Saturday, October 13, 2012

မိုးသီးဇွန် သတ်လို့ တောင်ပိုင်းမှာ သေဆုံးခဲ့ရတဲ့ ABSDF ကျောင်းသားရဲဘော် ဋ္ဌေးနိုင် မိသားစုရဲ့…(၄)

Posted by drmyochit Saturday, October 13, 2012, under | No comments

From :မြစ်မခ


အပိုင်း(၆) 
ကျနော် ပြောဖို့ ကျန်ခဲ့တာက ထိုင်းဖက် ကမ်းက မယ်တော် ဘုန်းကြီး ကျောင်းကို သွားတော့ ကိုဌေးနိုင်တို့  ကရင် နယ်မြေ သေဘော ဘိုးရွာ မှာကျန်ခဲ့ တယ်လေ ။ အဲဒီမှာ အစအဆုံး သမိုင်း အတိ အကျ သိတဲ့ လူရှိ တယ်။ ကျနော် သိသလောက် KNU က ကရင်ရွာ ထဲကနေပြီး ကျောင်းသားတွေ အတွက် စခန်းနယ် မြေပေး တယ် ဆက်လက် နေထိုင်ဖို့ ဆန္ဒ မရှိတော့ တဲ့သူ တွေကို မွန်နယ် မြေက ဘုရား သုံးဆူ ကျောင်းသား စခန်းကို ပို့ ပေးတယ် ။

နောက်တခုက ၁၉၈၈ မယ်တော် ဘုန်းကြီး ကျောင်းမှာ မောင်မောင်ကျော် အဖေ ဂန္တဝင် မောင်ဝိုင်း ပါလာ တယ်။ မောင်မောင်ကျော်ကို ထိုင်းဝန်ကြီးချုပ် ချာပလစ်အဖွဲ့က ကူညီတယ် ဆိုတာ အကျယ်ချုပ် လိုဖြစ်နေခဲ့ တယ်ဆိုတာ နှစ် ၂၀ ကျော်မှ သုံးသပ် မိတယ် ။ မယ်တော် အစည်း အဝေးမှာ အားလုံး ဆုံးဖြတ်တာ အလုပ် သမား ။ လယ်သမား ကျောင်းသား ဆိုတဲ့ အခြေခံ ၃ ဖွဲ့ နဲ့ တည်ဆောက်ဖို့ သဘောတူ ခဲ့ကြတာ ။ KNU ကလုံခြုံရေး အတွက် မြန်မာ တစုထဲ နေခွင့် ပေးလိုက်တယ်။ အတွေး အခေါ် မတူတဲ့ လူတွေ စုလိုက်တော့ ပြဿနာက စတော့ တာပေါ့ ။

 ပြီးတော့ကိုဋ္ဌေးနိုင်ကို ကယ်ဖို့ ထွက်သွားတဲ့ကိုလှဝင်း ဘာကြောင့် ဘယ်လို သေဆုံးသွားရတာလဲ။ သူ့ကို ဘယ်သူ သတ်လိုက်တာလဲဆိုတာကတော့  ဘန်ကောက်ရောက်နေတဲ့ ၁၉၈၈ မြန်မာကျောင်းသားတွေ သမိုင်းကိုပါ သိဖို့ လိုပါတယ် ။
၁၉၈၉ မှာ ဒညတ ( ဦးနုသား ဦးအောင် ထောက်ပံ့တဲ့တပ်ဖွဲ့ ) ဗိုလိမှုးကြီးစိန်မြ ဦးစီးတယ်။ မြန်မာပြည် အတွက် ။ ၈၈မှာ ဘဘ ဦးနုက ဒီမို ကရေစီနဲ့  ငြိမ်းချမ်းရေး ပါတီပြန် ထောင်တယ် ။ နေဝင်း ဆင်းရင် ၁၉၆၂က ဝန်ကြီးချုပ် ဦးနုက ယာယီ အုပ်ချုပ် မယ်ပေါ့ ။ ပညာတတ် လူငယ်တွေနဲ့ ပြန်လည်ဖွဲ့ စည်းကြတယ် ဆေး တက္ကသိုလ်မှာ ကြီး ၅ ကြီးစေ့စပ်နေတဲ့ အချိန်ပေါ့ ။ အာဏာသိမ်းလိုက်တော့ ဒီငြိမ်းက တောထဲကို ရောက် တော့ ဒီငြိမ်းတပ် ဖြစ်သွား တာပေါ့ ။ ။ ကုသိုလ်ကံပေါ့လေ ။

