Saturday, October 13, 2012

ဒေါ်အောင်ဆန်းစုကြည်အသုံးမကျမူကိုသိရှိသဖြင့် NLD အမာခံတစ်ဦးဆောင်၍ ပါတီဝင်အင်အား(၂၀၀) ကျော် ပြည်ခိုင်ဖြိုးပါတီသို့ ၀င်ရောက်

Posted by drmyochit Saturday, October 13, 2012, under | No comments


From : ဇေယျထိုက်စံ

အင်တိုင်းကြီးကျေး ရွာအုပ်စု ဒေါင်းနေ ကျေးရွာတွင် ယနေ့မနက် (၀၉း၀၀)ခန့်က ကျေးရွာသူ၊ကျေးရွား သားများ အစု လိုက် ပြည်ခိုင်ဖြိုး ပါတီသို့ ၀င်ရောက်ကြကြောင်းနှင့် ပါတီ တာဝန် ရှိသူများမှ ပါတီ ၀င်ဖြစ်ရေး ဆောင်ရွက်ပေးခဲ့ကြပြီး ပါတီဝင်အသိအမှတ်ပြုကတ်များထုတ်ပေးခဲ့ကြောင်းသိရှိရပါသည်။ ပါတီသို့ ၀င်ရောက်ရန် ဦးဆောင်သူမှာ ဦးစိုးနိုင်ဖြစ်ပြီး NLD ပါတီ တာဝန် များကို တက်ကြွ စွာဆောင် ရွက် ခဲ့ကြောင်းနှင့် ကျေးရွာပါတီရုံးခန်းကိုလည်း ၎င်း၏နေအိမ်တွင်ပင် လက်ခံ ဖွင့်ထားသူဖြစ်ပြီး၊ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ အကျိုးပြုလုပ်ငန်းများဆောင်ရွက်နိုင်မှုတွင် ပိုမိုလက်တွေ့ကျသည့် ပြည်ခိုင်ဖြိုး ပါတီ သို့ ကူးပြောင်းရခြင်းဖြစ်ကြောင်းသိရှိရပါသည်။ မိမိအနေဖြင့် ယခုကဲ့သို့ဆောင်ရွက်ရခြင်းမှာ ကျေးရွာအား ထိထိရောက်ရောက်ကူညီနိုင်ရန်ရည်ရွယ်ကြောင်းလဲ ပြောကြားခဲ့သည်။

မိမိ၏ မှန်ကန်စွာ ဆုံးဖြတ်နိုင် မှုကြောင့် လက်ရှိ ကျေးရွာ နှင့် မြို့နယ် ပြည်ခိုင်ဖြိုး ပါတီတာ ၀န်ရှိသူ များနှင့် ပူးပေါင်းဆောင် ရွက်နိုင်ပြီ ယခင်ကထက် ကျေးရွာပြည် သူအကျိုးကို ပိုမို ဆောင်ရွက်နိုင် မည်ကို လည်း ယုံကြည်ကြောင်း၊ အပြောသက် သက်ဖြင့် သာပြည်သူ ကိုမက်လုံးပေး မနေလိုကြောင်း၊ ပြည်သူများ အကျိုးကို လက်တွေ့ဆောင်ရွက်ပေးနိုင်မှသာ တာဝန်ကျေမည်ဟုခံယူကြောင်း ထို့ကြောင့် မိမိအပါအ၀င် အတူ လက်တွဲဆောင် ရွက်နေကြသူ စုစုပေါင်း ပါတီဝင်(၂၀၀)ကျော်ကိုပါစုစည်း၍ ပြည်ခိုင်ဖြိုးပါတီသို့ ကူးပြောင်း ၀င်ရောက်ရခြင်းဖြစ်ကြောင်း ၎င်းမှ ပြန်လည် ပြောပြခဲ့ပါသည်။ ယခုကဲ့သို့ ပါတီ ကူးပြောင်း ၀င်ရောက်ခြင်းမှာ မကွေးတိုင်းအတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ် အနေဖြင့် ဂန့်ဂေါမြို့ နယ် NLD ဥက္ကဌ တာဝန် ယူထားသူ ဦးအောင်ခန့် ဦးဆောင်သည် အင်အား (၁၀၀) ကျော်အဖွဲ့ ဖြစ်သည်။ ဆက်လက်၍ လည်း ၀င်ရောက်ရန်လည်း ကမ်းလှမ်းမှုများလည်း ရှိထားကြောင်း ပြည်ခိုင်ဖြိုးပါတီ တာဝန် ရှိသူ တစ်ဦးမှ ပြောကြား ခဲ့ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်