Saturday, October 13, 2012

ဒေါက်တာ နေ၀င်းမောင် မရှိသည့်နောက် The Voice ဂျာနယ် ဦးနှောက်မဲ့ပြီလော

Posted by drmyochit Saturday, October 13, 2012, under | No comments


From : http://oppositeyes.blogspot.com

ဘိုးဘွား ပိုင်မြေ ၊ ကျူးကျော်လေသူ မိတ်ဆွေမဟုတ် ၊ ရန်သူယုတ်။ ဘိုးဘွားမွေနှစ်၊ ပြည်သစ်ထူစ သည်ကာ လ၌ ၊ ပြည်ပ ပြည်တင်း ချဉ်းနင်းရန်သူ ၊ ဟူဟူသမျှ တိုက်ထုတ်ကြလော့ ။ အမိသားကောင်း ၊ စစ်ကြောင်းဖြန့်ချီ ဘာမ ထီတည့် ၊ ဇာနည်ကျင့်ထုံး နှလုံးသစ္စာ ၊ မြဲစွာခံယူ ပြည်သူတို့အတွက် ၊ အသက်စတေးး ရန်သေးရန်မွှား ၊ လွင့်ပါးကွယ်ပျောက် တစ်ယောက်မကျန် ၊ ပယ်ရှင်းရန်ကို မြဲမြံကတိ ၊ ညီညွတ်ဘိ ။ အိုဘယ့်ရဲဘော် ၊ အိုရဲဘော် ချိန်တော်အောင်ပွဲ ၊ ချိမ့်ချိမ့်သဲတွက် ဆင်နွှဲယှဉ်တူ ၊ ပြည်သူအများ မျှော်လင့်အားနှင့် ၊ စောင့်စားကြိုလျှက် ကြိုဆိုလျှက်ပါလေ။(နုယဉ်) 

၁၉၄၈ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့၊ လွတ်လပ်ရေး ရရှိခဲ့ပြီးသည့် အချိန်မှ စ၍ ပြည်ထောင်စု မြန်မာ နိုင်ငံတော် တွင်မှီတင်း နေထိုင် ကြသူ အားလုံးအတွက် တပ်မတော် တစ်ခုသာ ရှိသည်။ ၂၀၁၀ ရွေးကောက်ပွဲ အပြီး နိုင်ငံတော် ၏အခြေခံ ဥပဒေတွင် အခန်းကဏ္ဍ တစ်ရပ်အနေဖြင့် ပါဝင်သည့် တပ်မတော်မှာလည်း စစ်စိမ်း ရောင်ယူနီဖောင်း ၀တ်ဆင်သည့် တစ်နိုင်ငံလုံး တိုက်ခိုက်ရေး အင်အား ၅ သိန်းခန့်ရှိသော မြန်မာ့ တပ်မတော် သာ ဖြစ်သည်။ 
အချိန်မရွေးအသက်ကိုစွန့်၊ စစ်တိုက်ရန်မရှိက လေ့ကျင့်ရသော နိုင်ငံကာကွယ်သည့် စစ်သားများ 

စစ်ဆင်ရေး ကာလအတွင်း တပ်မတော်စစ်ကြောင်းမှ စွန့်ခွာထွက်ပြေးသူသည် စိတ်ဓာတ်ပျော့ ညံ့သူ ဖြစ်သည်။ ထိုသို့ ထွက်ပြေးပြီးနောက် ရန်သူ၏ အရိပ်ကို ခိုလှုံလျှင် သစ္စွာဖောက်ဖြစ်သည်။ မည်သည့် အကြောင်း ကြောင့် ဖြစ်စေ၊ တပ်မတော်အတွင်းတာဝန်ထမ်းဆောင်ရာမှ ခွင့်မဲ့ပျက်ကွက်လျှင် စစ်ပြေး အဖြစ် ကြေငြာ ရသည်။ မြန်မာနိုင်ငံ ၏ အထင်ကရ ထိပ်တန်း ဂျာနယ်တစ်စောင်ဖြစ်သော The Voice ဂျာနယ်သည် ထိုစစ်ပြေး သစ္စာ ဖောက်များ နှင့် ဆက်သွယ်ကာ ဤဆောင်းပါးဖြင့် တိုင်းပြည်နှင့် တပ်မတော် အပေါ် သစ္စာဖောက်ခဲ့လေပြီ။ 
 ပွဲတော်တစ်ခုအတွင်း သူများပျော်ရွှင်နေချိန်တွင် လုံခြုံရေးယူပေးနေရသည့် စစ်သားတစ်ဦး 

စစ်ပွဲကြောင့် မြေဇာပင်ဖြစ်ရသူသည် စစ်ပြေးများ မဟုတ်။ ပြည်သူများပင် ဖြစ်သည်။ စစ်ပြေးပေါင်း မည်မျှရှိရှိ တပ်မ တော်သည် တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ခဲ့ရသည်ချည်း ဖြစ်သည်။ ဤကဲ့သို့ ထွက်ပြေးသူ များအား ဂရုစိုက်နေမည်ဆိုလျှင် မြန်မာနိုင်ငံသည် အစိပ်စိပ်အမွှာမွှာကွဲ၍ ကချင်ပြည်နယ်အတွင်းသို့ဝင်ရင် ဗီဇာလျှောက် ထားရမည် ဖြစ်သည်။ 
နေပူမိုးရွာမရှောင် တိုင်းပြည်တာဝန်အား နေ့ညထမ်းဆောင်ရသော တပ်မတော်သားတစ်ဦး