လေမုန်းတိုင်း ကျပြီး ကျောင်းသား လူငယ်တွေ ဒုက္ခရောက် ကုန်တယ်။ ဦးအောင်က ဘန်ကောက်မှာ ရှိနေတော့ သူ့ လူတွေကို ဆွဲတင် ရတာပေါဗျာ ။ ABSDF စဖွဲ့ ကာစမှာ လူငယ်လေးတွေ အချို့ကအဖွဲ့ အ စည်း နဲ့ မနေတတ် . စားစရာ မရှိ ဆိုတော့ နယ်စပ်မြို့ တွေက တဆင့် ဘန်ကောက်သို့ ဘဲပေါ့ ။ နောက်တခါ နယ်စပ် စခန်းတွေ ကနေပြီး ကုန်သည် တွေနဲ့ထိုင်းကိုဝင်လာတယ် ။ ထိုင်းက တက္ကသိုလ်ဆရာတွေက ငယ်တဲ့ကျောင်းသားတွေ ခေါ်လာတယ် ။
  
UNHCR မြန်မာဌါနကိုလည်း ဆောင်ဆစ်ဆိုတဲ့ ထိုင်းလူမျိုးနဲ့ စတင်ဖွဲ့ စည်းပေးပြီး နယ်စပ်တွေကို တောက်လျှောက် ကူညီပြီး ဘန်ကောက်ကို ပို့ ပေးခဲ့တယ် ။
 အဲဒီမှာ ၈၈ ကျောင်းသားတွေ ONSOB ကို စတင်ဖွဲ့ စည်းဖို့  လုပ်ကြရတာပေါ့ ။ ကျနော်လည်းပါခဲ့တယ် ။ ပထမ ဥက္ကဌ မဲရသူက ဒေါက်တာသီဟာ ( USA က လပြည့်ဝန်း တီဗီ ဦးစီးနေသူ ကာတွန်းဆရာ ဦးဘဂျမ်းသား) ရသွားတယ် ။ နောက်တော့ အကသ ထပ်ဖွဲ့ တယ် ။ အဲဒီတုန်းက တက်ကြွသူတွေထဲမှာ တင်မောင်ထူး ( ကနေဒါ) တိုးကြည် (ကနေဒါ) မိုးဇော်အောင် ( USA ) အောင်အောင် ( နော်ဝေ) မောင်မောင်မော် ( BC နယ်သာလန်) စတဲ့ အုပ်စုတွေပေါ့ ။ အကသတွေက ထိုင်းဘုရင်ကြီးကို ပန်းစီးဆက်ပြီး ထိုင်းမှာ နေခွင့်ရဖို့  တောင်းကြတာပေါ့ ။
 ဋ္ဌေးနိုင် အဖမ်းခံနေရပြီ ဆိုတော့ ကျနော်က ဘန်ကောက်မှာ လူငယ်လေးတွေကို ကူညီနေသူ ဖီးလတ်ရဲ့  စားဝတ်နေရေး ဦးဆောင်နေတော့ လှဝင်းက တောထဲဆင်းပြီး ကိုဌေးနိုင်ကို အကသ အတွင်းရေးမှုး အနေနဲ့ အာမခံပြီး ဆင်းခေါ်မယ်လို့ လာပြောတယ် ။ နောက်ပိုင်း သတင်းပျောက်သွားတယ် ။
ဘန်ကောက်ရောက် မြန်မာကျောင်းသားအဖွဲ့ အစည်းတွေက ထောက်လှမ်းရေးလို့စွပ်စွဲခံနေရတဲ့ ကိုနေဝင်းအောင် ဌေးနိုင်အပါအဝင် အဖမ်းခံရတဲ့ ကျောင်းသားတွေကို ကယ်ထုတ်ဖို့ ကြိုးစားကြသေးတယ်။ မိုးသီးရုံးကို သွားကြသေးတယ် ။ မိုးသီးတပည့်တွေက ထိုးကြိတ်လွတ်ကြတာပါ။ ၂၀၁၀ မှ ဌေးနိုင်နဲ့ တွဲပြီး အသတ်ခံရတာ လှဝင်းဖြစ်နေတယ်ဗျာ ။ အဲဒီအကြောင်း ပြောရင် မျက်ရည်ကျတယ်။
  
