Saturday, October 13, 2012

နိုင်ငံတော်သမ္မတဦးသိန်းစိန် ကိုရီးယားသမ္မတနိုင်ငံမှ ပြန်လည်ရောက်ရှိ

Posted by drmyochit Saturday, October 13, 2012, under | No comments


From : သမ္မတရုံး

နေပြည်တော် အောက်တိုဘာ ၁၂ ။     ။ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ အီမြောင် ဘတ်၏ ဖိတ်ကြားချက်အရ ကိုရီးယား သမ္မတနိုင်ငံတွင် ချစ်ကြည်ရေးခရီး လည်ပတ် ခဲ့ပြီးနောက် အဖွဲ့ဝင်များနှင့်အတူယနေ့ နံနက် ပိုင်း တွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိသည်။


နိုင်ငံတော်သမ္မတဦးသိန်းစိန်အား ဒုတိယသမ္မတများ ဖြစ်ကြသည့် ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဥာဏ် ထွန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ ဒုတိယ အကြီး အကဲ Mr.Yun Kang Hyeon တို့က နေပြည်တော်လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။ 

နိုင်ငံတော် သမ္မတသည် ကိုရီးယားသမ္မတနိုင်ငံတွင် ချစ်ကြည်ရေးခရီး ရောက်ရှိစဉ် အောက်တိုဘာ (၈) ရက် မွန်းလွဲ (၂) နာရီခွဲတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ဆိုးလ်မြို့ရှိ Saemaul Undong Training Institute ကိုသွားရောက် ကြည့်ရှုလေ့လာခဲ့သည်။ ထို့အတူ ယင်းနေ့ မွန်းလွဲပိုင်းတွင် ခေတ္တ တည်းခိုသည့် ဆိုးလ်မြို့ရှိ Lotte ဟိုတယ်၌ ကိုရီးယားသမ္မတနိုင်ငံ KBS သတင်းဌာနမှ နိုင်ငံရေးနှင့်နိုင်ငံခြားရေးရာ သတင်းထောက် Mr. Kim Yong Deokအား လက်ခံတွေ့ ဆုံခဲ့ပြီး ဆွေးနွေးမေးမြန်းမှုများကို ပြန်လည် ဖြေကြားခဲ့သည်။ ညနေ (၄) နာရီခွဲတွင် ကိုရီးယားသမ္မတနိုင်ငံ Doosuan ကုမ္ပဏီဥက္ကဋ္ဌ Mr. Y. M.Park အား Lotte ဟိုတယ်၌ပင် လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ် နှံနိုင်မည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။ 

ထို့နောက် ညနေပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး၌ သံအမတ်ကြီး ဦးညွန့်လှိုင်၊ စစ်သံမှူး ဗိုလ်မှူးချုပ် မြင့်ဟိန်း၊ သံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုများနှင့် ကိုရီးယား သမ္မတ နိုင်ငံတွင် ပညာသင်ကြားနေကြသည့် မြန်မာပညာသင် များနှင့် တွေ့ဆုံ၍ သြဝါဒစကား ပြောကြား ခဲ့ပြီးညနေ ပိုင်းတွင် ဆိုးလ်မြို့ကို ဖြတ်သန်း စီးဆင်းနေသော ဟန်မြစ်အတွင်းသီးသန့် သင်္ဘောဖြင့် လှည့်လည် ကြည့်ရှုခဲ့သည်။ 

နိုင်ငံတော်သမ္မတသည် အောက်တိုဘာလ (၉) ရက်နံနက်ပိုင်းတွင် ဆိုးလ်မြို့ရှိ Korea Trade Investment Promotion Agency (KOTRT) ဌာနချုပ်ရုံး၌ ကျင်းပသည့် Myanmar Investment Forum သို့လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ခေတ္တတည်းခိုသည့် Lotte ဟိုတယ်၌ ကျင်းပသော ကိုရီးယား အသေး စားနှင့် အလတ်စားလုပ်ငန်း (The Korea Federation of Small and Medium Bussiness-KBIZ) က တည်ခင်း ဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ လည်းကောင်း တက်ရောက်၍ မိန့်ခွန်းများပြောကြားခဲ့သည်။ 

ထို့်နောက် ညနေ(၃)နာရီတွင် ဆိုးလ်မြို့ရှိ အမျိုးသားအာဇာနည်ဗိမာန် (National Cemetery) သို့သွားရောက်၍ ပန်းခွေချအလေးပြုပြီး ဗိမာန်ဧည့်သည်တော် မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးခဲ့သည်။ 

