Wednesday, February 27, 2013

ကောင်းမြတ်ကျော် ဆီတွဲသဘောင်္ ဘာလို့ ပေါက်ကွဲတာလဲ

Posted by drmyochit Wednesday, February 27, 2013, under | No comments

လှိုင်မြို့နယ် (၄)ရပ်ကွက် ဘုရင့်နောင် (အိုဝမ်း ) ရှိ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်၊ မြ၀တီ စက်သုံး ဆီ ဖြန့်ဖြူရေး လုပ်ငန်း၊ ဒီဇယ် ဆီဖြန့်ဖြူး သည့် ဆိပ်ခံ ဘောတံတား၌ ဖေဖော်ဝါ ရီ ၄ ရက်နေ့ ညနေ ၅နာရီအချိန်က မြ၀တီ (၀၀၈)၊ စီဘီတွဲမှ ဒီဇယ်များကို ပြင်ပမှ ဆီလာ ၀ယ်သည့် ကောင်းမြတ်ကျော်နှင့် အောင် သုခဧရာ ရေယာဉ်တို့ထံ ဆီထည့်ပေးနေ စဉ် ကောင်းမြတ်ကျော်ရေ ယာဉ်မှ ရုတ် တရက်ပေါက်ကွဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ ရာ(၆)ဦးသေဆုံးပြီး (၅)ဦးဒဏ်ရာရရှိကာ ၆၉.၃၅သန်း ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။ 

အဆိုဖြစ်စဉ်ကြောင့် ကောင်းမြတ်ကျော် ရေယာဉ်မှူး ဦးသိန်းခိုင်နဲ့ စက်ဆရာ ဦးထွန်းကြည်တို့ကို ဆိပ်ကမ်းရဲစခန်းက (ပ)၄၂/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅/၃၀၄(က)/၃၃၈ဖြင့်အရေးယူထား ကြောင်းလည်း သိရပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်း ခဲ့ရာဦးဝင်းကျော်ပိုင်ဆိုင်တဲ့ ကောင်းမြတ် ကျော် ဆီတင်ရေယာဉ်ဟာ ဒီဇယ်ဆီ (၂၉၀၀၀)ဂါလံဝယ်ယူဖို့ ဆိပ်ခံဘောတံ တားသို့ အခင်းဖြစ်တဲ့နေ့ ညနေ (၃)နာရီ ကျော်လောက်က ဆိုက်ရောက်လာပါ တယ်။ ရောက်ပြီး (၁၀)မိနစ်လောက် အကြာမှာ ဦးရဲနိုင်ပိုင်ဆိုင်တဲ့ အောင်သုခ ဧရာဆီတင်ရေယာဉ်ကလည်း ဆီဂါလံ (၂၅၀၀၀) ၀ယ်ဖို့ ထပ်မံရောက်လာပါ တယ်။ ဘောတံတားမှာ အဲဒီဆီတင် ရေ ယာဉ်နှစ်စီးအပြင် မြ၀တီ(၀၀၈)၊ သံ (၅၆၆)နဲ့ မြ၀တီ(၀၀၃)တို့လည်း အစဉ် လိုက်ဆိုက်ကပ်ရပ်နားထားကြပါတယ်။

ကောင်းမြတ်ကျော် ဆီဖြည့်တင်း ရေးတာဝန်ခံဦးဟန်ဝင်းနဲ့အောင်သုခဧရာ ရေယာဉ်ပိုင် ရှင်သား ဦးဖြိုးသန့်ဇင်တို့က ဆိပ်ကမ်းပေါ်တက်ပြီး ဆီဖိုးငွေတွေပေး ချေပြီးပြန်လာခဲ့ကြပါတယ်။မြ၀တီဒီဇယ် ဆီသိုလှောင်ဖြန့်ဖြူးရေးမန်နေဂျာဦးအောင် မျိုးထွန်းနဲ့ ကြီးကြပ်ရေးမှူး ဦးဝေမင်းတို့ က ဆီထည့်ပေးရမယ့် ရေယာဉ်နှစ်စီးကို ကိုယ်တိုင် မစစ်ဆေးဘဲ အခြားဝန်ထမ်း တွေကို စစ်ဆေးခိုင်းတယ်လို့လည်း သိရ ပါတယ်။ ညနေ ၄ နာရီလောက်မှာ မြ၀တီ(၀၀၈)ဆီတွဲကနေ ဒီဇယ်ဆီတွေ ကို ဖလိုးမီတာနဲ့ ရေယာဉ်နှစ်စီး ဆီသုံး လက်မပိုက်တစ်ချောင်းစီသွယ်ပြီး တစ် ပြိုင်တည်း ဆီထည့်ပေးကြောင်းလည်း သိရပါတယ်။