တကယ်ပဲ အဲဒီအချိန်မှာ ကျနော်က ထိုင်းနိုင်ငံမှာ စားစရာမရှိ နေစရာမကောင်း မွဲတေ စုပြတ်သတ်နေတဲ့ ဘဝမှာ ဒုက္ခရောက်နေတဲ့ မြန်မာပြည်သားတွေ ကူညီနေတာ ယားလို့ တောင် မကုတ် အားပါဖူး ။ကျောင်းသား မိဘတွေ ပေးနေတဲ့ ကျောင်းသား တယောက် တဘတ်နှုံး နဲ့ ကျွန်တော် မိသားစု အသက်ဆက်တာ ၄ နှစ်နီး ပါးပါ ။
 အဲဒီနောက်မှာတော့ မဟာချိုင်းမှာ အိမ်ထောင်ကျနေတဲ့ ကိုရဲမင်း နဲ့ ကိုအေးသိန်းထွေး အိမ်ကို သွားလည်ရင်း အိမ်ထောင် ကျသွားပါတယ် ။ တိုတိုပြောရရင် တစစနဲ့  မဟာချိုင်ဒေကို သိန်းနဲ့ ချီပြီး ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ပြသနာတွေကို လက်တွေ့နေ့စဉ်ဖြေရှင်း နေရတယ်။ နောက်ဆုံး ABSDFမှာတုံးကခင်ခဲ့တဲ့ ကိုသန်းကျော်ဌေး ( ၆၀၁) ကိုမြင့်လှိုင် ( ၂၀၆ ) တို့ နဲ့ ပေါင်းပြီး မြန်မာပြည်က ကလေးတွေ အတွက် စာသင်ကျောင်းဖွင့်  ကျန်းမာရေး ပညာပေးတွေ လုပ်ပြီး ဇတ်မြုတ်သလိုနေလိုက်တယ် ။

 မဟာချိုင်မှာ ကျွန်တော့ကို စုထီး လို့ခေါ်ကြတယ် ။ စုဆိုတာ တိုက်ခိုက်တာ ။ ထီးဆိုတာ အသက်ရှင်ရပ်တည်ဖို့ နေရာဒေသပေါ့ ။အသက်ရှင်ဖို့  ဘဝတွေ ရပ်တည်ဖို့  ဖို့  နေ့ စဉ်နဲ့ အမျှ တိုက်ပွဲဝင်ရတဲ့  သူပေါ့ဗျာ။

 ၉၉ လပ်ဘူရီ ဆေးရုံမှာ ဆေးဝင်တောင်းတဲ့ ၈၈ကျောင်းသားတွေ အသတ်ခံရတာကို ဒေါသထွက်ပြီး ခရိုင် ဆရာဝန်ကြီးတွေကို ကလန်ကဆန်လုပ်လို့ထောက်လှမ်းရေးကို သတင်းပို့ လိုက်တာ လာဖမ်းပြီး စာရင်းစစ် တာ ၁၉၉၂ လောက်က နိုင်ငံရေးသမား စာရင်းဝင်တာနဲ့အဖမ်းခံရပြီး နယ်သာလန်ရောက် သွားတာပါဘဲ ။
  
ကျနော့်လို ပြည်ပမသွားချင်ဘဲ ဖမ်းပို့ လို့ သွားရတာ ၈၈တွေ ၂၀၀၀ ကျော်ရှိပါတယ် ။ထက်ဆင်စီးပွားရေး အုပ်စု အစိုးရနေရာဝင်ဖို့ မီဒီယာတွေ သုံးနေတာ နိုင်ငံတကာက နားလည်တော့ အားလုံးကို ထိုင်းမှာ မနေခိုင်း တော့ဖူးလေ ။ သူ့ လက်ထက်မှာ မူးယစ်ဆေးဝါးကိစ္စနဲ့ လူတွေ ပစ်သတ်ခံရတာ မနဲပါဘဲ။

