Friday, January 18, 2013

ဂမ်ရှောင်၊ ဂွမ်မော်တို့ တိုက်ပွဲများ ဆက်တိုက် ပြုလုပ်နေချိန်တွင် နိုင်ငံခြားသို့ ချစ်ကြည်ရေး သွားရောက်နေသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ စင်္ကာပူ၊ မလေးရှား ခရီးစဉ်အတွင်း ဆွေးနွေး ဆောင်ရွက်မှုများ

Posted by drmyochit Friday, January 18, 2013, under | No comments


စင်္ကာပူနိုင်ငံအတွင်း
-------------------
စင်ကာပူ ဝန်ကြီးချုပ်မှ ၂၀၁၄ ခုနှစ်၊ အာဆီယံ ဥက္ကဌ တာဝန် ထမ်းဆောင်ရာတွင် လိုအပ်သော ကူညီမှု များ ပေးရန် အသင့် ရှိပါကြောင်း၊ အလားတူ ၂၀၁၃ခုနှစ်၊ Sea Gamesနှင့် အာဆီယံ တပ်မတော် သေနတ် ပစ် ပြိင်ပွဲအတွက်ပါ ကူညီရန် အသင့်ရှိပါကြောင်း၊ မြန်မာ- စင်ကာပူ နှစ်နိုင်ငံ ဆက်ဆံရေးအား အကောင်း ဆုံး ဖြစ်အောင် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ပြီး လိုအပ်သော ကူညီ ထောက်ပံ့မှုများ ပြုလုပ်ပေး ခဲ့ ပါကြောင်း၊ ယခု မြန်မာ နိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး ပြုလုပ်မှုကို ရှေ့ဆက် သွားစေလိုကြောင်း၊ ပြုပြင် ပြောင်း လဲရေး ကိစ္စမှာ ရှုတ်ထွေးမှု များစွာ ရှိပြီး လွယ်လွယ်ကူကူ လုပ်ဆောင်၍ မရကြောင်း၊ မြန်မာ နိုင်ငံ မြောက် ပိုင်းနှင့် အနောက်ပိုင်းရှိ ပြဿနာ များကို ကောင်းမွန်စွာ ဖြေရှင်း နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ စင်ကာ ပူ နိုင်ငံမှာ သေးငယ်သည့် အပြင် မြန်မာနိုင်ငံ ကဲ့သို့ လူမျိုးစု များစွာ မရှိကြောင်း၊ ကမ္ဘာကြီးမှာ ပြောင်း လဲ နေပြီး စိန်ခေါ်မှု များစွာ ရှိနေကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ပြောင်းလဲမှုကို အချိန်ယူ အဆင့် ဆင့် လုပ်ဆောင် ရမည် ဖြစ်ကြောင်း ပြောကြားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ ဆက်လက် ပြောကြားရာတွင် မြန်မာနိုင်ငံ အနေဖြင့် အခက်အခဲ များ ရှိနေ သော်လည်း ယခုကဲ့သို့ ဖြစ်အောင် ယခင် တပ်မတော် ခေါင်းဆောင် များမှ ဆောင် ရွက်ပေး ခဲ့ခြင်း ဖြစ်ကြောင်း၊ သမ္မတ၏ ဦးဆောင်မှုဖြင့် တည်ငြိမ် အေးချမ်းရေး၊ ပြုပြင် ပြောင်းလဲရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး များ လုပ်ဆောင်နေကြောင်း၊ ပြုပြင်ပြောင်းလဲမှု ဆိုရာတွင် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးများ စသည့် ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ခြင်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် သဘာဝ သယံဇာတ ပေါကြွယ်ဝပြီး၊ မှန်မှန် ကန်ကန်နှင့် တိုင်းပြည် အကျိုးရှိအောင် အသုံးချ နိုင်စေရန် နိုင်ငံတော် အစိုးရမှ မူဝါဒ ချမှတ် ဆောင် ရွက်လျက် ရှိပါကြောင်း၊ မိမိတို့ နိုင်ငံတွင် တိုင်းရင်းသား ၁၃၀ ကျော် ရှိပါကြောင်း၊ အားလုံး တူညီသည့် အမြင်ရှိအောင် ကြိုး စား ဆောင်ရွက် နေပါကြောင်း၊ မြန်မာ နိုင်ငံတော် အစိုးရ အနေဖြင့် ပြုပြင် ပြောင်းလဲရေး အောင်မြင်မည်ဟု ယုံကြည်ပါကြောင်း၊ တပ်မတော် မှလည်း အောင်မြင်အောင် အားပေး ထောက် ခံ ဆောင် ရွက်လျက်ရှိပါကြောင်း၊ မြန်မာတို့သည် မိမိတို့ တိုင်းပြည်ကို ချစ်ကြောင်း၊ တိုးတက် လိုကြပါကြောင်း၊ ပြင်ပမှ အမြင်များနှင့် မြန်မာနိုင်ငံ သားတို့၏ ခံယူချက်များ မတူညီ သည်များ ရှိသဖြင့် ပြင်ပအား များစွာ ထိတွေ့ ဆက်ဆံ၍ သဘော ပေါက်အောင် ကြိုးစားနေကြောင်း ပြောကြားသည်။

