Wednesday, February 27, 2013

ကျပ်မပြည့်တဲ့ အမျိုးသမီးအား သားမယားပြုကျင့်သူ ဖမ်းဆီးအရေးယူ

Posted by drmyochit Wednesday, February 27, 2013, under | No comments


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇

၂၅-၂-၂၀၁၃ရက်နေ့ ၁၆၀၀ အချိန် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ xxxxx ကျေးရွာ၊ xxxx ရပ်ကွက်နေ အသိဥာဏ်ချို့တဲ့နေသူ မ xxxx (၁၇)နှစ်သည် နေအိမ်ဘေးရှိ ထန်းတောတွင် ထန်းသီးကောက်ရန် ထွက်လာစဉ် ခင်မင်ရင်းနှီးသူ တောင်ငူမြို့နယ်၊ ကျူအင်းကျေး ရွာနေ ကိုလင်း(၂၅)နှစ်က ချစ်ကြိုက် ကြောင်းပြော ဆိုပြီး ထန်းတောအနီးရှိ လယ်ကွင်းသို့ခေါ်ဆောင်ကာ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း
မxxxx၏ဦးလေးတော်စပ်သူမှ တိုင်တန်းသဖြင့် ၂၆-၂-၂၀၁၃ရက်နေ့ ၀၃၀၀ အချိန် ကိုလင်းအား ဘားအံရဲစခန်း(ပ)၇၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်