ကျနော်မဟာချိုင်မှာ HIV ရောဂါ ကာကွယ်ရေး အစီအစဉ်တွေကို ခရိုင်အဆင့် ကျန်းမာရေးဌါနနဲ့ ပူး ပေါင်းပြီး မြန်မာပြည်က လာတဲ့ လူထုပညာပေး အစီအစဉ်တွေကို လုပ်ခဲ့ပါတယ် ။ နောက်ဆုံး ၁၉၉၉ မှာ UN AIDS ညီလာခံမှာ ကုလားထိုင်တလုံးနဲ့ စင်ပေါ်မှာ ထိုင်ပြီး မြန်မာပြည်မှာ AIDS ရောဂါဝင်နေပြီလို့  နိုင်ငံတကာနဲ့ မြန်မာစစ်အစိုးးရ လက္ခံလာအောင် တရားဝင်ပြောနိုင်ခဲ့ပါတယ် ။ အဲဒီမှာ ရိုက်လာခဲ့တဲ့ ကျွန်တော့ ဓါတ်ပုံတွေ အခိုးခံ ရပါတယ်။ နောက်တော့ နယ်စပ်က တပ်ဖွဲ့ ဝင်တွေ အဆက်မပြတ် မဟာချိုင်ကို လာပြီး လေ့လာကြပါတယ် ။ ထိုင်းနိုင်ငံထဲက မြန်မာအတိုက်အခံ ရှင်းလင်းရေးစီမံချက်နဲ့  နောက်တော့ အဖမ်းခံရပြီး မနီလွိုင်ကျောင်းသားစခန်းထဲရောက်သွားပါတယ် ။
မြန်မာနိုင်ငံရေးသမားတွေ ထိုင်းအစိုးရ ပြည်ထဲရေးမှာ မှတ်ပုံတင်တော့ ကျွန်တော့ကို ဘာသာပြန်ဖို့  သူငယ်ချင်း တွေက ပြောလို့ ၂ နှစ်နီးပါး ဘာသာပြန်ရသေး တယ်လေ။ပြေးလို့ ဘယ်လွတ်မလဲ ။ ထိုင်းပြည် ထဲရေး က ကျနော့်ကို လုံခြုံရေးအရ မနက်တကြိမ် ။ ညနေတချိန် ရုံးမှာ လက်မှတ်ထိုးခိုင်းပါတယ်။ အဲဒီလို ကျနော့်ဘဝက စဉ်းစားရည်ရွယ်ထားတာတွေ တခုမှဖြစ်မလာဖူး ။ဘာဖြစ်မှန်းကို မသိခဲ့တာပါ ။အဲဒီတုန်းက ထောင်ကျ သလို ဖြစ်နေတော့ အရမ်းကို ရှုပ်ထွေးနေတယ် ။
   
စခန်းထဲမှာ ဆရာကျော်ဆွေက ဦးစီးပြီး ABSDF က ကျဆုံးသွားတဲ့ ကျောင်းသားတပ်ဖွဲ့ တွေကို ဆွမ်းသွတ် အမျှဝေပါတယ် ။ ကျွန်တော် မသွားပါဖူး ။ ကိုဌေးနိုင် အဖမ်းခံရစဉ်က ရှိနေတဲ့ တပ်ထဲက ရဲဘော်လေးတွေ တပ်ခွဲမှုးတွေ နဲ့ ပြန်ဆုံပါတယ် ။ သူတို့ ကလည်း တခုခု ပြောချင်နေကြပါတယ် ။ အဲဒီအချိန်က ကျွန်တော် UNHCR မှာ ဘာသာပြန်လုပ်နေတော့ လူတဦးတယောက်နဲ့  ရင်းရင်းနှီးနှီး မနေချင်တာလဲပါတာပေါ့။ မျှော်လင့်ချက် ပျောက်သွားလုလုဆဲဆဲ လူတွေရဲ့ ပူပင်မှုကို ကျွန်တော် အားပေးခဲ့တယ် ။စိတ်ထဲမှာတော့ ကိုဌေးနိုင် ဖြစ်မှန်ကို တတိယနိုင်ငံရောက်မှ စုံစမ်းမယ်လို့  တေးထားလိုက်တယ် ။

အပိုင်း(၇)

