Saturday, October 13, 2012

ဂျပန်စီးပွားရေး လုပ်ငန်းရှင်များမှ ပြည်တွင်းသို့ လာရောက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေ

Posted by drmyochit Saturday, October 13, 2012, under | No comments


From :MRTV4

ဂျပန်နိုင် ငံရှိ စီးပွားရေး လုပ်ငန်းရှင် တော်တော် များများဟာ ပြည်တွင်းမှာ လာရောက် ရင်းနှီး မြှုပ်နှံဖို့ စိတ်ဝင်စား လျက်ရှိ တယ်လို့ အောက်တို ဘာလ ၁၀ ရက်နေ့က UMFCCI မှာ ကျင်းပ ပြုလုပ် ခဲ့တဲ့ UMFCCI နဲ့ ဂျပန်နိုင်ငံ အိုဆာကာ မြို့ရှိ Kansai Economic Federation အဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးပွဲမှ တာဝန် ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရ ပါတယ်။ ဒီလို ဂျပန်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် များဟာ ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံ ဖို့ အတွက် စိတ်ဝင်စား လာရတာ ကလည်း လက်ရှိ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ စနစ်ကို ကူးပြောင်း လာတဲ့ အပြောင်း အလဲ ရှိလာတာကြောင့် အရင် ကထက် ဂျပန်နိုင် ငံက စီးပွားရေး လုပ်ငန်းရှင် များက ပိုမို စိတ်ဝင်စား လာတာ ဖြစ်တယ်လို့ Kansai စီးပွားရေး ကိုယ်စား လှယ် အဖွဲ့မှ တာဝန် ရှိသူက ပြောကြား ခဲ့ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံ မှာလည်း မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်း အခြေအနေများ အကြောင်း ရှင်းလင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး အဲ့ဒီလို ဆွေးနွေးမှုများမှ သုံးသပ် ချက်များ အရ မြန်မာနိုင်ငံဟာ စီးပွားရေး လုပ်ငန်းများ အတွက် လိုအပ်တဲ့ အခြေခံ အဆောက် အအုံများ တည်ဆောက်မှု အပိုင်းဟာ အဓိက လိုအပ် နေတယ်လို့ သိရပါတယ်။ ပြည်တွင်းမှာ ပြည်ပ စီးပွားရေး လုပ်ငန်းရှင်များ အနေနဲ့ Credit Card များ သုံးစွဲနိုင်ခြင်း မရှိသေး တာတွေ ဟာလည်း ဆောင်ရွက်ဖို့ လိုအပ်နေ သေးတယ်လို့ သတင်း ရရှိပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်