Tuesday, February 26, 2013

ခေါင်းဖြတ် အသတ်ခံရသည့် အမျိုးသမီးကို ဖော်ထုတ် နိုင်သည် ဟု ဆိုသော သတင်း မှန်ကန်မှု မရှိ

Posted by drmyochit Tuesday, February 26, 2013, under | No comments


ဖြူးမြို့ အနီးတွင် ခေါင်းဖြတ် အသတ် ခံရသော အမျိုး သမီးကို မည်သူမည်ဝါ ဖြစ်ကြောင်း ဖော်ထုတ်နိုင်ပြီ ဆိုသည့် သတင်းမှာ မှန်ကန်မှု မရှိပဲ စုံစမ်းနေဆဲသာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် ၊မှူခင်း ဌာန မှ ဒုတိယ ရဲမှူးကြီး တစ်ဦး က ပြောကြားသည်။


ချစ်သူ များနေ့တွင် လည်လှီး အသတ် ခံရသော မိန်း ကလေးမှာ မြိတ်မြို့မှ ဖြစ်ကြောင်း facebook လူမှု ကွန်ယက် စာမျက်နှာ တွင် ပျံ့နှံ့ခြင်း နှင့် ပတ်သက်၍ အတည်ပြု မေးမြန်း ရာတွင် ဒုတိယ ရဲမှူးကြီးက အထက်ပါ အတိုင်းပြော ကြားသည်။ 

“ခုထက်ထိ လူသတ် တရားခံကို မပြောနဲ့ သေသူရဲ့ အမည်ကို တောင် စုံစမ်း ဖော်ထုတ်နိုင်ခြင်း မရှိသေး ပါဘူး။ သေချာတာ ကတော့ တရားခံကို မမိ သေးပါဘူး” ဟု ဖေဖော်ဝါရီလ ၂၅ ရက် နံနက်၁၁ နာရီ တွင်The Voice Weekly သို့ရှင်းပြသည်။

အသက် ၂၈ နှစ် အရွယ် ရှိ အမျိုးသမီး ကို ဦးခေါင်းပြတ်နေသော ခန္ဓာကိုယ် နှင့် ဦးခေါင်းကို ဖေဖော်ဝါရီလ ၁၄ ရက်ေ န့  နံနက်ပိုင်း တွင် ဖြူးမြို့ နယ် ၊ သပြေလှ ကျေးရွာ ၊ ရန်ကုန် - မန္တလေး လမ်းမပေါ်ရှိ ချောင်းကူး တံ တားအောက် တွင် ပီနံအိတ် အဖြူရောင် တစ်လုံး နှင့် ထည့် ၍ စွန့်ပစ် ခဲ့ ခြင်း ဖြစ်သည်။

သေဆုံးသူ၏အနားတွင် ဆန်အရောင်းအဝယ် ငွေရပြေစာ တွေ့ရှိသောကြောင့် တောင်ငူမြို့ပေါ် ရှိ ဆန်ပွဲရုံ များ ကို တောင်ငူ ခရိုင် ရဲတပ်ဖွဲ့ က လာရောက် စုံစမ်းခဲ့ကြောင်း ဆန်ပွဲရုံပိုင်ရှင် တစ်ဦးဖြစ်သူ ဦးယဉ်ဌေး က ပြောကြား သည်။

From : The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်