Wednesday, February 27, 2013

မြန်မာအစိုးရတပ်နှင့် ပူးပေါင်းရန် ကြိုးစားခဲ့သော KIA တပ်ဖွဲ့ဝင် များအား သေဒဏ်ပေးရန် ဗိုလ်ချုပ် ဂမ်ရှောင် ဆုံးဖြတ်

Posted by drmyochit Wednesday, February 27, 2013, under | No comments


Wednesday, February 27, 2013

ကချင်ပြည်နယ်တွင် ဖြစ်ပွား ခဲ့သော တိုက်ပွဲများ ဖြစ်ပွားနေ စဉ် အတွင်း အစိုးရ တပ်ဖွဲ့များနှင့် ပူးပေါင်း ရန် ကြိုးစားခဲ့သည့် ဗိုလ်မှူး အဆင့် ရှိသူ တစ်ဦး အပါအ၀င် KIA အဖွဲ့ဝင် (၄၂)ဦး အားသေ ဒဏ်အပြစ်ပေး ရန်အတွက် ဆုံးဖြတ် ခဲ့ကြောင်း သတင်း ရရှိသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ (၂၃)ရက်နေ့ လိုင်ဇာဟိုတယ် အစည်း အဝေး ခန်းမ တွင် ကျင်းပ သည့် အရေးပေါ် စစ်ဆင်ရေး အစည်း အဝေး တွင် KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်မှ ဆုံးဖြတ် ခဲ့ခြင်းဖြစ်ကြောင်း KIA အရာရှိတစ်ဦးမှ ပြောကြားသည်။


ကချင်ခေါင်းဆောင် အချို့မှ ယခုကဲ့သို့သောကချင်လူမျိုးများအတွက်အရေးကြီးချိန်တွင် ပြင်းထန်သော ပြစ်ဒဏ်များ မပေးသင့်ကြောင်း ၀ိုင်ဝန်းကန့်ကွက်ပြောဆိုခဲ့ကြသဖြင့် သေဒဏ်ပြစ် ဒဏ်ပေးခြင်း အားခေတ္တ ဆိုင်းငံ့ ထားကြောင်း သတင်းရရှိသည်။

ယခုရက်ပိုင်းအတွင်း KIA တပ်ဖွဲ့တွင်းမှ တာဝန်မကျေသူ တပ်ဖွဲ့ဝင် များအားသေ ဒဏ်မကြာခ ဏပေး လျက်ရှိပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ(၃၁) ရက်နေ့ကလဲ လိုင်ဇာဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ရ၀မ် လူမျိုး(၂)ဦး အားအစိုးရမှ ထုတ်လွှင့်လျက်ရှိသည့် သဇင် FM အား နားထောင်ရန် အခြား တပ်ဖွဲ့ဝင်များ အားစည်းရုံးခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် သေဒဏ်ပေး ခဲ့သေးကြောင်း သိရှိရသည်။

KIA အဖွဲ့တွင် တပ်ဖွဲ့ဝင်များအပေါ် ပြင်းထန်သော ပြစ်ဒဏ်များပေးနေခြင်းနှင့်ပတ်သက်၍ ကချင် တိုင်းရင်းသား လူမျိုးစုခေါင်းဆောင်များမှ မကျေနပ်ကြသော်လည်း KIA ခေါင်းဆောင်များအပေါ် လွန်ဆန်မှု မပြုနိုင်ကြောင်းသိရှိရသည်။

KIAတပ်ဖွဲ့များအနေဖြင့် နောက်ဆုံးဖြစ်ပွားခဲ့သောလဂျားယန်ဒေသစစ်ပွဲများတွင် အထိအခိုက် အကျ အဆုံး များပြားခြင်း၊ လိုင်ဇာမြို့အား ထိန်းချုပ် ထားနိုင်သော အရေးကြီးတောင်ကုန်း များသည် အစိုးရ စစ်တပ် လက်အောက်သို့ ကျရောက်သွားခြင်း၊ အစား အသောက်နှင့် ရိက္ခာဆေး ၀ါးများ လုံလောက်စွာ မရရှိခြင်း တို့ကြောင့် စိတ်ဓာတ် ကျဆင်း လာကာ အစိုးရ စစ်တပ် များနှင့် ပူးပေါင်းရန် ကြိုးစား လာသည့် ဖြစ်စဉ်များ များပြားလာကြောင်း သတင်းရ ရှိသည်။

နော်ဒင်
လိုင်ဇာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်