စင်ကာပူ ဝန်ကြီးချုပ်မှ ဆက်လက် ပြောကြားရာတွင် မိမိသည်လည်း တပ်မတော်တွင် တာဝန် ထမ်းဆောင် ခဲ့ဖူးသဖြင့် နားလည်ပါကြောင်း၊ လုံခြုံရေးမှာ အရေးကြီးဆုံး အစိတ်အပိုင်းတွင် ရှိပါကြောင်း၊ စင်ကာပူ တပ်မတော်နှင့် မြန်မာ တပ်မတော်တို့ တည်ရှိမှုချင်း ကွာခြားပါကြောင်း၊ လွန်ခဲ့သော နှစ် ၅၀ အတွင်းမြန်မာ့ သမိုင်းတွင် တပ်မတော်သည် အဓိက အရေးပါသည့် အခန်း ကဏ္ဍတွင် ပါဝင် ခဲ့သော်လည်း စင်ကာပူ တပ်မတော် အနေဖြင့် ထိုကဲ့သို့ မရှိ ခဲ့ပါကြောင်း၊ မြန်မာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ တာဝန် ယူမှု အပိုင်းမှာ အလွန် များပြားသည်ကို သိရှိပါကြောင်း၊ မိမိနိုင်ငံ အနေဖြင့်လည်း နိုင်ငံကြီးများ ဝန်းရံ နေသဖြင့် အားလုံးနှင့် မိတ်ဆွေ အဖြစ်သာ ဆက်ဆံပါကြောင်း၊ နိုင်ငံသား တိုင်းမှာ မိမိ ဆောင်ရွက် သမျှ နိုင်ငံတစ်ခု၏ အနေအထား အတိုင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် သမ္မတကြီး ဦးသိန်းစိန် အားလည်း ဆုမွန်ကောင်း တောင်း အပ်ပါကြောင်း ပြောကြား ခဲ့သည်ဟု သတင်း ရရှိသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စင်ကာပူ တပ်မတော်မှ ရေတပ် စစ်ဦးစီးချုပ် လိုက် ပါ၍ RSN Supreme ဖရီးဂိတ် စစ်သင်္ဘောသို့ ဆက်လက် ထွက်ခွာလာရာ စစ်သင်္ဘောရှိ ဂုဏ်ပြု တပ်ခွဲ မှ pipe မှုတ်၍ ရေတပ်မတော် အစဉ်အလာ အတိုင်း အလေးပြုပြီး တာဝန် ရှိသူများမှ လှိုက်လှဲစွာ ခရီးဦး ကြိုဆို နှုတ်ဆက်ကြသည်။ ၎င်းနောက် စစ်သင်္ဘောအတွင်း လှည့်လည် ကြည့်ရှု လေ့လာကြကာ စစ်သင်္ဘော ပေါ်ရှိ ဧည့်သည်တော် မှတ်တမ်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ မှတ်တမ်းတင် လက်မှတ် ရေးထိုး သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ ဝင်များသည် ဇန်န ဝါရီ ၁၅ ရက်၊ နေ့လည်ပိုင်းတွင် Shangri-La Hotel State Room ၌ စင်ကာပူ သမ္မတ နိုင်ငံ ကာကွယ်ရေး ဝန်ကြီး Dr. Ng Eng Hen နှင့်တွေ့ဆုံ ဆွေးနွေးသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြပြီး စင်ကာ ပူ သမ္မတ နိုင်ငံ ကာကွယ်ရေး ဝန်ကြီး နှင့်အတူ စင်ကာပူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တာ ဝန် ရှိသူများ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် ဒေသတွင်း လုံခြုံရေးနှင့် ပတ်သတ်၍ အာဆီယံမှ ဆောင်ရွက် ထားရှိမှု အခြေအနေ များ၊ နှစ်နိုင်ငံ တပ်မတော် ပူးပေါင်း ဆောင်ရွက်မှု၊ အခြေခံ အဆောက် အအုံ များ ဖော်ဆောင်ရေး ကိစ္စရပ် များနှင့် ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ အာဆီယံ အလှည့်ကျ ဥက္ကဌ တာဝန် ထမ်းဆောင်ရာတွင် ကြုံတွေ့ ရနိုင်မှု များအပေါ် အမြင်များ၊ ၂၀၁၃ ခုနှစ် Sea Games နှင့် အာဆီယံ သေနတ်ပစ် ဆိုင်ရာ ကိစ္စရပ်များ၊ လေ့ ကျင့် ရေးဆိုင်ရာ ကိစ္စရပ်များ၊ အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေး ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး ကြပြီး အထိမ်း အမှတ် တံဆိပ်များ အပြန်အလှန် လဲလှယ်ကြသည်။