အိမ်ကိုဖုန်းဆက်တော့ အမေ့ကိုတော့ တောထဲမှာ သေဆုံးပြီ။ လူမှားပြီး အသတ်ခံရတယ်။ မြောင်း ထဲရောက် သွားပြီလို့ အဖြေပေးခဲ့ပါတယ်။မိဘ မောင်နှမတွေက တိုင်းပြည်အတွက် အလုပ်လုပ်နေကြတဲ့ သူတွေ ဆိုတဲ့ ပီတိ စိတ်ခွန်အား မျှော်လင့်ချက်ကို အဲဒီတုံးက မပျက်စီးစေချင်ဖူး။ အဲဒီစိတ်နဲ့ပါ။
  
ပြည်တွင်းက လူတွေအားလုံး ထောက်လှမ်းရေး သံကွန်ချာ စနစ်အောက်မှာ ချောင်းတောင် ကျယ်ကျယ် မဆိုးရဲကြဖူးလေဗျာ။ သူတို့ စိတ်ထဲမှာ ဘုရားရှစ်ခိုးတဲ့ အချိန်မှာတောင် စိတ်ချမ်းသာတာမှ မဟုတ်ကြတာ။ ပြည်ပ မြန်မာတွေ တိုင်းပြည်အတွက် ကြိုးစားနေကြတယ်ဆိုတဲ့  စိတ်ကလေးက သူတို့ အတွက် နေ့စဉ်ခွန်အား ဘဲလေ။ အဲဒီတုံးက ၈၈ကျောင်းသားတွေနဲ့  NLD ဆိုရင် ထောင်ထဲမှာလေ။
ရန်ကုန်မှာ နေတုံးက ထောက်လှမ်းရေးနဲ့ ပေါင်းပြီး မြေနီကုန်းမှာ နိုင်ငံခြားဖြစ် အရက်တွေရောင်းပြီး ဒေါ်လာ တွေက ကိုဌေးနိုင်ဆိုသူက အိမ်ကို အမြဲတန်းလာလည်တတ်ပါတယ်။ အရပ်ရှည်တာလဲတူတယ် ။နာမည်ချင်း လဲ ဆင်တူတယ် ။ ကျနော်တို့  တောထဲက ထွက်လာပြီးနောက် ၁၉၄၅ ဂျနှီဗာ သဘော တူညီ ချက်တို့ ၁၉၈၈ နိုင်ဝင် ဘာလ ပထမ ညီလာခံက ကြုံတွေ့ လာနိုင်တဲ့ သူလျှို အမှုတွေ အတွက်ကျောင်း သားတပ်မတော်မှာ ဖွဲ့စည်းပုံ ဥပဒေ ထဲမှာ အတိအလင်းရေးထားတယ်။
  
တပ်ဖွဲ့ ဝင်မည်သူ တဦးတယောက်ကို မှ ညင်းပန်း နှိက်စက်ခြင်းမပြုရ။ ၇န်သူ့  သူလျှို၊သုံ့ ပန်းကိုရမိက လူ့ အခွင့် အရေးအပြည့်အဝပေးပြီး စစ်ဆေးရမည်။ တရားဥပဒေ အရဆုံးဖြတ်ပြီး၊နိုင်ငံတကာအဖွဲ့ အ စည်းများသို့ လွှဲအပ်ရမည်။တပ်ရင်းများ မှသေဒဏ်ဆုံးဖြတ်ခွင့်မရှိ။ဗဟိုကော်မတီမှသာ သေဒဏ်ကို စီရင်ခွင့် ရှိသည်။ သေဒဏ် ကျခံရမည့်သူသည် အနီးကပ်ဆုံး ညီလာခံတွင် အယူခံပိုင်ခွင့်ရှိရမည်။
  
ညီလာခံမှ ပယ်ဖျက်ခြင်း။အတည်ပြုခြင်း ပြုရမည်။။ဒါတွေကိုကျော်လွားပြီး သတ်ဖြတ်၊ရက်စက်ခဲ့သူတွေရဲ့ လုပ်ရပ်က ကျောင်းသားတပ်မတော်ကို လာရောက်လွှမ်းခဲ့တာဘဲ။ ထိုသူတို့ ကလည်း ၊ထို အချိန်က အာဏာရှိ နေကြတယ်။ လိုက်နာမှု မရှိတော့ဘဲ လူမှားပြီး သတ်တယ်လို့  ထင်နေခဲ့တာလေ ။

