Saturday, October 13, 2012

ပေးသမျှဆုတွေယူပြီး ထင်ပေါ်အောင်မလုပ်ချင်တဲ့ ဦးသိန်းစိန်

Posted by drmyochit Saturday, October 13, 2012, under | No comments




From : the voice
ယနေ့ ညနေ ပိုင်းတွင် ကြေညာ ခဲ့သော ငြိမ်းချမ်းရေးနို ဘယ်ဆု နှင့် ပတ်သက်ပြီး သမ္မတရုံး တာဝန်ရှိသူ ဦးဇော်ဌေး က The Voice Weekly သို့ အောက်ပါအတိုင်းမှတ်ချက်ပြု ပြောကြားသည်။"နိုဗယ်ကြေညာတဲ့ ကိစ္စကို သမ္မတ မသိပါဘူး။ သမ္မတက ၀န်ကြီးတွေ အစည်းအဝေး ခန်းထဲရောက်နေ ပါတယ်။

ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်ဖို့ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်နေတာဟာ အဖွဲ့အစည်းတွေ နိုင်ငံ တကာက ပေးတဲ့ ဆုတွေ လိုချင်လို့ မဟုတ်ပါဘူး။ ပြည်သူ ဘ၀ တိုးတက်ပြီး ဒီ လမ်းကြောင်း ပေါ်ရောက်စေ ချင်တဲ့ အတွက် ကြိုးစား လုပ်ဆောင်နေ တာပါ။
ယခင် အစိုးရ လက်ထက် ၀န်ကြီးချုပ် ဘ၀နဲ့ တာဝန် ထမ်းဆောင် စဉ်က နိုင်ငံတကာ တက္ကသိုလ် အချို့က ဆုတံ ဆိပ် ချီးမြင့်ဖို့ အကြိမ်ကြိမ် ကမ်းလှမ်း ခဲ့ပေမယ့် လက်မ ခံခဲ့ပါဘူး။
သမ္မတကြီးရဲ့ စိတ်ဆန္ဒကတော့ ရိုးရိုးပဲနေ ချင်တယ် ထင်ပေါ်ကျော်ကြား တာကို မလိုချင်ပါဘူး။ Short List (ဇကာတင် စာရင်း) ထဲမှာ ပါတာက မြန်မာ သမ္မတကြီးဆောင် ရွက်နေတဲ့ လုပ်ဆောင်ချက်တွေ တိုးတက်ပြောင်းလဲ တိုးတက် မှုတွေ ကနေပြီး ရောင်ပြန် ဟပ်တဲ့ သဘောလို့ ထင်ပါတယ်။နိုင်ငံတကာ သူရဲ့ လုပ်ဆောင်ချက်တွေ အပေါ် ထောက်ခံအားပေးတဲ့ သဘောလို့ မှတ်ယူပါတယ်"

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်