Friday, January 18, 2013

ညတိုက်ပွဲဖြင့် KIA အကြမ်းဖက်သောင်းကျန်းသူ ရင်း(၆) ပင်မစခန်းကုန်း အား တပ်မတော်မှချေမှုန်း လိုက်ခြင်း

ဖားကန့်မြို့နယ်နှင့် အရှေ့မြောက်ဖက် ၁၀ မိုင်အကွာရှိ ကန်စီး၊ စိုင်းလှ ဒေသအခြေစိုက် KIA အကြမ်း ဖက်သောင်း ကျန်းသူ ရင်း(၆)၊ အင်အား (၅၀၀)ခန့် ရှိသော ပင်မစခန်းအား အမှတ်(၆၆) ခြေမြန် တပ်မဌာ နချုပ်(တိုက်တိုင်းအောင် တပ်မ)မှစစ်သည်များမှ (၁၇-၁-၂၀၁၃)ရက်နေ့ ညပိုင်း (၂၂၀၀) ချိန်တွင် ညတိုက်ပွဲ ဆင်နွဲကာ သိမ်းပိုက် လိုက်ပြီဖြစ်ပါသည်။

အဆိုပါ ညတိုက်ပွဲ မတိုင်ခင် လနက ပစ်ကူ များဖြင့် ရန်သူ KIA အကြမ်းဖက် သောင်းကျန်း သူများအား ဦးနှိမ် ပစ်ခတ် ထားပြီး ညပိုင်း အချိန် လ၏ အလင်းရောင်ကို အသုံးချကာ ရန်သူပင်မ စခန်းကုန်းကို တက်ရောက်သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း၊ (၁၆-၁-၂၀၁၃)ရက်နေ့တွင် အဆိုပါ သောင်းကျန်းသူများ၏ ကာကင်း ကုန်းများဖြစ်သော ဒွန်းမောင်းကုန်းနှင့် လမောင်းကုန်းကို သိမ်းပိုက် ထားခဲ့ပြီး အဆိုပါ သိမ်းပိုက် ထားသော ကာကင်းကုန်းများ လနက၊ လနင များဖြင့်ကာပစ် ပစ်ကာ တက်ရောက် သိမ်းပိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရ ပါသည်။

(၁၈-၁-၂၀၁၃)ရက်နေ့ နံနက်ပိုင်းချိန်ထိ ကန်စီဒေသမှ ကစဉ်ကလျား ဆုတ်ခွာထွက်ပြေးသွားသော အကြမ်း ဖက်သောင်းကျန်း သူများကို လိုက်လံ ရှင်းလင်းနေ ရသည့် အတွက် လက်နက်ငယ် သံများကို ဖားကန့်မြို့ ထဲမှ ပင်ကြားနေရကြောင်း ၊တိုက်ပွဲဖြစ်ပွားနေသည့်အတွက် စာသင်ကျောင်းများအား ခေတ္တ ပိတ်ထား ရကြောင်း ဒေသခံများမှ ပြောကြားပါသည်။ ခေတ်သစ်မှကူးယူဖော်ပြသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်