နယ်သာလန်ကိုရောက်ပြီး အခြေနေထိုင်ရေး အတွက် အင်္ဂလိပ်စာ မကျွမ်းကျင်သူတွေကို လိုက်လံကူညီ နေခဲ့ တယ် ။ ABSDF တပ်ဖွဲ့ ဝင်ဟောင်းတွေကို မသိမသာနဲ့ တောထဲက အကြောင်းတွေ ပြောဆိုရင်းနဲ့  ကိုဌေးနိုင်က အကြောင်း မေးမိရင် စကားဖြတ်တာနဲ့ ကြုံနေရတယ် ။ ကျွှန်တော် သိလာတာက တောထဲမှ ကိုဌေးနိုင်နဲ့ ပါတ် သက်ပြီး တခုခုဖြစ်လာတယ်ဆိုတာ သိလာရတယ် ။ ဘာဖြစ်မှန်းမသိသေးဖူး ။ ဒီကိစ္စဟာ မိုးသီးဇွန်နဲ့ တိုက်ရိုက် ပတ် သက်တယ်ဆိုတာဘဲ မှတ်ချက်ချလို့ ရသေးတယ် ။
  
၂၀၀၅ ဂျာမဏီမှာ ဥရောပရောက် မြန်မာတွေ တွေ့ ဆုံကြတော့ ဘစောထွန်းနဲ့ တွေ့ တယ် ။ ABSDF တပ်ဖွဲ့ဝင် ဟောင်းဆိုတော့ ရင်းရင်းနှီးနှီး စကားပြောဖို့ ကြိုးစားတာကို ခပ်တည်တည်ကြီးနဲ့ ပြန်ဆက်ဆံတာ ခံရတယ် ။ ကျနော် ဘာမှ မသိသေးတာကိုး ။ နယ်သာလန်လာလည်ရင်လည်း ရဲဘော်လေးတွေ အိမ်မှာ နေရင်ဘီယာတွေ ဆေးခြောက်တွေပါ ဝယ်ပေးရလို့  ညဉ်းသံတွေ ကြားလာရတယ် ။

မိုးသီးဇွန် လုပ်နေတဲ့ အဖွဲ့ အစည်းတွေနောက်က တောက်ရှောက် လိုက်ပြီး ဆက်သွယ်ပြီး သတင်း ယူနေ တယ်။ ၂၀၀၇ လောက်မှာ မိုးသီးဇွန် မဲဆောက်က ညီငယ်လိုခင်တဲ့ လူငယ်တဦး အိမ်မှာ စပြီး ဆက်သွယ် မိတယ်။ မန်းဝင်းမောင်ရဲ့မြေးဖြစ်သူ စတင်းလေ အိမ်မှာ ။ သူက မိုးသီးနဲ့ တိုက်ရိုက်ချိတ်ပေးဖို့ ကြိုး စားတယ် ။ မိုးသီးဇွန် ရှောင်သွားတယ်။ နောက် ဂျပန်က မိုးသောက်ကြယ် စာပေအဖွဲ့ က ချိတ်ပေးတယ်။ မိုးသီးဇွန်ရှောင်သွားတယ်။ ဆင်ဖြူ့ မျက်နှာ ဆင်မဲ မကြည့်ဝန့် ဖူးဆိုတာ နားလည်လာတယ် ။
၂၀၁၀ မှာတော့ ဒေါက်တာနိုင်အောင်။ မိုးသီးဇွန်။ မောင်မောင်ကျော်တို့  ပုံကြီး အင်တာနက်မှ တက်လာ တယ်။ ကျောင်းသား ခေါင်းဆောင်တွေ မဲဆောက်မှာ ပြန်လာတွေ့ ဆုံကြတယ် ဆိုပြီး စာသားက အေးေးအး ဆေးဆေး နေတတ်တဲ့ ကိုကိုဦးနဲ့ ကိုသန်းဝင်းဆီကို ရောက်သွားတယ်။ မောင်မောင်ကျော်က ရန်ကုန် တက္ကသိုလ် ကျောင်းသား တဲမှာ တကယ်လုပ်ခဲ့တဲ့လူ။ နိုင်အောင်က ၈၈ သမိုင်းမရှိဖူး။ မိုးသီးက လူသတ်တယ်ဆိုပြီး ကိုသန်းဝင်းက စာထုတ်လိုက်တယ်။

