Saturday, October 13, 2012

Eleven Media Group အားသုံးသပ်ခြင်း (၁)

Posted by drmyochit Saturday, October 13, 2012, under | No comments



Eleven သမိုင်းကြောင်းကို Myanmar Express Group ကဖော်ပြသင့်သလောက်ဖော်ပြပြီးပြီဆိုတော့ အကျယ် မချဲ့တော့ ပါဘူး။ ဖြစ်စဉ်လေးတွေကို ပြည်တွင်းမီဒီယာတွေသိအောင်တော့ ပြောပြချင်တယ်။ 2000 ၀န်းကျင်က အင်တာနက် ဆိုတာ မူးလို့ရှူစရာမရှိ၊ လူတန်းစားတစ်ခုအတွက် ကန့်သတ်ထားတဲ့ ပစ္စည်းဖြစ် ပါတယ်။ ဒီအချိန်မှာ ဘောလုံးဂျာနယ်တွေဖြစ်တဲ့ အင်အားနဲ့တံခွန်က နိုင်ငံခြား သတင်း စာတွေ အားပြုပြီး ထုတ်ဝေ နေရတဲ့အချိန်ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ သန်းထွဋ်အောင်က ထောက်လှမ်းရေး နဲ့ပေါင်းပြီး စစ်ရုံးက အင်တာနက် ရယူ ပညာရှင်တွေနဲ့ပေါင်း ဂျာနယ်ထုတ်ပါတယ်။ အောင်မြင်တော့ ပညာရှင်တွေကို ကန်ထုတ်ပါ တယ်။ တစ်ချို့ဆိုရင် တရားစွဲခံရတဲ့အထိဖြစ်ပါတယ်။ သူရဲ့အကြောင်းကို ဇော်သက်ထွေး တို့အသိဆုံးဖြစ်မှာပါ။ ဇော်သက်ထွေးက eleven မှာတာဝန်ခံအယ်ဒီတာဖြစ်ခဲ့ဖူးပါတယ်။ ဇော်သက်ထွေး အဖမ်းခံရတော့ eleven က ဇော်သက်ထွေး ကိုကန်ထုတ် ခဲ့ပါတယ်။ မာဂျေလည်း ထို့အတူပါပဲ။ အားလုံးကိုရှင်းပြီးချိန်မှာ eleven ဟာ သန်းထွဋ်အောင် လက်ထဲရောက် လာပါတယ်။ ထုတ်ဝေသူက ထုတ်ဝေသူနေရာမှာမနေဘဲ အယ်ဒီတာတွေ၊ သတင်း ထောက်တွေ ကို ချယ်လှယ်၊ စည်းကမ်း အပြင်းတွေထုတ်ပြီး အုပ်ချုပ်ခဲ့ပါတယ်။ သန်းထွဋ်အောင်ဟာ သာမန် စီးပွားရေး သမားဘ၀က တက်လာတော့ အရမ်းနာမည်ကြီး၊ လူရာတွင်ဖြစ်ချင်သူပါ။ သူ့ကိုယ်သူ မီဒီယာလော ကရဲ့ဖခင် လိုလို ခံယူထား တာလည်း ဖြစ်ပါတယ်။
ပြောချင်တာက Eleven ရဲ့စီးပွားရေးတိုက်ကွက်နဲ့မူဝါဒတွေကို သုံးသပ်တာဖြစ်ပါတယ်။

