Tuesday, February 26, 2013

၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအတိုင်း စိစစ်မူ ပြုလုပ်ရန် လိုလား

Posted by drmyochit Tuesday, February 26, 2013, under | No comments


ရခိုင်ပြည်နယ်အတွင်း ဇွန်လနှင့် အောက်တိုဘာလ အတွင်းက အိုးမဲ့ အိမ်မဲ့ ဖြစ်သွားသော မွတ်ဆလင် ဒုက္ခသည် များအား အစိုးရမှ အိုးအိမ်များ တည်ဆောက်ပြီး နေရာချပေး သွားရန် စီစဉ်နေရာ ရခိုင်ဒေသခံ ပြည်သူများက ၁၉၈၂ ခုနှစ် နို်င်ငံသား ဥပဒေအတိုင်း စိစစ်မူ ပြုလုပ်ပြီးမှ အိုးအိမ်များ တည်ဆောက် နေရာ ချပေးသွား ရန် လိုလားနေကြောင်း သတင်းရရှိသည်။


ဒေသခံများ အဆိုအရ မွတ်ဆလင် မိသားစုများ အတွက် အိမ်ခြေပေါင်း ၄၀၀၀ ကို စစ်တွေ အုန်းတော ကြီးတွင် တည်ဆောက် နေရာ ချပေးထားရန် အစိုးရမှ စီစဉ်နေသည်ဟု သိရသည်။ နေရာချပေး ရာတွင်လည်း  တစ်စုံတစ်ရာ စစ်ဆေးမူ မပြုလုပ်ဘဲ နေရာ ချပေးသွားမည်ဟု သတင်းများလည်း ထွက်ပေါ်နေ သည်ဟု ဆိုသည်။

ယခုကဲ့သို့  တစ်စုံတစ်ရာ စိစစ်မူ မပြုလုပ်ဘဲ နေရာ ချပေးသွားမည် ဆိုပါက အစိုးရ၏ လုပ်ဆောင်ချက်မှာ အပြော တမျိုး၊ အလုပ် တမျိုး  ဖြစ်နေလိမ့်မည်ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ အတွင်းရေးမှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုးက ပြောသည်။

“ကျွန်တော်တို့ အပါအ၀င် ရခိုင်ပြည်သူတွေ ဖြစ်စေချင်တာက အိုးအိမ်တွေ နေရာ ချမပေးခင် နိုင်ငံသား ဖြစ်မူ မဖြစ်မူကို ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ စိစစ်စေလိုပါတယ်။ ဥပဒေကြောင်းအရ စစ်ဆေးချက် အရ နိုင်ငံသား ဖြစ်တဲ့ သူတွေကိုတွေ့ရင် သူတို့ကို နေရာချပေးပါ။ နိုင်ငံသား တစ်ဦးရဲ့ ရသင့် ရထိုက်တဲ့ အခွင့်အရေးတွေကို အပြည့်အ၀ ပေးပါ။ ကျွန်တော်တို့ ဒါကို မကန့်ကွက်ဘူး။  နိုင်ငံသား မဟုတ်တဲ့ သူတွေ ကို ကျရင်တော့ အိုးအိမ် အတည်တကျ ချပေးတာမျိုးကို ကျွန်တော်တို့က မလိုလားဘူး။ အဲသလို နိုင်ငံသား မဖြစ်သေးတဲ့ သူတွေကိုပါ နေရာချပေးရင် အလိုလို နိုင်ငံသား အဖြစ် အသိအမှတ်ပြုလိုက်တဲ့ သဘော မျိုး ဖြစ်သွားနိုင်ပါတယ်။”

နိုင်ငံသား  မဖြစ်သူများကို တွေ့ရှိပါက ဒုက္ခသည် စခန်းလို စခန်းများဖွင့်ပြီး နေရာချပေး သွားသင့်ကြောင်းနှင့် အဆင့်ဆင့် စိစစ် ဆောင်ရွက်မူများ ပြုလုပ်သင့်ကြောင်း သူက ပြောသည်။

အစိုးရ အနေဖြင့် ဇွန်လနှင့် အောက်တိုဘာလ အရေးအခင်း ဖြစ်ပြီးနောက် ရခိုင်ပြည်နယ်တွင် နိုင်ငံသား စိစစ်မူများ ပြုလုပ် ခဲ့သော်လည်း အောင်မြင်မူ မရရှိခဲ့သဖြင့် နိုင်ငံသား စိစစ်မူကို ရပ်တန့်ကာ အိုးအိမ်များ နေရာချပေးရန် စီစဉ်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

“ သက်ဆိုင်ရာက အောက်တိုဘာ အရေးအခင်းပြီးတဲ့ နောက်ပိုင်းမှာ နိုင်ငံသား စိစစ်မူတွေ လုပ်ခဲ့တာတွေ ရှိပါတယ်။ ဒါပေမယ့် ဘင်္ဂလီ အမျိုးသားတွေဘက်က ပူးပေါင်းဆောင်ရွက်မူ မရှိတဲ့ အပြင် ဆန့်ကျင် တာတွေ ရှိခဲ့တဲ့ အတွက် အခုအခါ ရပ်နားလိုက်ရပြီ ဖြစ်ပါတယ်။ အစိုးရ တစ်ရပ်အနေနဲ့  နိုင်ငံတွင်းမှာ နေထိုင်သူတွေကို နိုင်ငံသား စိစစ်မူကိုတောင် မပြုလုပ်ရဲဘူးဆိုတော့ အစိုးရဘက်က ဘယ်လောက်ထိ ပျော့ညံ့ချက်ရှိနေပြီဆိုတာကို သိသာထင်ရှားစွာ မြင်နိုင်ပါတယ်။ အခု တစ်ခါ နိုင်ငံသား စိစစ်ရေးကို ဆက်မလုပ်ဘဲ နေရာချပေးဖို့ စီစဉ်ရင် ပြဿနာကို မီးလောင်ရာ လေပင့်လုပ်နေတယ်လို့ ရခိုင်တွေ ဘက်ကတော့ မြင်နေကြပါတယ်” ဟု ဦးခိုင်ပြည်စိုးက ဆိုသည်။

အိုးအိမ် ၄၀၀၀ နေရာချထားပေးရေးနှင့် အစိုးရမှ တရားဝင် ထုတ်ပြန်ခြင်း  မရှိသေးသော်လည်း အဆိုပါ အစီအစဉ်မှာ ရာခိုင်နုန်းပြည့် သေချာနေပြီ ဖြစ်နေကြောင်း အစိုးရ၏ အတွင်းလူများကို ကိုးကားပြီး ဦးခိုင်ပြည်စိုးက ဆိုသည်။

ယခု အစိုးရ၏  စစ်တွေ အုန်းတောကြီးတွင် မွတ်ဆလင်များ အတွင် အိမ်ခြေ ၄၀၀၀ ကို နေရာချပေး သွားရန် အစီအစဉ်မှာ တူရကီ အစိုးရ၏ အကူအညီနှင့် ဖိအားပေးမူ အရ စီစဉ်နေခြင်း ဖြစ်ကြောင်း  သိရသည်။

နိရဉ္စရာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်