စစ်တပ်အတွင်း နေထိုင်သူများ အတွက် စစ်စည်းကမ်းရှိပြီး ဖြစ်သည်ကို the voice မှ မြေဇာပင်များ အဖြစ် ဖော်ပြကာ စစ်တပ်၏ အုပ်ချုပ်မှုအတွင်းပိုင်းကို ၀င်စွက်ဖက်သကဲ့သို့ ရေးသားခဲ့သည်။  ကေအိုင်အေ ဆိုသည်မှာ တိုင်းပြည်အတွင်းမှ ကချင်ပြည်နယ်ကို ခွဲထုတ်၍ ကိုယ့်သဘောနှင့်ကိုယ် အုပ်ချုပ်ခွင့် ရစေရန် အတွက် လူမျိုးရေး အကြောင်းပြကာ အကြမ်းဖက် လက်နက်ကိုင် နေခြင်း ဖြစ်သည်။ ကေအိုင်အေ သည် မြန်မာ တစ်နိုင်ငံ လုံးအတွက် မည်သည့်အ ခါမျှ စွန့်စားဖူးခဲ့ခြင်း မရှိ။ ပြီးခဲ့သည့် ကာလ အတွင်း၌ ကချင် ပြည်နယ် အတွင်း အဖျက်လုပ်ရပ်ပေါင်း များစွာအားဆောင် ရွက်ခဲ့သည်။ မြေဇာပင် အစစ်အမှန်မှာ ကေအိုင်အေ တို့၏ လုပ်ရပ်ကြောင့် ဒုက္ခရောက် နေသည့် ကချင်ပြည် သူများ ပင် ဖြစ်သည်။ 
 ကေအိုင်အေသာမရှိလျှင် ဤပြည်သူများသည် ရန်ကုန်မြို့လူထုထက် ပို၍ အေးချမ်းစွာနေရပေလိမ့်မည်

 မည်သည့်ခေတ် ကာလတွင် ဖြစ်စေ၊ ပြည်သူအတွက် အနစ်နာခံရသည်မှာ တပ်မတော်သား ပင် ဖြစ်သည်။ ကိုယ်လက် အင်္ဂါများ စွန့်လွှတ်ရသည်၊ ခင်ဗျားတို့ တောင်းဆိုနေသည့် လူ့အခွင့်အရေးမှန် သမျှကို စွန့်လွှတ် ရသည်။ ၂၄ နာရီတာဝန်ထမ်းဆောင်ရသည်။ မိသားစု ဆွေမျိုးများနှင့်ဝေးရာ၌ လပေါင်းများစွာ နေပြီး တာဝန် ထမ်းဆောင် ရသည်။ နောက်ဆုံးအသက်ကို ပင် စွန့်လွှတ်ရသည်။ ထိုသို့သော စစ်သားများ၏ ဘ၀တွင် မနေနိုင် သဖြင့် စစ်သား အဖြစ်မှ ထွက်ပြေးသော တပ်ပြေးသစ္စာ ဖောက်များသည် တိုက်ပွဲကြားမှ မြေဇာပင် မည်သို့ဖြစ် မည်နည်း။ နိုင်ငံတစ်နိုင်ငံ ခွဲထွက်မည့် အရေး၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက် အသက်ပေါင်း များစွာ ပေးဆပ်ခဲ့သည့် တပ်မတော်သား များ၏ အသက်ပေးဆောင်ရွက်မှုများကို ပစ်ပယ်၍ The Voice၏ လုပ်ဆောင် မှုသည် ဥပဒေကို ချိုးဖောက်ရာ ရောက်ပေသည်။ 
မိမိအတွက်လည်းမဟုတ်၊ မိမိပြည်နယ်လို့လည်း ပြောလို့မရ၊ တိုင်းပြည်မျက်နှာကိုသာ ကြည့်ပြီး အသက်စွန့်ခဲ့ရ သည့် အာဇာနည် စစ်သည်တစ်ဦး

 The Voice ဂျာနယ်အတွက် မေးခွန်းများသာ မေးလိုက်ချင်တော့သည်။

(၁) ကေအိုင်အေသည် လက်နက်ဝယ်ယူခွင့်ရှိပါသလား?
(၂) ကေအိုင်အေသည် လူသူစုဆောင်းခွင့် ရှိပါသလား?
(၃) ကေအိုင်အေသည် အမျိုးသမီးများအား သူ၏ သောင်းကျန်းသူအဖွဲ့တွင် အသုံးချခွင့် ရှိပါသလား?
(၄) ကေအိုင်အေ ကလေးစစ်သား များလေ့ကျင့် ပေးသည်ကို မြင်ခဲ့သလား ?
(၅) သောင်းကျန်းသူမှန်းသိပါလျှက်နဲ့ အဆက်အသွယ်လုပ်ခွင့်ရှိပါသလား?
(၆) ထိုကလေးများသည် မြန်မာစစ်တပ်မှ အမှန်တကယ်ထွက်ပြေးကြောင်း မည်သည့် အထောက်အထား များ ဖြင့် ပြမည်နည်း?
(၇) ကေအိုင်အေတို့၏ အကြမ်းဖက် လုပ်ရပ်များနှင့် လက်နက် လူသူ စုဆောင်းခြင်း များအား မည်သည့် အကြောင်းကြောင့် မီဒီယာတွင် မဖော်ပြသနည်း? 

မီဒီယာများ နှာစေးနေသော ကေအိုင်အေ လူသစ်စုဆောင်းခြင်းခံရသည့် အမျိုးသမီးများ





0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်