Saturday, October 13, 2012

အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုကြီး အမေရိကန်နှင့် အစ္စရေး စတင်မည်

Posted by drmyochit Saturday, October 13, 2012, under | No comments



ဂျေရုဆလင် အောက်တိုဘာ ၁၁။     ။အမေရိကန်နှင့် အစ္စရေး တပ်ဖွဲ့ဝင် များသည် နှစ်နိုင်ငံ သမိုင်းတွင် အကြီး မားဆုံး ဖြစ်သည့် စစ်ရေး လေ့ကျင့်မှု တစ်ရပ်ကို ပြုလုပ်နိုင်ရန် စတင်ပြင်ဆင် လျက်ရှိကြောင်း အင်တာ နက် သတင်း အရ သိရသည်။ Austere Challenge 12 (AC 12) အမည်ရှိ အဆိုပါ စစ်ေ ရး  လေ့ကျင့်မှု ကြီးကို အောက် တိုဘာ ၂၁ ရက် တွင်စတင် မည်ဖြစ်ပြီး သင်တန်း ကာလမှာ ရက်သတ္တ သုံး ပတ် ကြာမြင့် မည် ဖြစ်ကြောင်း အောက် တိုဘာ ၁ဝ ရက် က အစ္စရေး သတင်း စာကြီး တစ်စောင်
 ဖြစ်သော   Jerusalem Post  သတင်း စာက ထုတ်ပြန်ခဲ့ သည်။ 
အမေရိကန် စစ်တပ်သည် အောက်တိုဘာ ၁၄ ရက်တွင် အစ္စရေး နိုင်ငံသို့ ရောက်ရှိ လာမည့် အမေရိကန် တပ်ဖွဲ့ဝင် များနှင့် အဆင့်မြင့် နည်းပညာသုံး လက်နက်များအား ကြီးကြပ်ကွပ်ကဲရန် အတွက် ထိပ်တန်း အရာရှိကြီးများကို အဆိုပါနိုင်ငံ အတွင်းသို့ စေလွှတ်ထား ပြီးဖြစ် ကြောင်း ဒေသတွင်း သတင်းဌာနများ အရ သိရသည်။ 
အဆိုပါ စစ်ရေး လေ့ကျင့်မှုတွင် တပ်ဖွဲ့ဝင် ၃,ဝဝဝ ခန့် ပါဝင်မည် ဖြစ်ပြီး အီရန်နှင့် ဆီးရီးယားတို့၏ ဒုံးကျည် ဖြင့် တိုက်ခိုက်မှုကို တုံ့ပြန် ကာကွယ်ရန် အတွက် ဒုံးခွင်းဒုံး စနစ်များကို အသုံးပြု ပစ်ခတ် လေ့ကျင့် မည်ဖြစ်သည်။ သို့ရာတွင် စစ်ရေး လေ့ကျင့်ရာ၌ အသုံးပြုမည့် ဒုံးခွင်းဒုံး စနစ်၏ အသေးစိတ်အချက် အလက် များကိုမူ အစ္စရေး တို့က ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိပေ။ အမေရိကန် နိုင်ငံအနေဖြင့် ရေတပ်သုံး ဒုံးကျည်များ၊ Patriot ဒုံးခွင်းဒုံး စနစ်များနှင့် အပူရှိန်သုံး အမြင့်ပျံဒုံးခွင်းဒုံး စနစ်များကို အစ္စရေးသို့ ထောက်ပံ့ ပေးအပ်ရန် မျှော်လင့်ရ ကြောင်း သိရသည်။ 
From : မြဝတီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်