Tuesday, February 26, 2013

၁၅ နှစ် အရွယ် မိန်းကလေး တစ်ဦးအား လူကုန် ကူးမှု ကျူးလွန် ခဲ့သူနှစ်ဦးကို တောင်ပိုင်း ခရိုင် တရားရုံး က အလုပ်နှင့်ထောင်ဒဏ် ၁ဝ နှစ်စီချမှတ်

Posted by drmyochit Tuesday, February 26, 2013, under | No comments

၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးအား လူကုန်ကူးမှု ကျူးလွန်ခဲ့သူနှစ်ဦးကို တောင်ပိုင်းခရိုင် တရားရုံး က အလုပ်နှင့် ထောင်ဒဏ် ၁ဝ နှစ်စီ ချမှတ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ် ဇူလိုင်၉ ရက်နေ့ မွန်းလွဲ ၂နာရီခန့်က ဒလမြို့နယ်၊ ကမာကဆစ် ရပ်ကွက်နေ ဒေါ်...........မှ ၎င်းပေါင်နှံထားသည့် ထမီ ပြန်ရွေးရန် ကျပ် ၁၂ဝဝ ပေး၍ သမီးဖြစ်သူ မ....... (၁၅)နှစ်အားစေလွှတ်လိုက်ရာ သမီးဖြစ် သူမှာ ထိုနေ့က နေအိမ်သို့ ပြန်လည် ရောက် ရှိမလာကြောင်း သိရသည်။

ထို့နောက် ဇူလိုင် ၁ဝ ရက် မွန်းလွဲ ၁ နာရီခန့်တွင် မောင်ဝမ်းကွဲတော်စပ်သူ ဇော်ထက်မှ သမီးဖြစ်သူကို လာပို့သဖြင့် မေးမြန်းရာ ဇူလိုင် ၉ ရက် ညနေ ၄ နာရီခန့်က ကမာကဆစ် ရပ်ကွက်နေ ဒေါ်နန်းတင် ဆိုသူနှင့်တွေ့ပြီး အလုပ်ရမည်ဟု ခေါ်ဆောင်သွားကာ ရန်ကုန်ဘက် အရောက် အခကြေးငွေရယူပြီး အမည်မသိ အမျိုးသားတစ်ဦးနှင့် ထည့်ပေး၍ ကားဖြင့် ခေါ်ဆောင်သွားကာ တည်းခိုခန်း၌ သားမယားအဖြစ် တစ်ကြိမ် ပြုမူဆက်ဆံခဲ့ကြောင်း ပြောပြသိရှိရသည်ဟု ဒလမြို့နယ် ရဲစခန်း၏ စစ်ဆေးချက်အရ သိရသည်။

ထိုသို့ သမီးဖြစ်သူကို ကာမသွေးဆောင်သူနှင့် ဖျက်ဆီးသူ ဒေါ်နန်းတင်နှင့် ခင်မောင်သိန်းတို့အား အရေးယူပေး ရန် ဒေါ်.......မှ တိုင်ကြားသဖြင့် ဒလရဲစခန်းမှ (ပ) ၃၉၈/၂ဝ၁၁ ပြစ်မှုပုဒ်မ ၃၇၂ အရ အမှုဖွင့်စစ်ဆေးခဲ့သည်။

အဆိုပါအမှုကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ ကြိုတင် တရားစွဲဆိုခွင့်ပြုမှုရရှိခဲ့သဖြင့် ၂ဝ၁၁ ခုနှစ် အောက်တိုဘာ ၁၁ ရက်ကတောင်ပိုင်းခရိုင် တရားရုံး၌ တရားခံများအား ဒလရဲစခန်း၊ စွဲချက် အမှတ် ၄ဝ၅ (က)/၂ဝ၁၁ ဖြင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ-၂၄ အရ တရားစွဲဆို တင်ပို့ခဲ့ကြောင်း သိရသည်။

စစ်ဆေးပြီးနောက် ၂ဝ၁၃ ခု နှစ် ဖေဖော်ဝါရီလအတွင်းက တရားခံနှစ်ဦးကို လူကုန်ကူမှု တားဆီးကာ နှိမ်နှင်းရေး ဥပဒေပုဒ်မ-၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁ဝ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်