Saturday, October 13, 2012

ခြေတုတပ်ဆင်လှူဒါန်းခြင်းကို ထိုင်းနိုင်ငံမှပညာရှင်မှလာရောက်ဆောင်ရွက်ပေး

Posted by drmyochit Saturday, October 13, 2012, under | No comments


ရန်ကုန် တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၇)ရပ်ကွက်၊ မြင်တော်သာလမ်းနှင့် ဧရာဝဏ် လမ်းထောင့်ရှိ အောင်စကြာ ၀ိပဿနာ ဓမ်္မရိပ်သာ မဟာစိတ်္တ သုခကျောင်းဆောင်တွင် ပြုလုပ် သော ““အောင်စကြာ ပရမေတ္တာ ခြေတု လှူဒါန်းပွဲ” ၌ထိုင်းနိုင်ငံProstheses foundation of H.R.H The prinecess Mother (Thailand) အဖွဲ့သည် မြန်မာ နိုင်ငံမှ ကိုယ်အင်္ဂါချို့ယွင်းနေသူ များအား ခြေတုများတပ်ဆင်ပေး နေကြောင်း သတင်း ရရှိသည်။
ယင်းခြေတု တပ်ဆင်လှူဒါန်း ပွဲ ဖွင့်လှစ်ခြင်း အခမ်းအနားကို အောက်တိုဘာလ (၇)ရက် တွင်ကျင်းပခဲ့ပြီး ဆောင်ရွက်ခဲ့ရာ (၁၂)ရက်နေ့ ပိတ်ပွဲအခမ်းအနား ကျင်းပပြီးသည်အထိ ခြေအင်္ဂါ ချို့ယွင်းသူ (၁၃၈)ဦးအား ခြေတု များ တပ်ဆင်လှူဒါန်းပေးခဲ့ပြီးဖြစ် သည်။
ယခုလို နိုင်ငံခြားပညာရှင် များနှင့် ခြေတုတပ်ဆင်လှူဒါန်း ခြင်းသည် မြန်မာနိုင်ငံ၌ ပထမဆုံး အကြိမ်ဆောင် ရွက်ခြင်းဖြစ်သည်။ ဆရာတော်ကြီးကလည်း ယခု လှူဒါန်းရခြင်းကို အားရကြေနပ် ကြောင်း၊ လာမည့် ၂၀၁၃ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် မျက်စိအထူးကု ဆရာဝန်ကြီးများ လာရောက် ၍မျက်စိဝေဒနာ ရှင်များ ကို အခမဲ့ ကုသပေးမည် ဖြစ်သည့်အပြင် ၂၀၁၄ ခုနှစ်တွင်လည်း ခြေတု တပ်ဆင်လှူဒါန်းခြင်းကို ဒုတိယ အကြိမ် ထပ်မံဆောင်ရွက်ပေး သွားဦးမည်ဟု ထိုင်ဝမ်ဆရာ တော်ကြီးက မိန့်ဆိုကြောင်း သိရှိ ရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်