Tuesday, February 26, 2013

အိန္ဒိယ မူး​ယစ်​ဆေး​ ဝါး​မိမှု စစ်တပ် အရာရှိကြီး​ပါ ဖမ်း​မိ

Posted by drmyochit Tuesday, February 26, 2013, under | No comments


မြန်မာပြည်ကို ​ရောင်း​ချမယ့်​ အိန္ဒိယ ရူပီး​ငွေ သန်း​ ၁၅၀ တန်ဖိုး​ရှိ မူး​ယစ်​ဆေး​ဝါး​တွေ ဖမ်း​ဆီး​ ခံရမှုမှာ အိန္ဒိယ စစ်တပ်က ဒုတိယ ဗိုလ်မှူးကြီး​တဦး​ ပါဝင်​နေပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်မှာ ​ဖေ​ဖော်ဝါရီ ၂၄ ရက်​နေ့ နံနက်ပိုင်း​က ဖြစ်ပွား​ခဲ့​တဲ့​ မူးယစ်​ဆေး​ဝါး​ ဖမ်း​ဆီး​မှုမှာ အိန္ဒိယစစ်တပ်က ဒုတိယ ဗိုလ်မှူးကြီး​ တဦး​ ပါဝင်​နေမှုကို အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် ရုပ်မြင် သံကြား​နဲ့ သတင်း​စာ​တွေမှာ တုန်လှုပ်ဖွယ်ရာ သတင်း​အ​နေနဲ့ သတင်း​ခေါင်း​ကြီး​ပိုင်း​တွေမှာ ​ဖော်ပြခဲ့​ကြပါတယ်။


အိန္ဒိယ-မြန်မာ နယ်စပ်က မို​ရေး​မြို့ကို ​မောင်း​နှင်လာတဲ့​ ကား​ ၃ စီး​ကို မဏိပူရပြည်နယ် ​ထောင်ဘား​ခရိုင်က ပါလဲမြို့ စစ်​ဆေး​ရေး ​ဂိတ်ကို ဖြတ်အပြီး​မှာ မဏိပူရပြည်နယ် ကွန်မန်ဒို ရဲအဖွဲ့က လိုက်လံ ဖမ်း​ဆီး​ရရှိလိုက်တာ ဖြစ်ပါတယ်။

ကား​ ၃ စီး​ထဲမှာ အိန္ဒိယ ရူပီး​ငွေ သန်း​ ၁၅၀ တန်ဖိုး​ရှိတဲ့​ အိန္ဒိယ နိုင်ငံထုတ် စီဒို အက်ဖီဒမင်း​ ဟိုက်ဒို ကလိုရိုက် မူး​ယစ်​ဆေး​တွေကို ဖမ်း​ဆီး​ရရှိခဲ့​တာပါ။ အိန္ဒိယငွေ ၁ ရူပီး​ဟာ မြန်မာ​ငွေ ၁၆ ကျပ်နီး​ပါး​နဲ့ ညီမျှပါတယ်။

ဒုတိယ ဗိုလ်မှူးကြီး​ အာ​ဂျေး​ကျောင်သရီး​ စီး​နင်း​လာတဲ့​ ​ဘော်လီယို ကား​အဖြူ​ပေါ်မှာ Govern of India Ministry of Defense ဆိုတဲ့​ စာတမ်း​နဲ့အတူ အချက်ပြ မီး​နီကို တင်​ဆောင်​မောင်း​နှင် လာတဲ့​အတွက် အင်ဖား​မြို့နဲ့ ပါလဲမြို့အကြား​မှာရှိတဲ့​ စစ်​ဆေး​ရေး​ဂိတ်​တွေကို ​ကျော်ဖြတ်နိုင်ခဲ့​တာလို့သတင်း​တွေမှာ ​ဖော်ပြ ထား​ပါတယ်။

ဒုတိယဗိုလ်မှူးကြီး​ အာ​ဂျေး​ ​ကျောင်သရီး​နဲ့အတူ ဖမ်း​ဆီး​ခံရတဲ့​ လူ ၅ ဦး​ထဲမှာ အိန္ဒိယ နိုင်ငံ အင်ဒီဂို​လေ​ကြောင်း​လိုင်း​က လက်​ထောက် မန်​နေဂျာ တဦး​လည်း​ ပါဝင်​နေတယ်လို့ သိရပါတယ်။ ဗိုလ်မှူးကြီး​ အာ​ဂျေး​ကျောင်သရီး​က​တော့​ ကား​ထဲမှာ မူး​ယစ်​ဆေး​ဝါး​တွေ ပါလာတာ သူ့အ​နေနဲ့ လုံး​ဝမသိရပါဘူး​လို့ ငြင်း​ဆိုထား​ပါတယ်။

မဏိပူရပြည်နယ်က​နေ မြန်မာပြည်ကို တင်ပို့မယ့်​ မူး​ယစ်​ ဆေး​ဝါး​တွေ အနက် အခု ဖမ်း​ဆီး​ ရမိတဲ့​ မူး​ယစ်​ဆေး​ဝါး​ အ​ရေအတွက်ဟာ ဒီနှစ် အတွင်း​ အကြီး​မား​ဆုံး​ဖြစ်​ကြောင်း​ သတင်း​တွေမှာ ​ဖော်ပြထား​ပါတယ်။

DVB

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်