Saturday, October 13, 2012

စစ်ပြေးဒုက္ခသည်အချို့ နေရပ်သို့ပြန်သူပြန်၊မပြန်ရဲသူလည်းရှိ

Posted by drmyochit Saturday, October 13, 2012, under | No comments



အစိုးရတပ်နှင့်ကချင်လွတ် လပ်ရေးတပ် KIA တို့အကြားဖြစ် ပွားခဲ့သည့် စစ်ပွဲများကြောင့် ဖားကန့်မြို့ အတွင်း ထွက်ပြေး တိမ်း ရှောင်နေရသော စစ်ပြေးဒုက္ခသည် (၈၀၀၀)ကျော် အနက်အချို့ သည် မိမိနေ ရပ်သို့ အောက် တိုဘာ လဆန်းပိုင်းမှစပြီး ပြန်သွားကြပြီ ဖြစ်ကြောင်း သိရသည်။
ဖားကန့်မြို့နယ် မြို့ဦးစေတီ နှင့်ကျောက်လိုဏ်ဂူဘုန်းကြီး ကျောင်းတချို့စစ်ပြေးဒုက္ခသည် များမှာ နေရပ် သို့ပြန် သွားကြသော် လည်း အခြေအနေမှာမရေရာသေး ကြောင်း၊မြစ်ကြီးနား၊၀ိုင်းမော်၊ဗန်း မော်နှင့် တရုတ် နယ်စပ် တစ်လျှောက် ထွက်ပြေးခိုလှုံနေကြသော စစ်ပြေး ဒုက္ခသည်များမှာ နေရပ်သို့ ပြန် နေနိုင်ခြင်း မရှိသေးကြောင်း သိရ သည်။
ဖားကန့်မြို့ပေါ်ရှိ ကက်သလစ်အသင်းတော်ဘုရားကျောင်း နှစ်ခြင်းအသင်းတော်ဘုရားကျောင်း၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တို့ တွင် ဒုက္ခသည်စခန်း ၃၉ခု ဖွင့် လှစ်ထားခဲ့ရသည်။ KIO နှင့် ပြည်ထောင်စုငြိမ်း ချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေး ကော်မတီကိုယ် စားလှယ်များ တွေ့ဆုံဆွေးနွေးမှု များ နှစ်လကျော် ရပ်ဆိုင်းထားပြီး ယနေ့အထိ ပြန်လည်တွေ့ဆုံမည့် နေရာကို ညှိနှိုင်း၍မရသေးကြောင်း အင်တာနက် သတင်းများ ပျံ့နှံ့ လျက်ရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်