1။ အင်အားနဲ့တံခွန်ကိုအပြတ်ရှင်းပါတယ်။ တံခွန်က သက်လုံမကောင်းတော့နားလိုက်ရပါတယ်။ အင်အားက တော့ရှောင်ပြီး ရက်ပြောင်းရပ်တည်လို့ ခုချိန်ထိရှိနေဆဲပါ။ ရက်တူလိုက်ထွက်လွန်းလို့ စာပေစိစစ်ရေးက ၀င်ထိန်းရတဲ့ အထိသန်းထွဋ်အောင်က အငြိုးကြီးပါတယ်။
2။ eleven အင်အားကြီးထွားလာတာနဲ့အမျှ ပြိုင်ဘက်တွေကို ချေမှုန်းတော့တာပါပဲ။ အလုပ်ကလည်း ဂျာနယ် ကလွဲပြီး တစ်ခြားဘာမှလုပ်စရာမတော့ ဒါကိုပဲဦးစားပေးလုပ်ခဲ့ပါတယ်။ ဖြန့်ချိရေးတွေကို eleven တစ်စောင် တည်းရောင်းဖို့၊ တစ်ခြားဂျာနယ်ရောင်းရင် eleven မပေးဘူးဆိုပြီး စိတ်ပျက်ဖွယ် စီမံချက်တွေ ကို ချမှတ်ခဲ့တာ သန်းထွဋ် အောင်ပါ။ ဒါကြောင့် ဖြန့်ချိရေးတွေနဲ့အခုထိ အဆင်ပြေတယ်လို့မရှိသေးပါဘူး။ ပိုက်ဆံကြို သွင်းခိုင်း တာ၊ မရောင်းရရင် ဖိအားပေးတာတွေအခုထိရှိနေဆဲပါ။
3။ သန်းထွဋ်အောင်ဟာ Tabloid (အတင်းအဖျင်း)ကိုအထူးစိတ်ဝင်စားသူဖြစ်ပါတယ်။ FE မှာ The Sun၊ News of the world က အတင်းအဖျင်းသတင်းတွေအမြဲထည့်ခဲ့သူပါ။ တစ်ချိန်တုန်းက eleven ဖတ်ရင် အချင်းချင်း ရန်ဖြစ်နေ တာကိုတွေ့ရမှာပါ။ ဖာဂူဆန်နဲ့ဝင်းဂါး၊ ဖာဂူဆန်နဲ့မော်ရင်တိုဟာ သန်းထွဋ်အောင်ကြောင့် ပြည်တွင်း ပရိသတ်ရဲ့ငပွကြီးတွေဖြစ်ရပါတယ်။
4။ သန်းထွဋ်အောင်ရဲ့သဘောက လူတွေနဲ့ဆန့်ကျင်ဘက်လုပ်ရင် လူတွေအပေါ်သြဇာ ရှိတယ်လို့ ခံယူထားပုံ ရပါတယ်။ အခုထိသူများတွေ ကောင်းရင်၊ သူက ဆိုးမယ်။ သူများတွေ ဆိုးရင် သူကကောင်း မယ်။ ကန့်လန့် တိုက်တဲ့ သဘောပါပဲ။ ရလဒ်ကတော့ တစ်နေ့ထက်တစ်နေ့ ပိုပြီးအဆဲခံရတာပဲဖြစ်ပါတယ်။ အစိုးရက ကားသွင်း ခွင့်ပေးလို့ ပျော်နေတဲ့အချိန် ကားတွေများပြီး လမ်းပိတ်မယ်ဆိုတဲ့ ရူးကြောင်ကြောင် အတွေးနဲ့ ကန့်လန့် ထတိုက် ပါတယ်။ လမ်းပိတ်မှာစိုးရိမ်တဲ့ သန်းထွဋ်အောင်က ကားသွင်းတာ ပိုမိုက်မဲ ပါတယ်။ အပြောနဲ့ အလုပ်နဲ့ တစ်ခြားစီပါ။ ယာဉ်ကြောပိတ်ဆို့မှာကို သူ့လောက် အစိုးရက မတွေးဘူး လို့ထင်ပြီး မာန်တက်ခဲ့ ပါတယ်။ ရလဒ်ကတော့ အစိုးရက ကားသွင်းမြဲ၊ လူတွေက ကားဝယ်မြဲ၊ လမ်းပိတ် တာတွေကို တံတား တွေဆောက်၊ လမ်းပြင်၊ မြို့ချဲ့သူ့ဟာသူ ဖြစ်သွားတာပါပဲ။ လမ်းပိတ် တာတစ်ခု တည်းကြည့်ပြီး ကားသွင်း ခဲ့သူ တစ်ယောက်ရဲ့ ဦးနှောက်ဘယ်လောက်ရှိတယ်ဆိုတာ…သိသင့်ပါတယ်။ အစိုးရက သန်းထွဋ်အောင် ဘာလဲ ဆိုတာ သိပြီးသားမို့….အဖက်တောင်မလုပ်ခဲ့ပါဘူး။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်