Friday, January 18, 2013

KIA တပ်မဟာ(၅)နယ်မြေ အတွင်း အဓမ္မပြုကျင့်ခံရသူမရှန်ပူနောက်ဆက်တွဲသတင်း

Posted by drmyochit Friday, January 18, 2013, under , | No comments


KIA တပ်မဟာ(၅) နယ်မြေ တပ်ရင်း(၃)တွင် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် အဓမ္မပြုကျင့်မှု ခဲ့သော တပ်ရင်း(၃)၏ နောက်တန်း လုံခြုံရေး အရာရှိဖြစ်သူ လဖိုင်လ အားယနေ့ ဇန်နဝါရီလ၁၇ရက် နေ့ နံနက် ပိုင်းက လွှတ်ပေးလိုက်ကြောင်းသိရှိရသည်။

အဆိုပါအရာရှိသည် ရှေ့တန်း စစ်မျက်နှာတွင် တာဝန်ထမ်းဆောင် လျက်ရှိသော တပ်ကြပ် ဇော်ဆိုင်း ၏ ဇနီး ဖြစ်သူမရှန်ပူအား အိမ်တွင် တစ်ယောက်တည်း အိပ်ပျော် နေခိုက် အိမ်ပေါ်သို့ တက်ရောက်ကာ အတင်း အဓမ္မပြုကျင့်မှု ကို ပြုလုပ်ခဲ့သူဖြစ်ပြီး ၄င်းအရာရှိအား ယခုတွင် တပ်မဟာ(၅) ဌာနချုပ်၊လေ့ကျင့် ရေးဌာနတွင် တာဝန်ပြန်လည်ထမ်းဆောင်စေကြောင်း သိရှိရသည်။

အဓမ္မပြုကျင့် ခံရ သူ မရှန်ပူ အား တပ်ရင်း(၃) တပ်ရင်းမှူး ကစစ်ဆင်ရေး လိုအပ်ချက် အရဟုပြော ဆိုကာစစ် သင်တန်းကို ဇန်နဝါရီလ ၁၅ရက်နေ့ ကတက်ရောက်စေပြီး ၄င်း သင်တန်း ဆင်းပါက လိုင်ဇာ ရှိဆေး တပ်တွင် တာဝန် ထမ်းဆောင် ရမည်ဖြစ်ကြောင်း သိရှိရသည်။ ယခုအခါ လိုင်ဇာ တွင်ရှိသော အရာရှိ ဇနီးမှ လွဲပြီး စစ်သည် များဧ။် ဇနီးများအား ဇန်နဝါရီလ၁၅ရက်နေ့ မှစတင်ကာ စစ်သင်တန်း တက်ရောက် ရန် အတွက် လိုင်ဇာဌာနချုပ်မှအမိန့် ထုတ်ပြန်ထား သည် ။

(စင်္ကာပူဖီးမှ ကူးယူဖော်ပြပါသည်)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်