အဲဒီလို ဆီထည့်ရာမှာ လည်း ဆီဖြည့်ကန်ထဲကို အရည်တစ်ပေ ကျော်သာစိုက်ပြီး လှုပ်ရှားမှုမရှိအောင် အပေါ်ကနေ ကြိုးချည်ထားကာ ဆီပိုက် ခေါင်းတွေကလည်း ကြေးနဲ့ ပြုလုပ်ထား ပေမယ့် ထိပ်ပိုင်းကို သံပိုက်တင်အရှည် (၄)လက်မခန့် ထပ်ဆက်ထားလို့ ပိုက် ခေါင်းနဲ့ ဆီဖြည့်ပိုက်ဆက်ရာမှာ သံပိုက် ကလစ်တွေ တပ်ဆင်ထားတယ်လို့လည်း သိရပါတယ်။

ပေါက်ကွဲမှုမဖြစ်ခင် အချိန်မှာ မြ၀တီ(၀၀၈)နဲ့ သံ(၅၆၆)မှာ ၀န်ထမ်း တွေရှိနေပြီး ကောင်းမြတ်ကျော် ဆီတွဲရဲ့ အလယ်မှာ ဦးဟန်ဝင်း၊ ဦးဝင်းသိန်းဇော် နဲ့ ဦးနေမင်းတို့ ရှိနေပါတယ်။ ဆီတွဲအမြီး ပိုင်းမှာတော့ ဦးသိန်းခိုင်၊ ဦးဝင်းဗိုလ်နဲ့ ဒေါ်သီတာဝင်းတို့ရှိနေပြီး အနောက် ဘက်မှာတော့ စက်ဆရာဦးထွန်းကြည်နဲ့ စက်အကူ ဦးနိုင်နိုင်ထွန်း တို့ ရှိနေကြောင်း သိရပါတယ်။ အောင်သုခဧရာယာဉ်ပေါ် မှာတော့ ဦးစည်သူ၊ ဦးဖိုးချစ်၊ ဦးဇော်ကြီး၊ ဒုရေယာဉ်မှူး ဦးအုန်းရွှေတို့ရှိနေပြီး စက် ခန်းမှာ ဦးသောင်းအေးနဲ့ ဦးနေလင်းတို့ မီးစက်ပြုပြင်နေကြောင်း သက်ဆိုင်ရာ စစ်ဆေးချက်အရ သိရပါတယ်။

အောင်သုခ ဧရာရေယာဉ် ပိုင်ရှင်ရဲ့ သား ဦးဖြိုးသန့်ဇင်က သင်္ဘောပေါ် ဆီ ပီပါ အလုံး(၅၀)တင်ပြီးရင် ဆီထည့် တာ ခဏရပ်ပေးဖို့ မန်နေဂျာ ဦးအောင်မျိုး ထွန်းကို ပြောခဲ့ကြောင်းလည်း သိရပါ တယ်။ ပေါက်ကွဲမှု မဖြစ်ခင် မီးစက်ပြင်နေ သူတွေဆီ ဦးဇော်ကြီး ရောက်လာပြီး ဆီတွဲပေါ်မှာရှိတဲ့ ဆီတွေဖလှယ်ဖို့ မီး စက်နှိုး မယ်လို့ပြောပြီး မီးစက်ကို နှိုးခဲ့ပါ တယ်။ မီးစက်နှိုးပြီး (၁၀)မိနစ်ခန့်အကြာ မှာ မီးလောင်ပေါက် ကွဲမှုဖြစ်ကြောင်း လည်း သိရပါတယ်။

