Saturday, October 13, 2012

NLD ပါတီတွင်းအာဏာလုမူများ ဖြစ်ပေါ်မူကြောင့် မကျေနပ်သဖြင့် ပါတီဝင်များ အခြားပါတီသို့ ကူးပြောင်းကြ

Posted by drmyochit Saturday, October 13, 2012, under | No comments




တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဌ ဦးဖိုးကြည် သည် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) နှင့် ပူးပေါင်းလိုက်ပါသည်။ NDF ဥက္ကဌ ဦး ခင်မောင်ဆွေမှ ပြီးခဲ့သည့် တစ်ပတ်ခန့်က မိမိပါတီအား လာရောက်ပူးပေါင်းမှုကို ခွင့်ပြုခဲ့ပြီး NDF ပါတီ အနေဖြင့် တရားဝင် စာရောက်ရှိလို့ လာခဲ့ပြီဖြစ်သည်။ NLD မှ ခွါထွက်ပြီး NDF သို့ ၀င်ရောက်သည်မှာ ဦးဖိုးကြည် အပါအ၀င် ကိုနိုင်ဦး၊ ကိုကျော်စွာ စသည့် အပေါင်းအပါများလည်း ပါဝင်ကြောင်း သိရှိရပါသည်။ ကျွန်းစုမြို့နယ်တွင် ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲအချိန်ကတည်းကပင် ကျွန်းစုမြို့နယ် NLD မှ ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်သည့် ဒေါ်တင်တင်ရီနှင့်ပါတီတွင်း ပြဿနာများစွာ ဖြစ်ပေါ်နေသည်မှာ တော်တော်ပင် ကြီးထွားလို့လာခဲ့ပါသည်။ ငွေကြေးကိစ္စများ၊ အာဏာ လုသည့် ကိစ္စများ စသည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး ဒေါ်တင်တင်ရီနှင့် အပေါင်းအပါများအား မကျေနပ်ကြသောကြောင့် မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ် မှာ ပါတီတွင်း ပြဿနာများစွာ ဖြစ်ပေါ်လျှက်ရှိနေကြောင်းလည်း သိရှိရပါသည်။ ယခုဆိုလျှင် ကျွန်းစုမြို့နယ်မှ NLD ပါတီဥက္ကဌ ဦးဖိုး ကြည်နှင့် အပေါင်းအပါများ NDF သို့ စတင်၍ ခြေလှမ်းများ လျှောက်လှမ်းလို့လာခဲ့ပါပြီ… 
From :  တနသာၤရီသား

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်