Friday, January 18, 2013

ဗန်းမော်မှ ကြက်မွေးမြူရေးသမားများ KIA မိုင်းထိဒဏ်ရာရ

ဗန်းမော်၊ ဇန်န၀ါရီလ ၁၈ ရက်
ယနေ့ညနေ ၄ နာရီခန့်တွင် ဗန်းမော်မြို့၊ ရွှေပြည်သာရပ်မှ ၃ မိုင်တွင်ရှိသော ကြက်ခြံသို့ သုံးဘီးဆိုင် ကယ်ဖြင့် ကြက်များ သယ်ယူရန် သုံးဘီးဆိုင်ကယ်ဖြင့် သွားရောက်ခဲ့ရာလမ်းတွင် ကေအိုင်အေ ထောင် ထားသော မိုင်း တစ်လုံးပေါက်ကွဲပြီး သုံးဘီးဆိုင်ကယ်ပါလာသူများ ထိခိုက်ဒဏ်ရာရ၍ ဆိုင်ကယ်မှာ ပျက်စီးသွား ခဲ့သည်ဟု သိရှိရသည်။

မိုင်းပေါက် ကွဲမှုကြောင့် ဆိုင်ကယ်ပေါ်တွင် လိုက်ပါလာသော ၃ ဦးလုံး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများကို ဗန်းမော်ဆေးရုံသို့ ၄ နာရီခွဲချိန်တွင် ပို့ဆောင်ကုသပေးခဲ့သည်ဟု သိရှိရသည်။
ကေအိုင်အေ၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ထိခိုက်သေဆုံးမှုမှာ ကချင်ပြည်နယ်တစ်ခုလုံးတွင် ၁၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်