Saturday, October 13, 2012

ကင်ဆာရောဂါကို ကုသရန် သံလိုက်စွမ်းအင်ကို အသုံးပြုစမ်းသပ်လျက်ရှိ

Posted by drmyochit Saturday, October 13, 2012, under | No comments


From :planet
ကင်ဆာရော ဂါကို အမြစ်ဖြတ် ကုသနိုင်ရန် နည်းလမ်း များ ရှာဖွေ မှု တွင် ယခု အခါ သံလိုက် စွမ်းအင် ကိုပါ အသုံးပြု စမ်းသပ်နေပြီ ဖြစ် သည်။ သံလိုက် စွမ်းအင်သည် ကင်ဆာနှင့် ဆက်နွယ်သော အကြိတ် များကို ကိုယ်တိုင် ပျက်စီးစေမည့် နည်းပညာသစ် လက်နက်ဆန်း ဖြစ် လာရန် သုတေသီ များက မျှော်လင့်နေသည်။





ကင်ဆာရော ဂါကို အမြစ်ဖြတ် ကုသနိုင်ရန် နည်းလမ်းများ ရှာဖွေ မှုတွင် ယခုအခါ သံလိုက် စွမ်းအင်ကိုပါ အသုံးပြု စမ်းသပ်နေပြီ ဖြစ်သည်။ သံလိုက် စွမ်းအင်သည် ကင်ဆာနှင့် ဆက်နွယ်သော အကြိတ်များကို ကိုယ်တိုင် ပျက်စီးစေမည့် နည်းပညာသစ် လက်နက်ဆန်း ဖြစ်လာရန် သုတေသီများက မျှော်လင့်နေသည်။ တောင်ကိုရီးယား နိုင်ငံမှ ပညာရှင်များသည် သံလိုက်စက်ကွင်း ဖန်တီးပြီး ကင်ဆာဆဲလ်များကို ကိုယ်တိုင် ပြန်လည် ဖျက်ဆီးစေမည့် နည်းလမ်းအား လေ့လာလျှက် ရှိနေသည်။ သုတေသီများက အဆိုပါ နည်းလမ်းသစ်ကို သုတေသန ဓာတ်ခွဲခန်းတွင် အူကင်ဆာဆဲလ်များ ထည့်သွင်းပေးထားသည့် ငါးများ၌ လက်တွေ့ စမ်းသပ်ပြထားသည်။

လက်ရှိတွင် ပညာရှင်များ၏ ရှေ့ဆက်မည့် ခြေလှမ်းမှာ အခြားသော ကင်ဆာကြိတ်များကိုပါ သံလိုက် စွမ်းအင် နည်းပညာဖြင့် ဖျက်ဆီးနိုင်ရေး ဖြစ်လာသည်။ ထိုဖြစ်စဉ်တွင် ကင်ဆာရောဂါ သင့်နေသည့် ဆဲလ်များကို သံလိုက် စက်ကွင်း အတွက် ချုပ်ငြိမ်း ပျက်စီး သွားစေရန် ရည်ရွယ် ထားခြင်း ဖြစ်သည်။ သံလိုက် စက်ကွင်း ကုထုံး အရ အလွန်တရာ သေးငယ်သော သံသတ္တု နာနိုမှုန်လေးများကို ကိုယ်ခံ ဇီဝဆဲလ် များတင် ကပ်ငြိစေပြီး ခန္ဓာကိုယ်၏ ရောဂါကာကွယ်မှု စနစ်တွင် ပေါင်းထည့်ပေးလိုက်သည်။
ထို့နောက် တွင်မူ အန္တရာယ် ပေးနိုင်သည့် ဆဲလ်နှင့် အခြားအရာဝတ္ထုများကို ထိတွေ့သိရှိလာချိန်တွင် သံမှုန် နာနိုဆဲလ်လေး များက ကင်ဆာ ကြိတ်များတွင် သွားရောက် ကပ်ငြိ ပူးပေါင်း သွားသည်။ ထို အချိန် တွင် လျှပ်စစ် သံလိုက် စက်ကွင်း ဖြည့်စွက်ပေး လိုက်သည့်အခါ နာနိုမှုန်များနှင့် ကင်ဆာ ဆဲလ်များပါ အတူ တကွ ပျောက်ကွယ် သွားမည် ဖြစ်သည်။ ယင်းသုတေ သန ရလဒ်များနှင့် ပတ်သက်ပြီး Nature Materials ဆေးပညာ ဂျာနယ်တွင် ဖော်ပြထားကြောင်းလည်း သိရှိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်