Saturday, October 13, 2012

ဘဏ်ကောလာဟလအတွက် ဗဟိုဘဏ် စနေ၊ တနင်္ဂနွေဖွင့်

Posted by drmyochit Saturday, October 13, 2012, under | No comments


From : မော်ဒန်

ကောလာ ဟလ ထွက်ပေါ်တဲ့ ပုဂ္ဂလိက ဘဏ်တစ် ခုမှာ ငွေထုတ် သူတွေ အဆင်ပြေဖို့ ဗဟို ဘဏ်က ရုံး ပိတ်ရက် ဖြစ်တဲ့ စနေ၊ တနင်္ဂနွေမှာ ငွေထုတ်ပေး တယ်လို့ ဗဟိုဘဏ်မှ သိရပါတယ်။ ဗဟိုဘဏ်မှ ညွှန်ကြားရေး မှူးချုပ် ဦးဝင်းသော်က ‘ဗဟိုဘဏ်က စနေ၊ တနင်္ဂနွေ ဖွင့်တာ လုပ်လေ့ လုပ်ထ မရှိပေမဲ့ လာထုတ် သမျှ အကုန်ပေးနိုင်အောင် လိုအပ် ချက်အရ လုပ်ပေး တာဖြစ်တယ်၊ သောကြာနဲ့ တနလာင်္နေ့ပဲ လာထုတ် တဲ့သူ များတယ်။ အခုတော့ ပုံမှန်ပြန်ဖြစ်နေပြီ’ လို့ ပြော ပါတယ်။ ငွေထုတ် ယူမှု များတဲ့နေ့တွေ မှာ တချို့က တစ်ယောက် တည်းနဲ့ သိန်းပေါင်းသောင်းချီ ထုတ်ယူ တာတွေ ရှိပါတယ်။ ပုဂ္ဂလိ ကဘဏ် ခိုင်မာမှု ရှိပေမဲ့ ပိုက်ဆံ အလျင် မီဖို့ ထုတ်သမျှ သူတွေရဖို့ ဗဟိုဘဏ် အနေနဲ့ အခုလို ဆောင်ရွက်တာ ဖြစ်တယ် လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ယင်းဘဏ်က ပုံမှန်နီးပါး ပြန်ဖြစ်နေပြီလို့ သိရှိရပါသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်