ညနေ(၄)နာရီတွင် နိုင်ငံတော်သမ္မတအား ကိုရီးယားသမ္မတနိုင်ငံ သမ္မတမစ္စတာ အီမြောင်ဘတ်က ဆိုးလ်မြို့ရှိ သမ္မတအိမ်တော် (Blue House) ၌ ဂုဏ်ပြုအခမ်းအနား ဖြင့်ကြိုဆိုခဲ့ပြီး သမ္မတ အီမြောင် ဘတ်နှင့် တွေ့ဆုံခဲ့သည်။ 

ယင်းနောက် ညနေ(၅)နာရီတွင် သမ္မတအိမ်တော်၌ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ကိုရီးယား သမ္မတ နိုင်ငံ သမ္မတ ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စ ရပ်များကိုဆွေးနွေးခဲ့သည်။ 

တွေ့ဆုံရာ၌ နှစ်နိုင်ငံခေါင်းဆောင်များသည် မြန်မာ-ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေး ကဏ္ဍ သစ်ဖွင့် လှစ်နိုင် ခဲ့မှုနှင့် နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်နိုင်ခဲ့မှု၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရေးခရီးများ အပြန် အလှန် သွားရောက်ခြင်းဖြင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု များနှင့် ချစ်ကြည်ရင်းနှီးမှု များကို ပိုမိုဖွံ့ဖြိုးတိုးတက်စေခဲ့မှု၊ မြန်မာနိုင်ငံတွင် Myanmar Development Institute (MDI) ထူထောင်ရေး၊ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် နှစ်နိုင်ငံကုန်သွယ်မှုပမာဏ တိုးမြှင့်ရေး၊ မြန်မာနိုင် ငံတွင် ဆောင်ရွက်နေ သည့် ကျေးရွာသစ် လှုပ်ရှားမှုလုပ်ငန်းများကို တိုးချဲ့ အကောင် အထည်ဖော်ဆောင် ရွက်ေ ရး၊ လျှပ်စစ်စွမ်းအား၊ စိုက်ပျိုးရေး၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ရထားပို့ဆောင်ရေး ကဏ္ဍ ဆိုင်ရာ လုပ်ငန်း စီမံချက်များဆောင်ရွက်နိုင်ရန် ငွေကြေးနှင့်နည်းပညာ အကူအညီများ ပေးအပ်ရေး၊ စွမ်းအင် ကဏ္ဍ ပူးပေါင်းဆောင်ရွက်နေမှုကို အရှိန်အဟုန်မြှင့်တင်ရေး၊ သိပ္ပံနှင့်နည်းပညာ ကဏ္ဍ၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍနှင့် ဆောက်လုပ်ရေးကဏ္ဍ တို့တွင် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် အရေးနှင့် ၂၀၁၃ ခုနှစ်တွင် အိမ်ရှင် အဖြစ် လက်ခံကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ၌ အောင်မြင်မှုရရှိ စေရေးအတွက် အကူအညီပေးရေးနှင့် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ 

တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံသဘောတူစာချုပ်များ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဆက်လက် ကျင်းပ ခဲ့ရာ နှစ်နိုင်ငံခေါင်းဆောင်များ ရှေ့မှောက်၌ မူဘောင်သဘောတူ စာချုပ်နှင့် ၀န်ကြီး ဌာန နှစ်ခု အကြား ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ တို့ကို လက်မှတ်ရေး ထိုးခဲ့ကြ သည်။ 

ညနေ(၆)နာရီခွဲတွင် နိုင်ငံတော်သမ္မတနှင့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဝင်များအား ကိုရီးယား သမ္မတ နိုင်ငံ သမ္မတက သမ္မတအိမ်တော်၌ ဂုဏ်ပြု ညစာ စားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့ သည်။ 

နိုင်ငံတော်သမ္မတသည် အောက်တိုဘာလ(၁၀)ရက်တွင် ဆိုးလ်မြို့မှ ဘူဆန်မြို့သို့ သွားရောက် ခဲ့ပြီးဘူ ဆန်မြို့ရှိ STX သင်္ဘောတည်ဆောက်ရေးလုပ်ငန်းနှင့် Pusan New Port International Terminal တို့ကို သွားရောက်ကြည့်ရှုလေ့လာ၍ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှင်္ီးမြှုပ်နှံရန်ဖိတ်ခေါ်ခဲ့သည်။ 

ယင်းနောက် ညနေပိုင်းတွင် ဆိုးလ်မြို့မှ လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာခဲ့သည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်