From : MRTV4
ဒိန်းမတ် နိုင်ငံမှ FL Smidth Co,Ltd နဲ့ မြန်မာနိုင်ငံမှ Technology Co.,Ltd တို့ ပူးပေါင်းပြီး ဧရာ ၀တီ တိုင်း ဒေသ ကြီးရှိ ထုံးဘို မြို့နယ်မှာ ဘိလပ်မြေ စက်ရုံ တစ်ရုံ တည်ဆောက် သွားဖို့ စီစဉ် လျက်ရှိ တယ် လို့ အောက်တို ဘာလ ၁၀ ရက်နေ့က Sedona Hotel မှာ ပြုလုပ်တဲ့ ဘိလပ်မြေနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှ တာဝန်ရှိသူ တစ်ဦး ပြောကြားချက် အရ သိရပါတယ်။ ပြည်တွင်းရဲ့ ဘိလပ်မြေ လိုအပ်ချက်ဟာ တစ်နေ့ကို တန်ချိန် ၃ သန်း လိုအပ် လျက် ရှိ တယ်လို့ သိရပါတယ်။
ဘိလပ်မြေ တန်ချိန် ၁ သန်းခန့်သာ ပြည်တွင်းမှာ ဘိလပ်မြေ စက်ရုံ များမှ ထုတ်လုပ်နိုင်ပြီး ကျန် ၂ သန်းခန့်ကို ပြည်ပမှ တင်သွင်း အသုံးပြုလျက် ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိ တည်ဆောက်ဖို့ လျာထားတဲ့ ဘိလပ်မြေ စက်ရုံဟာ တစ်နေ့ကို ပျမ်းမျှ ဘိလပ်မြေ တန်ချိန် ၂၅၀၀ ထုတ်ပေး နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် FL Smidth Co,Ltd အနေနဲ့ ဘိလပ်မြေနဲ့ ပတ်သက်ပြီး နည်းပညာ များနဲ့ ကိရိယာများကို ပြည်တွင်း စိတ်ဝင်စားတဲ့ ကုမ္ပဏီများမှ အကူအညီ လိုအပ် ပါကလည်း ကူညီ ဆောင်ရွက် ပေးမယ်လို့ သတင်း ရရှိပါတယ်။
Time in Rangoon

0 comments:
Post a Comment