Friday, January 18, 2013

ကေအိုင်အေအဖွဲ့သည် ကမ်းပါးမှော် တွင်ဂိတ်တဲတစ်ခု ဆောက်လုပ်ကာ မေခမြစ်အတွင်း သွားလာသော စက်လှေများကို တစ်စီးလျင် ၅ သောင်းကျပ် နှင့် လူတစ်ဦးလျင် ၂ သောင်းကျပ် ကောက်ခံနေ

ဝိုင်းမော်၊ ဇန်န၀ါရီလ ၁၈ ရက်
ဝိုင်းမော်မြို့၊ ချောင်းဆုံရှိ ကမ်းပါးမှော်တွင် ကေအိုင်အေ မှ အဖွဲ့တစ်ဖွဲ့သည် မေခမြစ်အတွင်း သွားလာနေသော စက်လှေစီးလူများအား ငွေကောက်ခံလျက်ရှိပါသည်။ ကေအိုင်အေ အဖွဲ့သည် ကမ်းပါးမှော် တွင်ဂိတ်တဲတစ်ခု ဆောက်လုပ်ကာ မေခမြစ်အတွင်း သွားလာသော စက်လှေများကို တစ်စီး လျင် ၅ သောင်းကျပ် နှင့် လူတစ်ဦးလျင် ၂ သောင်းကျပ် ကောက်ခံနေကြောင်း သိရှိရသည်။ သွားလာနေသော သူများ သည် ရွှေမှော်များတွင် ရွှေတူး ဖော်သူများနှင့် ဈေးရောင်းနေသူများ ဖြစ်သည်။



စက်လှေတွင် လိုက်ပါသူ ၁၀ ယောက် ပတ်ဝန်းကျင် တင်ဆောင်သွားလာနေကြောင့် စက်လှေတစ်စီးကို ကေအိုင်အေ အတွက် ၂ သိန်းနှင့် ၂ သိန်းခွဲ ပတ်ဝန်းကျင် ရရှိပြီး လက်ရှိအချိန်တွင် မေခမြစ်အတွင်း၌ ၁ ရက် လျင် ၄ စီး၊ ၅ စီး ခန့် ဖြတ်သန်းသွားလာနေသောကြောင့် ၎င်းအဖွဲ့အနေဖြင့် ၁၀ သိန်းခန့် ရရှိနိုင် ပါသည်။ စက်လှေ သမားများမှ ပေးချင်စိတ်မရှိသော်လည်း ကေအိုင်အေ ၏ နှိပ်စက်မှု၊ သတ်ဖြတ်မှုကို မလိုလားသော ကြောင့် ပေးဆောင်နေရကြောင်း သိရှိရသည်။ အခုလို ကေအိုင်အေမှ အခုလိုလုပ်နေတာ ဗဟို မှထောက်ပံ့မှုတွေကို မရရှိသည့်အတွက် လုပ်ဆောင်နေရကြောင်း ကေအိုင်အေတပ်ဖွဲ့ဝင်မှ ပြောဆို သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်