Saturday, October 13, 2012

၁၃ ရက်နေ့ည စစ်တွေတွင် ဟိန္ဒူများကို ဘင်္ဂလီမူဆလင်များအကြမ်းဖက်

Posted by drmyochit Saturday, October 13, 2012, under | No comments




၁၃ ရက်နေ့ညနေ ၈နာရီခန့်တွင် ဟိန္ဒူများကို စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက် (အင်ပါလာ ရပ်ကွက်) မှ ဘင်္ဂလီ မူဆလင်များက အကြမ်းဖက် ခဲ့ကြောင်း သိရှိရသည်။

စစ်တွေမြို့ထဲရှိ ဈေးဆိုင်များတွင် ၀င်ရောက် လုပ်ကိုင်နေကြသော ဟိန္ဒူများသည် အလုပ်မှအပြန် အောင် မင်္ဂလာရပ်ကွက်ရှိ အင်ဘာလာလမ်းမှ ဖြတ်သန်း သွားကြရာတွင် ယင်းအောင်မင်္ဂလာ ရပ်ကွက်မှ ဘင်္ဂလီ မူဆလင် များက လမ်းမထဲသို့ ထွက်လာကာ ယင်းဟိန္ဒူများအား ဓါးဖြင့် လိုက်ခုတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရ သည်။
"ကျနော်ထင်တာတော့ ဒီကနေ့ အလွှာပေါင်းစုံ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲမှာ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ ဟိန္ဒူတွေ၊ မရာမာတွေ ပါဝင်လာတာကို မကျေနပ်လို့ အခုလို အကြမ်းဖက်တာလို့ထင်ပါတယ်။ ခုတော့ စစ်တပ်နဲ့ လုံထိန်းရဲတွေ ရောက်နေကြပြီး အခြေအနေတွေကို ထိန်းသိမ်းနေပါတယ်။ အဲဒီ ဘင်္ဂလီ ရပ်ကွက် ထဲကို စစ်တပ်ကားတွေ ၀င်သွားတာလည်း တွေ့ပါတယ်။"ဟု စစ်တွေမြို့မှ မရာမာ လူငယ်တစ်ဦးက ပြော သည်။

ယင်း ဘင်္ဂလီ များသည် ဟိန္ဒူများအား ဓါးဖြင့် လိုက်ခုတ်ယင်း မောလိပ်ရပ်ကွက် ရေတွင်းလမ်းတစ်လျှောက် ချီတက် လာခဲ့ရာ၊ ယခုအချိန်တွင် နှစ်ဘက်အခြေအနေ တင်းမာလျက်ရှိပြီး စစ်တပ်က နှစ်ဘက်ကြားတွင် နေရာယူထားကြောင်း သိရှိရသည်။

စစ်တွေမြို့တွင် ဇွန်လမှစ၍ ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းများကြောင့် နိုင်ငံတော်အစိုးရမှ ပုဒ်မ-၁၄၄ ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ပြီး၊ ယခုအခါ အခြေအနေများ တည်ငြိမ်နေပြီဆိုသည့်အတွက် ယင်း ပုဒ်မ-၁၄၄ အမိန့်ကို ည ၁၀နာရီမှ မနက် ၄နာရီထိလျှော့ချ ထားလိုက်ပြီ ဖြစ်သော်လည်း ဘင်္ဂလီမူဆလင်များမှာ ပဓိပက္ခများကို ထပ်မံဖန်တီးနေကြောင်း ဒေသခံများက ဆိုသည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်