Saturday, October 13, 2012

နှင်းကမ္ဘာ ဥယျာဉ်တွင် 5D ရုပ်ရှင် ထည့်သွင်း ဆောက်လုပ်မည်

Posted by drmyochit Saturday, October 13, 2012, under | No comments


ကန်တော်ကြီး အတွင်းရှိ ရေခဲကမ္ဘာ ဥယျာဉ်ကို လာရောက် သူတွေ အတွက် အမြင်သစ်နဲ့ခံစားနိုင် စေဖို့ နှင်းကမ္ဘာ ဥယျာဉ် အဖြစ် ပြောင်းလဲ တည်ဆောက်လျက်ရှိပြီး အဲ့ဒီလို တည်ဆောက် ရာမှာ 5D ရုပ်ရှင်ရုံ ကိုပါ ထည့်သွင်း ဆောက်လုပ် သွားမယ်လို့ သိရပါတယ်။ အခုလို 5D ရုပ်ရှင်ရုံ တည်ဆောက် ရာမှာတော့ နှင်းကမ္ဘာ ဥယျာဉ် အတွင်းမှာ မဟုတ်ဘဲ ဥယျာဉ်ရဲ့ အပြင်ဘက်မှာ ဆောက်လုပ် ပြသသွားမှာ ဖြစ်ပါတယ်။ အဆိုပါ 5D ရုပ်ရှင်ရုံကို ၆ ယောက်ဆံ့ရုံ အဖြစ် ဆောက်လုပ် လျက်ရှိပြီး ရုပ်ရှင်ရုံ ၀င်ကြေး အတွက် တစ်ဦး ကို ကျပ် ၁၅၀၀ သတ်မှတ် ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် နှင်းကမ္ဘာ ဥယျာဉ် ကိုတော့ ၀င်ကြေး အနေနဲ့ စနေ၊ တနင်္ဂနွေနေ့ တွေမှာ လူကြီးကျပ် ငါးထောင် ၊ ကလေးကျပ် ၃၀၀၀ နဲ့ ကြားရက်တွေ မှာတော့ လူကြီးကျပ် လေးထောင်၊ ကလေးကျပ် သုံးထောင် သတ်မှတ် ထားတာ ဖြစ်ပါတယ်။လက်ရှိမှာ ဆောက်လုပ် လျက်ရှိတဲ့ နှင်းကမ္ဘာ ဥယျာဉ်ဟာ ပထမအကြိမ် ဆောက်လုပ် ဖွင့်လှစ်ခဲ့တဲ့ ရေခဲကမ္ဘာ ဥယျာဉ် အတွင်း မပါဝင်တဲ့ နှင်းကားများ၊ နှင်းလျှောစီးမှုများ အပါအ၀င် နှင်းကျရာ နေရာကို ကိုယ်တိုင် ရောက်နေသလို ခံစားရစေမယ့် ပုံစံတွေကိုပါ ပြုလုပ်ထား တယ်လို့ သိရပါတယ်။


From : MRTV4

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်