Wednesday, February 27, 2013

လယ်ယာမြေ ပြန်လည် ရရှိရေး တောင်းဆိုမှုနှင့် ဆက်စပ်ပြီး မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စု၌ ဖြစ်ပေါ်ခဲ့သော ပဋိပက္ခ၌ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံး

Posted by drmyochit Wednesday, February 27, 2013, under | No comments


ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စု၌ လယ်ယာမြေ ပြန်လည် ရရှိရေး တောင်းဆိုမှုနှင့် ဆက်စပ်ပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခ ဖြစ်ပွားခဲ့ရာ အဆိုပါ ပဋိပက္ခတွင် ဒဏ်ရာ ရရှိခဲ့သော ရဲတပ်ဖွဲ့ဝင်များအနက် ရဲတပ်သား ရဲကျော်သူသည် ဖေဖော် ၀ါရီလ ၂၇ ရက်နေ့ နံနက် ၉ နာရီ အချိန်က ရန်ကုန်ဆေးရုံကြီး၌ ဦးခေါင်း ဓားခုတ်ဒဏ်ရာဖြင့် သေဆုံး ခဲ့ကြောင်း သိရသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ဒဏ်ရာ ရရှိခဲ့သူများအနက် ဒေသခံ ၁၅ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၂၇ ဦးကို မအူပင် ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ဒဏ်ရာ ပြင်းထန်သဖြင့် ရန်ကုန်ဆေးရုံးကြီးသို့ ပို့ဆောင် ခဲ့သည့် ရဲတပ်သား ရဲကျော်သူမှာ ယနေ့ နံနက်ပိုင်းတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။


ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီ အချိန်အထိ သိရှိရသော သတင်းများအရ ပဋိပက္ခ ဖြစ်ပွားရာ နေရာတွင် လုံခြုံရေး အင်အား တိုးမြှင့်ထားပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် ကန်ဘောင် နေရာများသို့ ၀င်ရောက် ခဲ့သော ဒေသခံများအား ဆုတ်ခွာပေးရန် အမိန့်ထုတ်ပြန်ခဲ့သဖြင့် ဒေသခံများမှ ပြန်လည် ဆုတ်ခွာ သွားပြီး ပုဒ်မ ၁၄၄ ဧရိယာ ပြင်ပတွင် စုဖွဲ့လျက် ရှိနေဆဲ ဖြစ်ကြောင်း သိရပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စုရှိ ကျေးရွာများမှ ဒေသခံများက သိမ်းဆည်း ခံထားရသည့် လယ်ယာမြေများ ပြန်လည်ရရှိရေးနှင့် ဆက်စပ်ပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တောင်း ဆိုမှု ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာက ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက် ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများ အကြား ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။

Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်