ရဲမှူးကြီး ချစ်ဦး ခေါင်းဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကတော့ မြ၀တီ ၀န်ထမ်းတွေ၊ကောင်းမြတ်ကျော် ၀န်ထမ်း တွေ၊ ယာဉ်ပိုင်ရှင်နဲ့ လာရောက်လည် ပတ်တဲ့သူတွေကို အသေးစိတ် စစ်ဆေးခဲ့ ရာမှာ ဆီတွဲ(၂) တွဲကို ဆီထည့်ပေးတာ မြ၀တီ(၀၀၃)မဟုတ်ဘဲ မြ၀တီ(၀၀၈) ဆီတွဲယာဉ်ဖြစ်ကြောင်း၊ ကောင်းမြတ် ကျော်ယာဉ်ပေါ် မှာ ဖလိုးမီတာအတွက် အင်ဂျင်စက်ထားရှိသော်လည်းစက်နှိုး ထားခြင်းမရှိကြောင်း၊ ကောင်းမြတ်ကျော် နဲ့ကပ်လျက်အောင်သုခဧရာရေယာဉ်၌ သာ ဖလိုးမီတာဖြင့်တွဲလျက် တရုတ်နိုင်ငံ လုပ် (၂၂)ကောင် အင်ဂျင်စက်နဲ့ (၂၅) ကောင် အင်ဂျင်စက်နှစ်လုံးမှာ (၂၂) ကောင်အင်ဂျင်စက်ကို ဦးဇော်ကြီး က နှိုးခဲ့ ကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါ တယ်။ 

တကယ်ဆိုရင် ဒီဇယ်အမျိုးအစား ဟာ သာမန်မီးလောင်လွယ်တဲ့ ပစ္စည်း မဟုတ်ပါဘူး။ဒီဇယ်ဆီဟာ အရည် အဖြစ် နဲ့ လွယ်ကူစွာ မီးမလောင် နိုင်ပေမယ့် အပူဓာတ်ရှိတဲ့ ဒီဇယ်ဆီအမှုန်အမွှား၊ အငွေ့တွေက မီးပွား၊ မီးပွင့်နဲ့တွေ့ရင် တော့ မီးလောင်နိုင်ပါတယ်။ 

ဆီတင်တွဲ တွေဟာ အရင်က ဓာတ်ဆီတို့၊ အောက် တိန်းဆီတို့ သယ်ခဲ့ဖူးမယ်ဆိုရင် ဒီဇယ်ဆီ ပြည့်နေ တဲ့အချိန်မှာ တစ်နေကုန်ပူထား တဲ့ သင်္ဘောကိုယ်ထည်အရှိန်ကြောင့် ဖိအားနဲ့ ထည့်လိုက်တဲ့ ဒီဇယ်ဆီတို့ ပွတ် တိုက်ပြီး အရင်လက်ကျန်ဓာတ်ဆီ၊ အောက်တိန်းဆီတို့နဲ့ ထိတွေ့ပြီး မီး လောင်ပေါက်ကွဲမှု ဖြစ်နိုင်ပါ တယ်။ ဒါ့ အပြင် ဆီအခြင်အတွယ် ပြည့်မပြည့် စစ်ဆေးဖို့နဲ့ သင်္ဘောစောင်းနေလို့ LEVEL ညှိဖို့ ဖလိုးမီတာ နဲ့ တွဲထားတဲ့ အင်ဂျင် စက် အိတ်ဇောကထွက်တဲ့ မီးပွား၊ ဓာတ် ဆီ၊ အောက်တိန်းဆီအငွေ့တို့ ထိတွေ့ပြီး လောင်နိုင် သလို ဆီဖြည့်ပိုက်ခေါင်းနဲ့ သင်္ဘောကိုယ်ထည်တို့ ပွတ်တိုက်ပြီး မီး ပွင့်ရာကနေလည်း မီးလောင်နိုင် ပါတယ်။ 

