Friday, January 18, 2013

မီဒီယာကို ဖိနှိပ်သော ဥပဒေများ ရုပ်သိမ်းသင့်ကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့  မြန်မာကို တိုက်တွန်း

Posted by drmyochit Friday, January 18, 2013, under | No comments

Photo: မီဒီယာကို ဖိနှိပ်သော ဥပဒေများ ရုပ်သိမ်းသင့်ကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့  မြန်မာကို တိုက်တွန်း

ဝါရှင်တန်၊ ဇန်နဝါရီ ၁၇။

မြန်မာအစိုးရသည် နိုင်ငံ၏ ကာလရှည်ပိတ်ဆို့ခဲ့သာ မီဒီယာကို
ပြန်လည်ဖွင့်လှစ်ပေးရာ၌ တိုးတက်မှုများကို အာမခံချက်ပေးနိုင်ရန် ဂျာနယ်လစ်များအတွက် လိုက်နာရမည့် ကျင့်ဝတ်များကို ဖွံ့ ဖြိုး
စေသင့်ပြီး  ဖိနှိပ်သော ဥပဒေများကို ရုပ်သိမ်းသင့်ကြောင်း နယ်စည်း မခြားသတင်းထောက်များအဖွဲ့ ( Repoter Without Borders/RWB) က ပြောကြားလိုက်သည်။

ပြင်သစ်နိုင်ငံ ပါရီမြို့အခြေစိုက် ယင်းအဖွဲ့ သည် မြန်မာနိုင်ငံသို့ 
မကြာမီက လာရောက်လည်ပတ်ခွင့်ရခဲ့ပြီး  မြန်မာအစိုးရ၏ 
တိုက်ရိုက်ဆင်ဆာ ကျင့်သုံးမှု ရပ်ဆိုင်းခြင်းအပါအ၀င် အစိုးရ၏
ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်မှုများကို မြင်တွေ့ ခွင့်ရခဲ့သည်။

ယနေ့နံနက်ပိုင်းက ထုတ်ပြန်ခဲ့သောအဖွဲ့ ၏ အစီရင်ခံစာ၌ မြန်မာ
နိုင်ငံရှိ အကျဉ်းထောင်များတွင် မည်သည့် စာနယ်ဇင်းသမား၊ 
ဘလော့ဂါတစ်ဦးမှ မရှိတော့ကြောင်း၊ ပြုပြင်ပြောင်းလဲမှုများမှာ
ပုဂ္ဂလိက မီဒီယာအတွက် ကနဦးကာလ၌ပင် အဆင်ပြေခဲ့ကြောင်း 
အသိအမှတ်ပြု ဖေါ်ပြထားသည်။

ကြေငြာချက်၌ “စာနယ်ဇင်းသမားတွေဟာ သူတို့ ပိုပြီး ကျယ်
လောင်စွာ ပြောဆိုနိုင်တာကို ယုံကြည်မှု ရှိလာကြပါတယ်။ 
သူတို့ဟာ အာဏာပိုင်တွေကို ဝေဖန်တဲ့ ဆောင်းပါးတွေကို ပုံနှိပ်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် အစိုးရရဲ့ ကြိုးနီစည်းမျဉ်းတွေက သူတို
့မျှော်မှန်းခဲ့သလောက် မတုံ့ပြန်တော့ပါဘူးဆိုတာ သူတို့ တွေ့ခဲ့ကြ
တယ်” ဟု ပြောကြားသည်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ က မြန်မာအစိုးရအား သတင်းလွတ်လပ်ခွင့်ပေးရေး ဆောင်ရွက်ရန်၊ ပြန်ကြားရေးဝန်ကြီး
ဌာနအား ဖျက်သိမ်းရန်၊ဖိနှိပ်သော မီဒီယာဥပဒေများ ဖျက်သိမ်းရန်၊ ဂျာနယ်လစ်များ အားလုံးအတွက် နိုင်ငံပိုင်မီဒီယာကဲ့သို့ပင် အစိုးရအဖွဲ့ အစည်းများနှင့် ဆက်သွယ်မေးမြန်းခွင့်ပေးရေးတို့ကို တိုက်တွန်းခဲ့သည်။

RWB ၏ အစီရင်ခံစာ၌ မြန်မာဂျာနယ်လစ်တစ်ဦးကို ကိုးကား၍
မြန်မာတွင် သတင်းစာစောင် ၃၀၀ ကျော်ရှိသော်လည်း သတင်း 
ပါသည့် စာစောင်မှာ ၃၀ ခန့်သာ ရှိကြောင်း ဖေါ်ပြခဲ့သည်။

