Wednesday, February 27, 2013

KIA တပ်ဖွဲ့ဝင်၂ဦး အစိုးရတပ်သို့ အလင်းဝင်ရောက်

Posted by drmyochit Wednesday, February 27, 2013, under | No comments


ဖေဖော်ဝါရီ ၂၇ ရက်၊ ၂၀၁၃

ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့ အနီးရှိ လနပါရေတံခွန်းအနီးရှိ အစိုးရ တပ်စခန်း တစ်ခုသို့ KIA တပ်ဖွဲ့ဝင်၂ဦး လက်နက်ဖြင့် အလင်း ၀င်ရောက် ခဲ့ကြောင်း သိရှိရပါသည်။ အလင်းဝင်ရောက်လာသော KIA တပ်ဖွဲ့ဝင် ၂ ဦး သည် တပ်မဟာ(၅) ရင်း ၃၀မှ တပ်ဖွဲ့ဝင် များဖြစ်ပြီး သူ့ကိုင်ဆောင်သော လက်နက် များဖြင့် ယမန့်နေ့ ညနေ ၅နာ ရီခွဲ ခန့်က အလင်းဝင်ရောက်ခဲ့ပါသည်။ '

၎င်းတို့၂ဦးသည် မကွေးတိုင်း၊ အောင်လံမြို့နှင့် အရာတော်မှ ကချင် ပြည်နယ် တွင် ရွှေလုပ်ငန်း လာရောက် လုပ်ကိုင်ရင်း KIA ၏ လူသစ် လူသစ် စုဆောင်းခြင်းခံရပြီး မုန်ဆန်ယန် သင်တန်းကျောင်းတွင် KIA ၏သင်တန်းပေးခြင်းခံရကာ KIA တပ်ဖွဲ့ဝင် ဖြစ်ခဲ့ ရကြောင်း၊ KIA တပ်မဟာ ၅ တွင် လှုပ်ရှားတပ်ရင်းတွင် တာဝန်ထမ်းဆောင်ရပါသည်။ 

အစိုးရတပ်နှင့် တိုက်ပွဲများဖြစ်ပွားစဉ်တွင် ကချင်လူမျိုး မဟုတ်သည့် သူများ ကို ခွဲခြားဆက်ဆံမှု၊ ဗဟို မှ အစိုးရတပ်ကို အသေခံ တိုက်ပွဲဝင်ခိုင်းမှုများ သာရှိ နေသော်လည်း ရိက္ခာများကို မပို့ပေးခြင်း၊ ဆေးဝါးများ ထောက်ပံ့မှု အားနည်းခြင်း၊ တို့ကြောင့် KIA တပ်ဖွဲ့ဝင်များမှာ စိတ်ဓာတ်ကျခြင်းများ ဖြစ်ပေါ်ပြီး တပ်ဖွဲ့ဝင်များအနေဖြင့် အလင်းဝင်ရောက် လိုစိတ် များရှိနေ ကြောင်း အလင်းဝင်သူတစ်ဦး ပြောပြချက်အရ သိရပါသည်။ 

အခြားအောက်ခြေတပ်ဖွဲ့ဝင်များလည်း အလင်း ၀င်ရောက် လိုသော်လည်း ဗဟိုမှ အစိုးရတပ်သို့ အလင်းဝင်ရောက်သူများ ဆက်သွယ်သူများကို သေဒဏ်ပေးမည်ဟု အမိန့် ထုတ် ထားသောကြောင့် တပ်ဖွဲ့ဝင်များမှ ကြောက်ရွံ့စိုးရိမ်စိတ်ဖြင့် ဆက်လက်လုပ်ကိုင် နေရသည်ဟု ၎င်းတို့မှ ဆက်လက် ပြောကြားခဲ့ပါသည်။ ဖေဖော်ဝါရီလ တစ်လအတွင်းမှပင် KIA တပ်ဖွဲ့ဝင်များအနေဖြင့် အစိုးရတပ်နှင့် လာရောက် ပူးပေါင်း မှုမှာ ၈ဦး ရှိပြီးဖြစ်ကြောင်း အစိုးရတပ်နှင့် နီးစပ်သူတစ်ဦး၏ပြောပြချက်အရ သိရှိရ ပါသည်။

Kachin Daily News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်