အဲဒီတော့မှ ကျွန်တော်လဲ အဖြစ်မှန်ကို သိလိုက်ရတယ်။ သေချာအောင် လိုက်စုံစမ်းတယ်။၂၀၁၀ ဆွီဒင်မှာ ဥရောပ ရောက် မြန်မာတွေ အစည်းအဝေးလုပ်ကြတယ်။ ABSDFက ခေါင်းဆောင်ငယ်တွေ ပြန်ဆုံကြ တယ်ပြော တယ်။ နယ်သာလန်က သွားတဲ့ ကိုနိုင်ဝင်း( သုတေသန) က ကျွန်တော့ကို နားချတယ်။ တောတွင်း တိုက်ပွဲတွေမှာ ကျောင်းသားတွေ ကျဆုံးသွားတာ ၇၀၀ ကျော်ရှိတယ်။ ကိုဌေးနိုင်ကို တော်လှန်ရေး အတွက်ပေး လိုက်ပါတဲ့။ တိုက်ပွဲကျတာနဲ့  သူလျိုလို့ စွပ်စွံပြီး အသတ်ခံရတာ မတူဖူးထင်တယ်။ခင်ဗျား ဘယ်လို ခံစားရမလဲ ။ ကျနော် အောင့်သက်သက်နဲ့ဟုတ်ကဲ့လို့ ပြောလိုက် ရတယ်။
 သူလဲ သေသေချာချာသိပုံမပေါ်ပါဖူး။ သူလဲ တခြားတပ်ဖွဲ့ ဝင်တွေလို အနှစ် ၂၀ ကျော် အလိမ်ခဲရတဲ့ စာရင်းထဲ ကလူလေ။ အဲဒီတုန်းက ဒေါက်တာနိုင်အောင် အဖွဲ့ က ( စစ်ကော်မရှင် ၄ ဦး နိုင်အောင် ကျော်ကျော်( မျက်နှာက လေးထောင့်နဲ့ မို့  ဆယ်ပြားစေ့ ) လှဌေး ( မပ) ကျော်ကျော် (မပ) တို့ က ဆရာနေဝင်းအောင်နဲ့  ကိုစိုးလင်း ကို ရိုက်နှက်ပြီး ကိုဌေးနိုင်နဲ့ ကိုအောင်သူ ဟာ ထောက်လှမ်းရေးဖြစ်ကြောင်းအသံထွက်ဝန်ခံခိုင်းတယ် ။
တချိန်ထဲမှာဘဲ ကိုဌေးနိုင်ကို လင်ရှိမယားနဲ့ ဖေါက်ပြန်တဲ့ စွပ်စွဲချက်တွေ ထွက်လာတယ်။ နိုင်အောင် လက်အောက်က ကျောင်းသားရဲဘော်တွေ နဲ့ မိုးသီးလက်အောက် ကျောင်းသားရဲဘော်တွေ အချို့ လျို့ ဝှက် အဆက် အသွယ်ရှိ တယ်ဆိုတာ နှစ် ၂၀ ကျော်မှ သိရတယ် ။ တို့ မီးရှို့ မီးတွေပေါ့ ။
အဲဒီအချိန်က ဌေးနိုင်မှာ ဘန်ကောက်လာတုံးက ထိုင်းနိုက်ကလပ်ပို့ ပေးတယ် ။ ပြည့်တန်ဆာရုံပို့ ပေးတဲ့ ကျွန်တော့ ကိုတောင် တော်တော် စိတ်ဆိုးခဲ့ပါတယ် ။ တော်လှန်ရေး လုပ်နေတာတဲ့ ။ အဲဒါတွေ ကင်းမှ ရမယ် ။ ကျည်ဆံ နောက်က ဝင်သွားမယ်တဲ့ ။
တောထဲမှာ ရန်သူဆိုရင် တခုခုပြောမှားဆိုမှား သွားမှားတာနဲ့ သေတတ်ပါတယ် ။ ဋ္ဌေးနိုင်က အဲလို လူမျိုးပါ။ မိုးသီးဇွန် အောင်သူငြိမ်း ( အောင်နိုင်ဦးနဲ့ ပြည်တွင်းမှာပါ ) တို့ ကဌေးနိုင်ကို ဖမ်းမိန့် ပေးခဲ့တယ် ။ ရန်သူလို့ သတင်းရ ထားတယ် ။ ပေါ်အောင်စစ်ပါလို့  ဝန်ခံအောင်လုပ်ပါလ


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်