Friday, January 18, 2013

KIAစစ်သားမောင်ဒီးဇာရဲ့ ရိုက်ချက်

Posted by drmyochit Friday, January 18, 2013, under | No comments

KIA တပ်မဟာ(၅)၊ တပ်ရင်း(၉)မှ KIAစစ်သား တစ်ဦးဖြစ်သူမောင်ဒီးဇာက သူရဲ့ရင်တွင်း ခံစားချက်များ ကိုဘန်တောင်ကျေးရွာတွင်ပြောကြားခဲ့ပါတယ်.....

"ကျွန်တော် နာမည် ဒီးဇာပါ.. အသက်က ၂၁နှစ် ပါ.. အခုလို အဖေနဲ့ ပြန်တွေ့ပြီး တပ်မတော် ကလည်း ကျွန်တော် တို့ကိုနွေးနွေးထွေးထွေး ကြိုဆိုတဲ့ အတွက် ရင်ထဲမှာ... (ငိုလျက်)ပျော်တယ်.... ကျွန်တော် စစ်သား ဖြစ်တာ ၈လပဲ ရှိပါသေးတယ်.. တိုက်ပွဲတွေဖြစ်တော့ ကျွန်တော်ဝါး ခုတ်သွားနေတုန်း ပေါ်တာ ဆွဲခံရတာပါ... သင်တန်း ၁လပေးပြီး စစ်မြေပြင်ကိုသွားမှ တော်တော်လေးကို ရင်နင့်ခဲ့ရပါတယ်... ကျွန်တော် တို့ လုပ်ရတဲ့ အလုပ်က ရွာတွေမှာ ဆက်ကြေးကောက်တယ်.. လူငယ်တွေတွေ့ရင် ကျွန်တော့် လိုပဲ ပေါ်တာဆွဲတယ်... မိန်းကလေးတွေ ဆိုရင်လိုင်ဇာကိုပို့ ပေးရတယ်....စစ်တပ်နဲ့တွေ့ ရင်ပုန်းနေ ရတယ်.. ဒါနဲ့ ပြီးခဲ့ တဲ့လက ခရန် ချီးဒန်း ကျေးရွာမှာ တိုက်ပွဲဖြစ်တယ်... ထမင်း ၃ရက်လောက် မစားရဘူး.. ဗိုလ်ကြီး ကတော့ အလုပ် ရှိလို့ နောက်တန်း ပြန်ပြီး ဆရာကြီး လုပီနဲ့ ခံပစ်ပစ်ခိုင်းတယ်... နောက်၃ရက်လောက်နေတော့ ကျွန်တော်တို့ ဘက်အကျ များတော့ပြန်ဆုတ်ခဲ့တယ်... အဲဒါကိုပြန်ဆုတ် ရမလားဆိုပြီး တပ်ရင်းမှူး ကပါးရိုက်တယ်... ဒါနဲ့ လိုင်ဇာမှာ လူသစ် သွားပို့တယ်... ယောင်္ကျားလေး ၁၅ယောက်နဲ့ မိန်းကလေး၇ယောက်ပါ... လိုင်ဇာ ရောက်တော့ ယောင်္ကျားလေးတွေ ကိုစစ်သင်တန်း လွှတ်တယ်... 


မိန်းကလေး ၃ယောက်က အပျိုဆိုတော့ ဦးစီးချုပ် ဂမ်ရှောင် ဆီပို့ခံရတယ်.. .နောက်၎ယောက်ကတော ကလေးအမေတွေဖြစ်နေတော့ကျွန်တော်တို့ နဲ့ ပြန်ထည့် ပေးပြီး စစ်တိုက် ခိုင်းတယ်.... ဒါနဲ့ ဒီတစ်ခေါက် ကျတော့ ဗိုလ်မှူး လရိန်က အားလုံးကိုခေါ်ပြီး သဘောထားမေးတယ်... အလင်းဝင် ရင်အသက် ချမ်းသာမယ်.. မဝင်ရင်တော့ မသာပေါ်မယ် ဆိုပြီး တပ်မတော် ကအင်အားကြီးတဲ့ အကြောင်းနဲ့ KIAထက် မျိုးချစ်စိတ် ပိုရှိကြောင်းရှင်းပြတယ်..ကျွန်တော်တို့ အားလုံး အလင်းဝင်မယ်ဆိုပြီး ဝင်လာ တာပဲဖြစ် ပါတယ်"ဟုပြောသည်။ ဒါနဲ့ လိုင်ဇာဌာနချုပ် မှာ ဒီနေ့ ညနေပိုင်းက ရဟတ်ယာဉ် ပစ်ချလိုက်နိုင်တဲ့ ကေအိုင်အေ မျိုးချစ်ရဲဘော် ဘားအောင် ( Ba Awng ) ကို ဂုဏ်ပြုပွဲလေး လုပ်နေတာဟုတ်လား ဟုမေးရာ "ခွေးကလူ စကားပြောရင်တော့ဟုတ်နိုင်ပါတယ်... ဘာမဟုတ်တဲ့ ရဲဘော်မပြောနဲ့ အပေါ်ပိုင်းမှာ ပိုက်ဆံနဲ့ မိန်းမ ကလွဲရင် ဘာမှ စိတ်ဝင်စားတာမဟုတ်ဘူး..... သူတို့ အမျိုးတွေကိုစစ်ဖြစ်တာနဲ့ တရုတ်နိုင်ငံကို ပို့ထားပြီး ပြီလေ... သူတို့လဲ အခြေအနေမကောင်းရင် ဟိုဘက် သွားဖို့ အဆင်သင့်ပြင် ထားတာ ကျွန်တော်တို့အား လုံးအသိပါပဲ... ကြောက်လို့ပစ်သတ်ခံရမှာ စိုးလို့ မပြောတာပါ..အခုတော့..(ရီလျက်) တပ်မတော်သားတွေ ဘေးနားမှာ ရှိတော့အားရှိပါတယ်... သူတို့ ပြောတဲ့ရဲဘော် ဘားအောင် ( Ba Awng )ဆိုတာ ဌာနချုပ် မှာရှိပါတယ်... ဦးစီးချုပ်အိမ်မှာ အဝတ်လျှော်တဲ့ သူပါ... ဦးစီးချုပ်မိန်း ကလေးတွေနဲ့ အတူတူအိပ်ပြီးရင်အိပ်ယာ ခင်းနဲ့စောင်လျှော်တဲ့သူပေါ့.... အပျိုတွေနဲ့ အိပ်တာ ဆိုတော့ သွေးတွေ ဘာတွေ ထွက်တော့ မိန်းကလေးနဲ့ လုပ်ပြီးတိုင်းလျှော်ရတာအမောပဲ... ကျွန်တော်နဲ့က စစ်သင် တန်း မှာအတူတူဆို တော့ လိုင်ဇာရောက်တော့ သူကပြောပြတာလေ... ဦးစီးချုပ်က မိန်း ကလေးတွေနဲ့နေဖို့ ကြီးဆေး၊ ကြာဆေး တွေလဲသုံးတယ်တဲ့လေ... သူ့ကိုဂုဏ်ပြုတာ ဆိုရင်တော့ ခင်ဗျားတို့ မှတ်ထားဖို့ ကခွေး လူစကား ပြောတဲ့ အခါကျမှ ယုံပေါ့ဗျာ.. (ရီလျက်)" ဟုပြောသည်။


စင်္ကာပူဖီး မှကူးယူဖော်ပြသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်