Ref:AFP
Photo: Volov Ra  Facebook
ဝါရှင်တန်၊ ဇန်နဝါရီ ၁၇။

မြန်မာ အစိုးရသည် နိုင်ငံ၏ ကာလရှည် ပိတ်ဆို့ခဲ့သာ မီဒီယာကို ပြန်လည် ဖွင့်လှစ် ပေးရာ၌ တိုးတက်မှု များကို အာမခံချက် ပေးနိုင်ရန် ဂျာနယ်လစ် များအတွက် လိုက်နာရမည့် ကျင့်ဝတ် များကို ဖွံ့ဖြိုးစေသင့်ပြီး ဖိနှိပ်သော ဥပဒေများကို ရုပ်သိမ်းသင့်ကြောင်း နယ်စည်း မခြားသတင်းထောက်များအဖွဲ့( Repoter Without Borders/RWB) က ပြောကြားလိုက်သည်။


ပြင်သစ်နိုင်ငံ ပါရီမြို့အခြေစိုက် ယင်းအဖွဲ့သည် မြန်မာနိုင်ငံသို့ မကြာမီ က လာရောက် လည်ပတ်ခွင့် ရခဲ့ပြီး မြန်မာ အစိုး ရ၏ တိုက်ရိုက် ဆင်ဆာ ကျင့်သုံးမှု ရပ်ဆိုင်းခြင်းအပါအ၀င် အစိုးရ၏ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင် မှုများကို မြင်တွေ့ ခွင့်ရခဲ့သည်။

ယနေ့နံနက်ပိုင်းက ထုတ်ပြန်ခဲ့သောအဖွဲ့ ၏ အစီရင်ခံစာ၌ မြန်မာ နိုင်ငံရှိ အကျဉ်းထောင် များတွင် မည်သည့် စာနယ်ဇင်းသမား၊ ဘလော့ဂါတစ်ဦးမှ မရှိတော့ကြောင်း၊ ပြုပြင် ပြောင်းလဲမှု များမှာ ပုဂ္ဂလိက မီဒီယာအတွက် ကနဦး ကာလ၌ပင် အဆင်ပြေခဲ့ကြောင်း အသိအမှတ်ပြု ဖေါ်ပြထားသည်။

ကြေငြာချက်၌ “စာနယ်ဇင်းသမားတွေဟာ သူတို့ ပိုပြီး ကျယ်လောင်စွာ ပြောဆိုနိုင်တာကို ယုံကြည်မှု ရှိလာကြပါတယ်။ သူတို့ဟာ အာဏာပိုင်တွေကို ဝေဖန်တဲ့ ဆောင်းပါးတွေကို ပုံနှိပ်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် အစိုးရရဲ့ ကြိုးနီစည်းမျဉ်းတွေက သူတို့ မျှော်မှန်းခဲ့သလောက် မတုံ့ပြန်တော့ပါဘူးဆိုတာ သူတို့ တွေ့ခဲ့ကြတယ်” ဟု ပြောကြားသည်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့က မြန်မာအစိုးရအား သတင်းလွတ်လပ်ခွင့်ပေးရေး ဆောင်ရွက် ရန်၊ ပြန်ကြားရေးဝန်ကြီးဌာနအား ဖျက်သိမ်းရန်၊ဖိနှိပ်သော မီဒီယာဥပဒေများ ဖျက်သိမ်းရန်၊ ဂျာနယ် လစ်များ အားလုံးအတွက် နိုင်ငံပိုင်မီဒီယာကဲ့သို့ပင် အစိုးရအဖွဲ့ အစည်းများနှင့် ဆက်သွယ်မေးမြန်း ခွင့်ပေးရေး တို့ကို တိုက်တွန်းခဲ့သည်။

RWB ၏ အစီရင်ခံစာ၌ မြန်မာ ဂျာနယ်လစ် တစ်ဦးကို ကိုးကား၍မြန်မာတွင် သတင်းစာစောင် ၃၀၀ ကျော် ရှိသော် လည်း သတင်း ပါသည့် စာစောင်မှာ ၃၀ ခန့်သာ ရှိကြောင်း ဖေါ်ပြခဲ့သည်။


Ref:AFP
Photo: Volov Ra Facebook

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်