မလေးရှားနိုင်ငံအတွင်း
=============
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင် များသည် မလေးရှား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဧည့်ခန်းဆောင်၌ မလေးရှား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ် အဆင့်မြှင့် ပူးပေါင်း ဆက်ဆံရေး၊ လေ့ကျင့်ရေး ကိစ္စရပ်များ လန်ကာဝီ ကျွန်းတွင် ကျင်းပ သော အပြည်ပြည် ဆိုင်ရာ ရေတပ်၊ လေတပ် ဆိုင်ရာ သရုပ်ပြပွဲသို့ တပ်မတော် (ရေ/လေ)မှ ကိုယ်စားလှယ်များ စေလွှတ်ရေး ကိစ္စရပ် များအား ဆွေးနွေးပြီး ဧည့်သည်တော် မှတ်တမ်း စာအုပ် တွင် မှတ်တမ်းတင် လက်မှတ် ရေးထိုးကာ အထိမ်းအမှတ် တံဆိပ်များ အပြန်အလှန် လဲလှယ်ကြပြီး အမှတ်တရ စုပေါင်း ဓာတ်ပုံ ရိုက်ကြသည်။

ဆက်လက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မလေး ရှားနို င်ငံ ကာကွယ်ရေး ဝန်ကြီးအား ဝန်ကြီးရုံး ဧည့်ခန်း ဆောင်၌ တွေ့ဆုံ၍ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးနှင့် ဆေးပညာနှင့် သက်ဆိုင်သည့် လေ့ကျင့်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ လန်ကာဝီ ကျွန်းတွင် ကျင်းပသော အပြည်ပြည် ဆိုင်ရာ ရေတပ်၊ လေ တပ် ပြပွဲသို့ မြန်မာ့ တပ်မတော်မှ တက်ရောက်ရေး ကိစ္စရပ် များအား ဆွေးနွေး ကြသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧည့် သည်တော် မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင် လက် မှတ် ရေးထိုးပြီး အထိမ်းအမှတ် တံဆိပ်များ အပြန်အလှန် လဲလှယ်ကာ တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ်မှ ကာကွယ်ရေး ဝန်ကြီးအား လက်ဆောင် ပေးအပ်ပြီး စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကြသည်။ 

(မြ၀တီ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်