Wednesday, February 27, 2013

ဝလောင်ယန်ရွာအနီးတွင် ကုန်စိမ်းတင်ကားများ KIA တောင်ထားသောမိုင်းကြောင့် ပျက်စီး

Posted by drmyochit Wednesday, February 27, 2013, under | No comments


ဖေဖော်ဝါရီ ၂၇ ရက်၊ ၂၀၁၃

ချီဗွေမြို့နယ် ဂန့်ဂွင်းရွာမှ မျောချောင်းရွာရှိ ဒေသခံများအတွက် ကုန်စိမ်းများကို ယမန်နေ့က ကား၎စီး ဖြင့် ပို့ဆောင်ပြီး အပြန် ၀လောင်ယန်ရွာ အနီးတွင် KIA ထောင်ထားသော မိုင်းနင်းမိပြီး ယာဉ်တစ် စီးပျက်စီး သွားရခဲ့ကြောင်းသိရှိရပါသည်။

မိုင်းကြောင့် ကားမှာ ပျက်စီးသွားပြီး ယာဉ်ပေါ် တွင်လိုက် ပါလာသူ ၂ဦးမှာ အပြင်းအထန် ဒဏ်ရာရ ရှိခဲ့ကြောင်း သိရှိရပါသည်။ ဒဏ်ရာရသူများကို ဂန့်ဂွင်းမှတဆင့် ဖီဖော်ရှိဆေးခန်းသို့သွား ပို့ဆောင် ကုသပေးနေကြောင်းသိရှိရပါသည်။


အစိုးရတပ်နှင့် KIA တို့ ငြိမ်းချမ်းရေးဆွေးနွေးမှု များရှိနေ သော်လည်း KIA အနေဖြင့် မိုင်းထောင်မှုများကို ဆက်လက် လုပ်ဆောင်နေကြောင်း၊ ဒေသခံများအတွက် ပို့ဆောင်ပေးနေသည့် ကုန်ပစ္စည်း ကားများကို မိုင်းထောင် သည့်အတွက် ဒေသခံများကို စားနပ်ရိက္ခာ ရှားပါး အောင်လုပ်ဆောင် နေကြောင်း၊ ဒေသခံ များမှပြောဆိုခဲ့ကြပါသည်။ KIA ၏လုပ်ရပ် များသည် ငြိမ်းချမ်းရေးကို လိုလားသော လုပ်ရပ်များမှ မဟုတ်ဘဲ ကချင်ပြည်နယ်ပျက်စီး ရေးနှင့် ကချင်လူမျိုးများ ဒုက္ခ အမျိုးမျိုး ရောက်အောင် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ၀လောင်ယန်ရွာမှ အဖိုးအို တစ်ဦးမှပြောကြားခဲ့ကြောင်း သိရှိရပါသည်။


Kachin Daily News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်