 ဆီတွဲယာဉ်တွေဖိအားနဲ့ ဆီဖြည့်ရာမှာ အကန့်မှာရှိတဲ့ အပေါက်တွေကတစ်ဆင့် ဒီဇယ်ဆီတွေ တိုးထွက် ရတာကြောင့် ဆီ အမှုန်အမွှားတွေက လုံနေတဲ့ အကန့်ထဲ မှာရှိနေတုန်း ဖလိုးမီတာနဲ့ တွဲထားတဲ့ အင်ဂျင် စက်က အိတ်ဇောက ထွက်တဲ့ မီးပွားနဲ့ထိတွေ့ပြီးလည်း မီးလောင်နိုင်ပါ သေးတယ်လို့ စုံစမ်းစစ်ဆေးရေး အဖွဲ့တွေ က သုံးသပ်ကြပါတယ်။

ဆီတင်သင်္ဘောတွေ ဆီထည့်မယ် ဆိုရင် တစ်စီးပြီးမှတစ်စီး ထည့်သင့်ပြီး မီးစက်များလည်း မနှိုးထား သင့်ပါဘူး။ ဆီဖြည့်ပိုက်ခေါင်းတွေလည်း သံနဲ့ မပြု လုပ်သင့်သလို မီးငြှိမ်းသတ်ရေး အစီ အစဉ်တွေ လည်းပြုလုပ် ထားသင့်ပါတယ်။ 

ဆီရောင်းတဲ့ နေရာမှာလည်း သီးသန့်မီး သတ်တပ်ဖွဲ့ထားပြီးဆီဖြည့်စဉ်မှာ အသင့် စောင့်ကြပ်သင့်ပါတယ်။ ဆီဖြည့်တဲ့ ၀န် ထမ်းကလည်း သေချာစစ်ဆေးပြီး အန္တရာယ်ကင်းပြီဆိုမှ ဆီဖြည့်ပေးသင့်ပါ တယ်။ ပြင်ပက မသမာသူတွေ ၀င် ရောက်မလာနိုင်အောင် လုံခြုံရေးက သေ ချာစစ်ဆေးသင့်ပြီး လူနေရပ်ကွက် အနီး အနားမှာ မဆီမဆိုင် မဖွင့်သင့်ပါဘူး။ ဖလိုးမီတာတွေနဲ့အမြန်နှုန်းမြှင့်ပြီး မထည့် သင့်သလို ရှည်လျားတဲ့ ဆီပိုက်တွေကို အသုံးမပြုသင့်ဘဲ ဆီဖြည့်မယ့်ဆီတွဲကို ဆိုင်နဲ့အနီးဆုံးမှာထားပြီး ပိုက်တိုင်တွေ ကိုသာ အသုံးပြုသင့်ပါတယ်လို့ စုံစမ်း စစ်ဆေးရေးအဖွဲ့တွေက အကြံပြုထား တယ်လို့ သိရပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ ကောင်း မြတ်ကျော်ယာဉ်ကို စစ်ဆေးဖို့ စီစဉ်ခဲ့ပေ မယ့် သင်္ဘောနစ်မြုပ်သွားလို့ စစ်ဆေးလို့ မရခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ဆိပ်ကမ်းရဲစခန်းကလည်း အောင်သုခ ဧရာကို သေချာမစစ်ဆေးခြင်း၊ ထိန်း သိမ်းစောင့်ရှောက်မှုမရှိခြင်း၊ တရုတ်နီ အင်ဂျင်ကိုလည်း သိမ်းဆည်းခြင်းမပြုခဲ့ ကြောင်းလည်း သိရပါတယ်။ ဒါ့အပြင် အောင်သုခဧရာပိုင်ရှင် ဦးရဲနိုင်ကလည်း အခင်းဖြစ်ပြီး နောက်နေ့မှာ သင်္ဘောကို ကျိုက်လတ်သို့ ပြန်သယ်သွားတဲ့အတွက် အသေးစိတ်မစစ်ဆေးနိုင်ခဲ့ဘူးလို့ သိရပါ တယ်။ စုံစမ်းရေးအဖွဲ့က စုံစမ်းစစ်ဆေး တွေ့ရှိချက်တွေကို တိုင်းဒေသကြီးအစိုးရ ထံ တင်ပြထားကြောင်းလည်း သိရပါ တယ်။

အယ်ဒီတာတစ်ဦး
Hot News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်