Tuesday, February 26, 2013

မအူပင်မြို့နယ် လယ်သမားများ ပစ်ခတ်ခံရ ၊ ၇ ဦး ဒဏ်ရာရ

Posted by drmyochit Tuesday, February 26, 2013, under | No comments

ပုဒ်မ ၁၄၄ ထုတ်ပြန် ထားသည့် မအူပင်မြို့နယ် အတွင်းမှ လယ်သမားများ ကိစ္စနှင့် ပတ်သက်၍ နောက် ဆုံး သတင်း များအရ  ယနေ့  ညနေ ၆နာရီ ခန့်က  ပစ်ခတ် မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ အခြေ အနေ များကို အဆင်ပြေစေရန်  ဆွေးနွေး ညှိနှိုင်းနေစဉ်မှာပင် ယခုကဲ့သို့ အခြေအနေ တင်းမာ မှု များဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ အခုရောက်နေတဲ့နေရာက ပလောင်ရွာပါ ဒီကနေ လှမ်းကြည့်နေကြတာမြင်နေရတယ် ကြည့်နေရင်းမှာပဲ ၆ ယောက် လောက် လဲကျ သွားတာ ကိုတေ့ရတယ် အခြေအနေကတော့ တင်းမာ သွားပြီ" ဟု ယင်းကိစ္စကို ပါဝင်ဆောင်ရွက်နေသူ တစ်ဦး ကပြောကြား သည်။

ယင်းဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ပြီး မိနစ် ၂၀ ခန့်အကြာတွင် ပစ်ခတ်မှုများ ရပ်ဆိုင်း သွားကြောင်းသိရသည်။ ပုသိမ်မြို့နယ် NLD အဖွဲ့ဝင်များနှင့် ၈၈ မျိုးဆက်ကျောင်း သားများ ၊  တောင်သူ လယ်သမား အဖွဲ့ အစည်း များမှ ၀ိုင်းဝန်းပြောဆိုကြသည့်အတွက် ယင်းကဲ့သို့ ပစ်ခတ်မှုများ ရပ်ဆိုင်း သွားခဲ့ ရခြင်း ဖြစ်ကြောင်း သိရသည်။

"ဒဏ်ရာရရှိသူ ၅ ဦးရှိပါတယ် ၊ မိန်းကလေး ၂ ယောက်ကတော့ ဒဏ်ရာပြင်းတယ် ၊ ယောကျာ်းလေး ၃ ယောက်က အောက်ပိုင်း ကို ထိသွားတယ် ၊ အခုချိန်ထိတော့ သေဆုံးတာမျိုးတော့ မရှိသေးပါဘူး " ဟု ယင်းကိစ္စကို ပါဝင်ဆောင်ရွက်နေသူ တစ်ဦး ကပြောကြားသည်။

Yangon Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်