Friday, January 18, 2013

ဂမ်ရှောင် ဘယ်မှာလဲ

Posted by drmyochit Friday, January 18, 2013, under | No comments

နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးဖြစ် စဉ်တိုး တက်လာစေပြီး ဒီမိုကရေ စီနိုင်ငံတော် ပီပီ သသဖြစ်စေဖို့ KIA ကို အကြိမ်ကြိမ် ကမ်းလှမ်းခဲ့ပေမယ့် အပစ်မရပ်နိုင်ဘူး၊ နိုင်ငံရေးအရပဲ ဆွေးနွေးမယ်ပြောတယ်၊ ဘာလဲဖြစ်ဖြစ် ဆွေးနွေးမယ်ဆိုတော့ ရက်ရွေးလိုက်၊ နေရာရွေးလိုက်နဲ့ အမျိုးမျိုး လှည့်ပတ်ပြောနေပြန်တယ်။ တပ်မတော် က ထိုးစစ်တွေ မလုပ် ပါဘူး၊ ခုခံကာကွယ် တာဘဲ လုပ်ပါမယ်ဆိုပြီး ငြိမ်းချမ်းရေး တည်ဆောက်မှု အတွက် ထိန်းသိမ်း ဆောင်ရွက်နေ တာကို အခွင့်ကောင်းယူပြီး မင်းတို့က တိုက်ကွက်ဖော် လာတာကတော့ “ အိမ်ပျော်နေ တဲ့ကျား သွားနှိုးသလို” မင်းတို့ခံရမှာဘဲ ဂမ်ရှောင်…



ဗဟိုဌာနချုပ် လုံခြုံရေးအတွက် လဂျားယန်ဒေသမှာရှိတဲ့စခန်းတွေကို အခိုင်အမာကွန်ကရစ် ဘန်ကာတွေ ဆောက်၊ မိုင်းကွင်းတွေခင်း၊ KIA ရဲဘော်တွေကို သံခမောက်တွေ၊ ကျည်ကာအင်္ကျီ တွေဝတ်ဆင်ပေး၊ စံချိန်မမှီတဲ့ မင်းတို့ရဲ့ KIO သေနတ်တွေ တပ်ဆင်ပေးပြီး လုံးဝမကျဆုံးနိုင်တဲ့ ခိုင်မာသော ခံစစ်စခန်းတွေ ပါလို့ ကြွေးကြော်ပြင်ဆင်ထားခဲ့ပေမယ့် တပ်မတော်ရဲ့ စုစည်းခိုင်မာတဲ့ တိုက်စစ် စွမ်းအားတွေကြောင့် စခန်းတွေ တစ်ခုပြီးတစ်ခုကျပြီး ခြေဦးတည့်ရာပြေးလွှားနေကြလို့ KIA တပ်ဖွဲ့ဝင်တွေ အင်အားလျော့ ကျလာတာ မင်းတို့ အသိဆုံးပါ။ မဆိုစလောက် အောင်မြင်မှုလေးရရင် မင်းကိုယ်တိုင် ရှေ့ထွက်ပြီး မီဒီယာတွေ ကနေ၀ါဒဖြန့်နေတာ၊ ခုလိုပြေးလွှားနေချိန်မှာတော့ မင်းကိုမတွေ့ရတော့ပါလား ဂမ်ရှောင်ရေ…

လက်အောက်တပ်ဖွဲ့ဝင်တွေက အခက်အခဲ၊ လိုအပ်ချက်တွေ တင်ပြချင်လို့ လိုက်ရှာတော့လည်း ဂမ်ရှောင်ကို ဆက်သွယ်လို့မရဘူးဖြစ်တယ်။ လူချင်းရှာမတွေ့လို့ တယ်လီဖုန်းနဲ့တင်ပြဘို့ ကြိုးစားပေမယ့် ရှေ့တန်းမှာ တိုက်ပွဲဝင်နေတဲ့ KIA အရာရှိငယ်တွေနဲ့ ရဲဘော်တွေဆီမှာရှိတဲ့ တရုတ်ဖုန်းတွေ အားလုံးသိမ်းဆည်းခံထားရလို့ ပြောလို့မရပြန်ဘူး၊ တစ်ခြားနေရာမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေဆီကို အထိနာပြီး ထိခိုက်ကျဆုံးမှုတွေ များပြားနေတာကို မပြောနိုင်အောင်လို့ ဖုန်းတွေသိမ်းထားတာတဲ့၊ တပ်မတော်က ဖြတ် ၄ ဖြတ် မလုပ်ရသေးဘူး၊ ဂမ်ရှောင်က တပ်ဖွဲ့ဝင်တွေရဲ့ နား၊ မျက်စိဖြစ်တဲ့ ဆက်သွယ်မှု ကို ဖြတ်တောက်ခဲ့ပြီ။

ဂမ်ရှောင် “ မင်းအပါအ၀င် မင်းတို့ခေါင်းဆောင်ပိုင်းတွေက တိုက်ပွဲဝင်ရဲ့ဘော်တွေရှိတဲ့ နေရာကို ဘာလို့ရှောင် နေတာလဲ၊ မင်းတို့ရဲ့ အစွန်းရောက်ခေါင်းမာမှုကြောင့် KIA ရဲဘော်သေကြေပျက်စီးမှုကို မတွေ့ရဲလို့လား?.. လက်အောက်ငယ်သားတွေမှာလဲ အသက်တစ်ချောင်းဘဲပါတာ မင်းတို့ရဲ့ အသက်ကမှ ပိုပြီး တန်ဘိုးကြီး လို့လား?.. အရင်တုန်းက အဆောင်အယောင်အပြည့် ယူနီဖောင်းတကားကားနဲ့ ထောင်ထောင်, ထောင်ထောင် လုပ်နေတဲ့ ဂမ်ရှောင် အခုဘယ်မှာ သွားပုန်းနေလဲ၊ မင်းအတွင် ပြေးစရာမြေမရှိ၊ ပုန်းစရာနေရာမရှိပါဘူး…

ရှေ့မှာ ငြိမ်းချမ်းရေးအတွှက် မျှော်လင့်နေတဲ့ ပြည်သူတွေရှိတယ်။ နောက်မှာတော့ သူတို့ကို မညှာမတာ သေတွင်းပို့ခဲ့လို့ လက်စားချေချင်တဲ့ KIA တပ်ဖွဲ့ဝင်တွေ ရှိတယ်။ ဘေးမှာတော့ ငြိမ်းချမ်းရေးကို မျက်ကွယ်ပြုပြီး ထင်ရာစိုင်းနေတဲ့ မင်းကိုဖယ်ရှား ပစ်ဘို့ ကြိုးစားနေတဲ့ ဂွမ်မော် ရှိတယ်။ ခေါင်းဝှက်ထားတဲ့ လိပ်တစ်ကောင်လို..ခေါင်းမြီးခြုံလုံအောင်ပုန်းနေပါလို့ အကြံပေးလိုက်ချင် ပါတယ်။ ဂမ်ရှောင်ရေ…

ကချင်နေ့စဉ်သတင်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်