Tuesday, February 26, 2013

နွေဦးရာသီရဲ့ ရောင်စုံအပိုင်းအစများ

Posted by drmyochit Tuesday, February 26, 2013, under | No comments

. . .စတင် . . . စင်တင် . . .ခဲ့ကြ။
နွေဦးအရောက်မှာပဲ
ဝတ်လစ်စလစ်မဖြစ်ရုံတမယ်နဲ့ စင်ပေါ်တက်ကြတယ်
လွတ်လပ်ပြီ . . . လွတ်လပ်ပြီ ...တဲ့။
ငါ့တို့မျှော်လင့်ခဲ့တဲ့ ဒီမိုကရေစီဆိုတာကြီးက 
အဲဒီလို ထင်တိုင်းကျဲတတ်တဲ့စရိုက်လား . . .
ဘာမဆိုင် ညာမဆိုင်
နေရင်းထိုင်ရင်း အသည်းကွဲရတယ်။
ကျော်ကြားမှုညည်းခြင်းထဲမှာ တဖျပ်ဖျပ်လူးနေတဲ့ အပိုင်းအစများ
မွေးရာပါဆော့ဝဲလ်တစ်ခုရဲ့ အသုံးဝင်မှု တန်ဖိုးများ
အနုပညာတံဆိပ်ကပ်ထားသော ခပ်ညံ့ညံ့ပြကွက်များ
.... အစရှိသဖြင့် ရှူခင်းက လိုတာထက် ပိုမို ရှုပ်ထွေးလာတယ်။
ဖြစ်ချင်တော့ ...
Playboy မဂ္ဂဇင်းကလည်း
ဟေဒီမွန်တက်ခ်ျကို ၀တ်လစ်စလစ်သရုပ်ဆောင်ရိုက်ကူးဖို့
ပေါင် 3 သန်း နဲ့ (မြန်မာငွေနဲ့ဆို သန်းသုံးထောင်ကျော်)ကမ်းလှမ်းတယ်။
ဟေဒီမွန်တက်ခ်ျကလည်း ငြင်းတယ်။
အတင်းအဖျင်းအပြောခံရတဲ့ ညနေခင်းဟာ
အမြဲလို နေ၀င်စောတယ် . . .တဲ့
ငါကတော့
နွေဦးဟာ မိုးလေးတစ်ပြိုက်နှစ်ပြိုက်နဲ့ပဲ
အသားလွတ် အသိမ်းပိုက်ခံ လိုက်ရမှာကို
(စိုးရိမ်တတ်ရန်ကော ပြောချင်ပြော)
ကြောက် . . . တယ်။
ငြိမ်းချမ်းသာ
26-2-2013



0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်