Tuesday, February 26, 2013

စွမ်းအင်ကဏ္ဍဖူလုံရေး ဖက်စပ်လုပ်ကိုင်သွားရန် မြန်မာ ပါဝင်သော လေးနိုင်ငံပူးတွဲအစည်းအဝေး၌ ကြေငြာ

Posted by drmyochit Tuesday, February 26, 2013, under | No comments

ဒါကာ၊ ဖေဖေါ်ဝါရီ ၂၆ ။

ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာတို့ ပူးပေါင်းကျင်းပသော ၁၁ ကြိမ်မြောက် BCIM လေးနိုင်ငံ ပူးတွဲ အစည်း အဝေး ကဒေသတွင်း သဘာဝ အရင်း မြစ်များ ထုတ်ဖေါ်ခြင်းနှင့် စွမ်းအင် ထုတ်လုပ်ရေး ကဏ္ဍ များတွင် ဖက်စပ်လုပ်ငန်းများ လုပ်ကိုင် သွားကြရန် ကြေငြာချက် ထုတ်ပြန် လိုက် သည်။

အစည်းအဝေးအတွက် လေးနိုင်ငံပူးတွဲထုတ်ပြန်သောကြေငြာချက်ထဲတွင် “စွမ်းအင်ဖူလုံရေးဟာ BCIM ဒေသတွင်းနိုင်ငံတွေ အတွက် အရေး ကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။ စွမ်းအင် ကဏ္ဍမှာ ဒေသတွင်းနိုင်ငံတွေ အနေနဲ့  နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေး၊ တူးဖေါ်ရှာဖွေရေး၊ ရင်းနှီးမြှပ်နှံရေး ကိစ္စတွေမှာ ဖက်စပ် လုပ်ကိုင် သွားကြဖို့ ထူးခြားတဲ့ အခွင့်အလမ်းတွေရှိနေပါတယ် ” ဟု ဖေါ်ပြထားသည်။

ဘင်္ဂလားမြို့ တော် ဒါကာတွင် ပြုလုပ်သော ယင်းလေးနိုင်ငံ အစည်းအဝေးတွင် မြန်မာမှလွဲ၍ ကျန်နိုင်ငံ များမှာ စွမ်းအင်ပြတ် လပ်မှုဒဏ် ခံစား နေရပြီး စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင် သွားရန် နှိုးဆော် ခဲ့ကြသည်။

ယခုနှစ် အတွက် အစည်းအဝေးကို ဘင်္ဂလားဒေ့ရှ်တွင် ပြုလုပ်ပြီးနောက် လာမည့် နှစ်တွင် မြန်မာ၌ ပြုလုပ် သွားမည်ဟုသိရသည်။

BCIM ဆိုသည်မှာ ဘင်္ဂလားဒေ့ရှ် ၊ တရုတ်၊အိန္ဒိယ၊မြန်မာတို့၏ အတိုကောက်အမည်များကို အစွဲပြု ခေါ်ဝေါ် ထားခြင်းဖြစ် သည်။

Ref: Platts.com
Myanmar Age

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်