိုင်ဇာမှာ အနီးကပ် ကိုယ်ရံတော် တပ်မှာ အမှုထမ်း ဖို့ခေါ်တယ်၊ ခုလိုမျိုး သူတို့ တပ်တွေ ထွက်သွားတော့ မယ်ဆိုတော့ ငါတို့ အရမ်း ဝမ်းသာတယ်၊ ပျော်တာပေါ့`` ဟု ဖားကန့်ဒေသခံ တစ်ဦး လဲဖြစ် ရှမ်းလူမျိုး တစ်ဦးလဲဖြစ်တဲ့ ဦးအိုက်စံ က ပြောပြ ပါတယ်။

ဖားကန့်ဒေ သမှာရှိတဲ့ ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေ၊ အလုပ် သမားတွေ အနေနဲ့ ကိုယ့် အသက်မွေး ဝမ်းကျောင်း ကိုယ်လုပ် ကိုင်စားရာမှာ တရား ဥပဒေ စိုးမိုး မှုရှိပြီး လွတ်လွတ် လပ်လပ် လုပ်ကိုင် လိုတဲ့ အတွက် တပ်မတော် အနေနဲ့ KIA တပ်တွေကို အမြစ်ပြတ်ချေ မှုန်းပေး ဖို့ လိုလား လျက်ရှိကြောင်း သိရှိ ရပါ တယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်