Wednesday, February 27, 2013

မအူပင် ပဋိပက္ခမှ ဒဏ်ရာရသူများ မအူပင်ဆေးရုံကြီးသို့ (၅)ဦး ထပ်မံရောက်ရှိ

Posted by drmyochit Wednesday, February 27, 2013, under | No comments


 မအူပင်၊ ဖေဖော်ဝါရီ၊ ၂၇။ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့ နယ် ရှိ ပလောင် ရွာတွင် ယမန်နေ့ ကဖြစ်ပွား ခဲ့သော ဆန္ဒပြ ရွာသား များနှင့်ရဲများ ပဋိပက္ခဖြစ်ပွားမှုတွင် ဒါဏ်ရာရရှိသူ ရွာသား (၅)ဦးသည် မအူပင်ဆေး ရုံကြီးသို့ ယနေ့မနက် (၃)နာရီ အချိန်တွင် ထပ်မံရောက် ရှိလာသည်။ ပလောင်ကျေးရွာ တွင် ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်တွင် ဒေါက်တာမြင့်စိန် ပိုင် အော့ချက်ဒ် ကုမ္ပဏီ ပိုင်ငါးမွေးကန်ပေါင်အား ဖျက်ဆီး၍ လယ်မြေ အဖြစ် ပြန်လည်လုပ်ကိုင်ရန် ဝင်ရောက်ရှင်းလင်းရာ အာဏာ ပိုင် အဖွဲ့အစည်းများမှ ပုဒ်မ ၁၄၄ ထုတ်ကာ တားဆီး ထား သည့်အချိန်တွင် ယင်းဒေသမှလယ်သမားများမှ ရဲတပ်ဖွဲ့ဝင် များအား ဝင်ရောက်အကြမ်းဖက်သဖြင့် ယခုကဲ့သို့ နှစ်ဘက် အဓိကရုဏ်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မျက်မြင် တစ်ဦးက ပြောကြားသည်။ 


ယမန်နေ့တွင် မအူပင်ဆေးရုံကြီး၌ တက်ရောက် ဆေးကုသခံနေရသူ ရဲတပ်ဖွဲ့ဝင် ၂၇ ဦးနှင့် ဒေသခံ အမျိုးသမီး ၅ဦး အပါအဝင် ၄၀ဦးခန့် ဖြစ်ပြီး ဒဏ်ရာရရှိသူများအား အချိန်မှီဆေးကုသနိုင်ရန် လုပ်ဆောင်နေရသဖြင့် ယင်းသို့အကြမ်းဖက်မှုအပေါ် တစုံတရာ အမှုဖွင့်အရေးယူရန် မပြင်ဆင်ရသေးကြောင်းနှင့် ဦးခေါင်းအား ဓါးဖြင့် ခုတ်ခံရသဖြင့် ဒဏ်ရာပြင်းထန်သူ ရဲတပ်ဖွဲ့ဝင်တစ်ဦး ရန်ကုန်ဆေးရုံကြီးသို့ ပြောင်းရွှေ့ဆေးကုသမှု ခံယူနေရပြီး ယင်းဒေသခံ လယ်သမားများဘက်မှ ဂျင်ကလိ၊ ဓါး၊ ဝါးချွန်၊ တုတ်များ၊ သရေခွများဖြင့် စတင်တိုက်ခိုက်ခဲ့၍ ရဲတပ်ဖွဲ့မှပြန်လည် ခုခံခဲ့ခြင်းသာဖြစ်ကြောင်း မအူပင်ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။ "ကြောက်ပြီး ရွာထဲမှာ ပုန်းနေကြတယ် ။

ပြဿနာဖြစ်တဲ့ကန် နားမှာလည်း ရွာသား(၂ဝဝ)လောက်ရှိတယ်။ ဒဏ်ရာ ရတဲ့သူ ရှိရင် လိုက်ခဲ့ပါလို့ပြောတာ မလိုက်ဘူး ။ ဆေးပါရင် ပေးခဲ့ပါလို့ပြန်ပြောတယ်။ ဆရာဝန်လာရင်ပြမလား မေးတော့ ခင်ဗျားတို့ပါရင် ပြမယ်လို့ပြန်ပြောတယ်"ဟု ကိုထိုက်ထိုက်က ပြောသည်။ "ပုဒ်မ ၁၄၄ ဆိုတာ လိုအပ်လို့ထုတ်ထားတာ၊ ဒီနေရာတွေကလဲ ပိုင်ရှင်တွေရှိပြီးသား၊ သူတို့က အတင်းဝင်လာတဲ့ပြီး လုံခြုံရေးယူထားတဲ့ ရဲတွေကိုပါ တိုက်ခိုက်လာတာ၊ ကန်ကိုဝင်ဖောက် ရေတွေထုတ်ပြီး လယ်ကွက်ဖော်ဖို့ လုပ်နေကြတာ၊ ဒါကို လုံခြုံရေးနဲ့ သေချာတားထားတာ၊ သေတာတွေလဲ ရှိလောက်တယ်။ 

ခုက အတိအကျမသိရသေးဘူးလေ"ဟု ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။ ရဲတပ်ဖွဲ့အနေဖြင့် တာဝန်အရ ဆောင်ရွက်ခြင်းသာဖြစ်ပြီး တိုက်ခိုက်မှုကိုစတင်ခဲ့ခြင်း မရှိကြောင်း၊ ပြန်လည်တုံ့ပြန်ခဲ့ခြင်းသာ ဖြစ်ကြောင်း၊ အခင်းဖြစ်ပွားချိန်တွင် ရဲတပ်ဖွဲ့ဝင် ၁၅၀ခန့်ရှိပြီး၊ ကျူးကျော်ဝင်ရောက်သူ လယ်သမားဦးရေမှာ ၂၀၀ကျော်ခန့်ရှိကြောင်း၊ မိမိကိုယ်တိုင်သာ ရှိနေလျှင်လည်း ပြန်လည် ပစ်ခတ်မိမည် ဖြစ်ကြောင်း၊ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းမှာ မသေချာသေးကြောင်း၊ ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းကြောင့် အသေအပျောက်များလည်း ရှိနိုင်ကြောင်း၊ သို့သော် အတိအကျ မပြောနိုင်သေးကြောင်း မအူပင်ဆေးရုံသို့ ရောက်ရျိနေသော ရဲအရာရှိတစ်ဦးက ပြောကြားသည်။ ယင်းသို့ဖြစ်ပွားခဲ့သော မြေနေရာအား၊ အော့ချက်ဒ်ကုမ္ပဏီမှ တရားဝင် စာချုပ်စာတမ်းဖြင့် ပိုင်ဆိုင်ကြောင်း၊ ယခင်က လယ်ယာလုပ်ကိုင်သည့် မြေနေရာဖြစ်ပြီး၊ ယင်းကုမ္ပဏီမှ ဝယ်ယူပြီး နောက်ပိုင်း ငါးမွေးကန်အဖြစ် ကန်ဘောင်များ တူးဖော်ထားခြင်း ကို ဒေသခံများက လာရောက်ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

ထက်နောင်နောင်၊ ဝေယံ ဓာတ်ပုံ- ထက်နောင်နောင်၊ ထိုက်ထိုက်




The Myanma Age 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်