Tuesday, February 26, 2013

ရှမ်းပြည်တပ်မတော်တောင်ပိုင်းနှင့် အစိုးရတပ် ပစ်ခတ်မှုဖြစ်ပွားခဲ့

Posted by drmyochit Tuesday, February 26, 2013, under | No comments


အက်စ်အက်စ်အေ တပ်ဖွဲ့ဝင်အချို့

ရှမ်းပြည် တပ်မတော်မြောက်ပိုင်း အဖွဲ့နဲ့ ပစ်ခတ် မှုငြိမ်နေ တဲ့ ရက်ပိုင်းအတွင်း အစိုးရတပ်နဲ့ ရှမ်းပြည် တပ်မတော် တောင်ပိုင်းတပ်တွေကြား ပစ်ခတ်မှုတွေ ဖြစ်ပွား ခဲ့ပါတယ်။

ရှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် ခိုလမ်မြို့နယ်ခွဲ  ခိုအွတ် ရွာအ နီးက တောအုပ်ထဲမှာ အရှေ့ အလယ် ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ တပ်ဖွဲ့တွေနဲ့ ဖေဖော်ဝါရီ ၂၄  ရက် မနက် ၁၀ နာရီခွဲလောက်က ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ရှမ်းပြည်တပ်မေတာ် တောင်ပိုင်းအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။


“ကျနော်တို့ လှုပ်ရှားနေ တဲ့နေရာ ဖြစ်ပါတယ်။ အစိုးရ တပ်တွေက ကျနော်တို့ တောထဲ တပ်တွေ စစ်ချီမယ် ဆိုရင် သက်ဆိုင်ရာ ဆက်ဆံရေး ရုံးကနေ အသိပေးဖို့ လိုတယ်။ ဒါမှသာ ရှောင်ရှားပေးနိုင်မယ်။ အချင်းချင်း တောထဲမှာတွေ့ပြီး တိုက်ပွဲတွေမဖြစ်အောင် ဆိုပြီး အဲလို သေဘာတူညီချက်တွေကို အစိုးရတပ်က မလိုက်နာလို့ တောထဲမှာရှိတဲ့ ကျနော်တို့တပ်နဲ့ ပက်ပင်း တိုးမိပြီး ပစ်ခတ်ကြတာ။ သိပ်မကြာပါဘူး မိနစ်ပိုင်းလောက်ပဲ။ အစိုးရ တပ်မှန်းသိတော့ ခွာပေး လိုက်တယ်။ ဒဏ်ရာ ရသူတွေလည်း ရှိပါ တယ်။”

နှစ်ဘက် အပစ် အခတ် ရပ်စဲရေး လက်မှတ် ထိုးထားတာ ၁ နှစ်ကျော် ခဲ့ပေမယ့် အစိုးရ တပ်ဘက်က သေဘာတူ ချက်အတိုင်း မလိုက်နာလို့ တိုက်ပွဲတွေ အကြိမ်ပေါင်း ၅၀ ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲကြောင့် ယုံကြည်မှု ပျက်ပြားစေတဲ့အတွက် နောက်နောင် အစိုးရတပ်တွေ နယ်မြေထဲဝင်လာမယ်ဆိုရင် ကြိုတင်အကြောင်းကြားဖို့ သမ္မတ၊ အစိုးရအဖွဲ့နဲ့တပ်မေတ်ာအရာရှိတွေဆီ ဒီမနက်ပဲ စာပို့ထားတယ်လို့ သူက ပြောပါတယ်။

“ဒီလို ဆက်ဖြစ်နေ မယ်ဆိုရင် ကျနော်တို့အချင်းချင်းကြား ယုံကြည်မှု တည်ဆောက်နေတာကို ထိခိုက် နိုင်ပါတယ်။ ဒါကြောင့် ကျနော်တို့ရှိနေတဲ့ ကျေးလက်ဒေသမှာ အစိုးရ တပ်တွေက စစ်ချီတက် လာမယ် ဆိုရင် တာဝန် ခံ ဆက်ဆံရေး ရုံးကို အသိပေးဖို့၊ ဒါမှမလိုအပ်တဲ့ တိုက်ပွဲတွေမြဖစ်မှာလို့ ဥက္ကဌကြီးက အကြောင်းကြားရေးထားပါတယ်။”

ဒီတိုက်ပွဲသတင်းကို မြန်မာအစိုးရဘက်က တစုံတရာ ထုတ်ဖော်ပြောဆိုခြင်းမရှိသလို တိုက်ပွဲ သတင်းတွေကို အတည်ပြုဖို့ လက်ခံဖြေကြားမယ့်သူလည်း အစိုးရဘက်က ထုတ်ပြန် ထားတာ မရှိပါဘူး။

ထာဝရငြိမ်းချမ်းရေး လိုချင်တယ်ဆိုရင် အထက်လူကြီးတွေ အချင်းချင်းကြား ယုံကြည်မှု တည်ဆောက်ရုံနဲ့ မလုံလောက်ဘဲ အောက်ခြေတပ်သား အချင်းချင်းကြား ယုံကြည်မှု တည်ဆောက်ဖို့လည်း လိုအပ်တယ်လို့ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က  ပြောပါတယ်။

အခု ရက်ပိုင်းအတွင်းမှာ အစိုးရ တပ်တွေနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့၊ ရှမ်းပြည်တပ်မေတာ် (မြောက်ပိုင်း) တို့နဲ့လည်း တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

DVB

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်