Wednesday, February 27, 2013

AFC Cup ပြိုင်ပွဲတွင် ဗီယက်နမ်ကလပ် ဒါနန်းအသင်းကို ဧရာဝတီအသင်း အဝေးကွင်း၌ (၂-၁) ဂိုးဖြင့် ရှုံးနိမ့်

Posted by drmyochit Wednesday, February 27, 2013, under | No comments


2013 AFC Cup ဘောလုံးပြိုင်ပွဲ အုပ်စု (G) ပွဲစဉ်ဖြစ် သည့် ဗီယက်နမ်ကလပ် ဒါနန်းအသင်းနှင့် မြန်မာ ကလပ် ဧရာဝတီယူနိုက်တက် အသင်း တို့၏ပွဲ ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၇) ရက်က ဗီယက် နမ်နိုင်ငံတွင် ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရ သည်။

ယင်းပွဲစဉ်တွင် ဒါနန်းအသင်းက ဧရာဝတီအသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိပြီး ပွဲဦးထွက် ၃ မှတ်စတင် ရရှိသွားသည်။ ဒါနန်းအသင်းအတွက် ဂိုးများကို နောက်ခံလူ ကော်စမင်က (၄၂) မိနစ်နှင့် (၅၅) မိနစ်တို့တွင်  သွင်းယူပေးခဲ့ပြီး ဧရာဝတီအသင်းအတွက် ချေပဂိုးကိုမူ (၈၈) မိနစ်တွင် နေလင်းထွန်းက သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ ဧရာဝတီအသင်းတွင် နိုင်ငံခြားသား ကစားသမားများဖြစ်သည့် လီအန်ဒရို၊ ဒိုမီနစ်၊ မာဂျန်တို့ အပါအ၀င် စိုးကျော်ကျော်၊ နိုင်လင်းဦး၊ ဇော်ဇော်ဦး၊ ဟိန်းသီဟဇော်၊ နန္ဒလင်းကျော်ချစ်တို့ဖြင့် လူစုံအသုံးပြုခဲ့ကြောင်း သိရသည်။ ဒါနန်းအသင်းသည် ပြီးခဲ့သည့် ၂၀၁၂ V -လိဂ် အမှတ်ပေးချန်ပီယံ ဖြစ်ကြောင်းလည်း သိရသည်။


AFC Cup အုပ်စုအဖွင့် ပွဲစဉ်များကို လာမည့်မတ်လ (၅) ရက်တွင် စတင်ကျင်းပမည်ဖြစ်သော်လည်း AFC Challenge Cup ခြေစစ်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရန် ရှိနေသည့် မြန်မာ၊ အိန္ဒိယ ကလပ်အသင်းများ၏ ပွဲစဉ်များကို တစ်ပတ်စော၍ ကျင်းပပေးခြင်းဖြစ်ကြောင်း သိရသည်။

အုပ်စုအဖွင့် ပွဲစဉ်ရလဒ်များ
ရန်ကုန်         ၃-၀     ပါဆီဘို         အုပ်စု(F)
ဒါနန်း                ၂-၁    ဧရာဝတီ         အုပ်စု(G)
အရှေ့ဘင်ဂေါ ၁-၀   ဆီလန်ဂေါ         အုပ်စု(H)
ကစ်ချီ                ၃-၀  ချာချီဘရားသား အုပ်စု(E)

Eleven

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်