Saturday, October 13, 2012

လာမည့် နိုဝင်ဘာလမှ စတင်ကာ သမ၀ါယမ တက္ကသိုလ် သန်လျင်အား တိုးမြှင့်ဖွင့်လှစ် သွားမည်

Posted by drmyochit Saturday, October 13, 2012, under | No comments


From :MRTV4

ယခုလာမယ့် နိုဝင်ဘာ လက စတင်ပြီး သမ၀ါယမ ဒီဂရီ ကောလိပ် သန်လျင်ကို သမ၀ါယမ တက္ကသိုလ် သန်လျင် အဖြစ် တိုးမြှင့် ဖွင့်လှစ် သွားမှာဖြစ်တယ်လို့ အဆိုပါ တက္ကသိုလ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြား ချက် အရ သိရပါတယ်။ အဆိုပါ သမ၀ါယမ တက္ကသိုလ် သန်လျင်မှာ သင်ကြားမှု ဘာသာရပ် အနေနဲ့ ယခင်က ဘာသာရပ် ၁၀ ခုဖြစ်တဲ့ သမ၀ါယမ ပညာ ဘာသာရပ်၊ ဘောဂဗေဒ ဘာသာရပ်၊ ၀ါနိစဗေဒ ဘာသာရပ်၊ စာရင်းအင်း ပညာ၊ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေး ပညာ၊ ဥပဒေပညာ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာစတဲ့ ဘာသာရပ် များကို သင်ကြားခဲ့ပြီး ယခုနှစ်မှာတော့ စီးပွားရေး ပထ၀ီဝင် ဘာသာရပ်ကို ထပ်တိုးကာ စုစုပေါင်း ဘာသာရပ် ၁၁ ခုကို သင်ကြား သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါတင်မကဘဲ သမ၀ါယမ ပညာကို ကျယ်ပြန့်စွာ သိရှိစေဖို့ အတွက် ပြီးခဲ့တဲ့ ပညာသင်နှစ်က ကျောင်းသား၊ ကျောင်းသူ ၆၅၀ ၀န်းကျင်ကို လက်ခံခဲ့ပြီး ယခုနှစ် မှာတော့ သမ၀ါယမ ပညာကို ကျယ်ပြန့်စွာ သိရှိစေဖို့ အတွက် မူလထက် ပိုပြီး ကျောင်းသား ဦးရေကို လက်ခံ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ မှာလည်း အခုလို တက္ကသိုလ် အဖြစ် စတင် ပညာ သင်ကြားရာမှာ ကျောင်းသား၊ ကျောင်းသူများ ပညာသင်နှစ် အစကတည်းက တက္ကသိုလ်ရဲ့ အသွင် သဏ္ဍာန်ရော၊ ပညာသင်ကြား မှုအနှစ်သာရပါ ပြည့်စုံစွာနဲ့ သင်ကြား လေ့ကျင့် ပေးနိုင်ဖို့ကို ကြိုတင် ပြင်ဆင် ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်