Tuesday, February 26, 2013

ပြင်သစ် မိသားစုကို စစ်သွေးကြွတွေ ဖမ်းဆီး

Posted by drmyochit Tuesday, February 26, 2013, under | No comments


ဖမ်းထားတဲ့ လူတွေ လွှတ်ပေးဖို့ ဘိုကို ဟာရမ် တောင်းဆို

အာဖရိက တိုက် ကင်မရွန်း နိုင်ငံမှာ အရင်ပတ်က ပြန်ပေးဆွဲ ခံရတဲ့ ပြင်သစ် မိသားစု ၇ ယောက်ရဲ့ ရုပ်ပုံတွေ အင်တာနက်မှာ တွေ့လို့ အထိတ် တလန့် ဖြစ်ရတယ်လို့ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး လော ရန့်ဖေး ဘီးယပ်စ်က ပြောဆို ခဲ့ပါတယ်။


Youtube ဗီဒီယို ဝက်ဆိုက်မှာ ပေါ်လာတဲ့ ပြင်သစ် မိသားစု အကြောင်း ဗီဒီယို မှတ်တမ်း ကားမှာ ကလေး ၄ ယောက် အပါအဝင် မိသားစုကို မျက်နှာဖုံးစွပ် အမျိုးသားတွေက ဝိုင်းရံ ထားတာကို တွရေ့ပါတယ်။

ဒီလူတွကေ သူတို့ဟာ ဘိုကိုဟာရမ် နိုင်ဂျီးရီးယား အစ်စလာမ် အဖွဲ့ကလို့လဲ ဆိုပါတယ်။

ကင်မရွန်းနဲ့ နိုင်ဂျီးရီးယား နိုင်ငံ တွေမှာ ဖမ်းထားတဲ့ သူတို့လူတွေ လွှတ်ပေးဖို့ ဒီအဖွဲ့က တောင်းဆို ထားပါတယ်။

ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်းဟာ အစ်စလာမ် ဘာသာဝင် တွေနဲ့ စစ်ပွဲခင်း နေတယ်လို့ ပြန်ပေး သမား တယောက်က စွပ်စွဲ ခဲ့ပြီး မာလီက အစ္စလာမ် လက်နက်ကိုင် တွေကို ပြင်သစ် တပ်တွေနဲ့ ဝင်ရောက် တိုက်ခိုက်တာကို ရည်ညွှန်း လိုပုံ ရပါတယ်။

BBC

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်