Thursday, February 28, 2013

ရွာသားများ ဓားဖြင့်ဝိုင်းခုတ်သဖြင့် သေဆုံးသူ ရဲတစ်ဦး၏ မိသားစုအား ရွှေညဝါဆရာတော်၊ ဦးဝီရသူ နှင့် ပါမောက္ခ ဆရာတော် တို့မှ အလှူငွေ သိန်း (၂၀) လှူဒါန်း

Posted by drmyochit Thursday, February 28, 2013, under | No comments


ဧရာဝတီ တိုင်းဒေ သကြီး၊ မအူပင် မြို့နယ်၊ မလက်တိုကျေးရွာ အုပ်စု၊ ပလောင်ကျေးရွာ တွင်ဖေဖော် ၀ါရီလ( ၂၆ )ရက်နေ့က လယ်ယာမြေ ကိစ္စနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင် များနှင့် ဒေသခံ များအကြား ဖြစ်ပွား ခဲ့သော ပဋိ ပက္ခ များကြောင့် ထိခိုက် ဒဏ်ရာ ရရှိ သူများနှင့်သေ ဆုံးသူ ရဲတပ်ဖွဲ့ဝင် တစ်ဦး၏ မိသား စုအားရွှေည၀ါ ဆရာတော်၊ ဆရာတော် ဦးဝီရသူနှင့် မကွေး ဆရာတော် ရှင်ပါမောက္ခ တို့က အလှူငွေ ကျပ်သိန်း (၂၀) ကို လှူဒါန်းထောက် ပံ့ခဲ့ကြောင်း အဆို ပါဒေသ သို့သွားရောက် သတင်း ရယူနေသော The Messenger သတင်းထောက်က သတင်းပေး ပို့သည်။


“နှစ်ဘက် လုံးက ဒဏ်ရာ ရတဲ့ လူတွေကို လှူတာပါ။ ရွှေည၀ါ ဆရာတော်က ကျပ်(၁၀)သိန်း၊ ဆရာတော် ဦးဝီရသူက ကျပ်(၁၀)သိန်း လှူတယ်။ ဒဏ်ရာ ရသူ တစ်ဦးစီ ကိုငွေကျပ် ငါးသောင်း စီလှူ တယ်။သေဆုံး သွားတဲ့ ရဲတပ်ဖွဲ့ဝင်ကို ရဲကျော် သူရဲ့ မိသားစု ကိုငွေကျပ်သုံး သိန်းထောက် ပံ့လှူဒါန်းတယ်” ဟု၎င်းက ဆက်ပြော သည်။

ရဲ တပ်ဖွဲ့ဝင် ကိုရဲကျော်သူ မှာဦးခေါင်းတွင် ဒဏ်ရာရ ရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ဌာနသို့ ညတွင်းချင်း ပို့ဆောင်ပေး ခဲ့ရပြီး ဒဏ်ရာပြင်း ထန်သဖြင့်သေ ဆုံးသွားကြောင်း ကိုမအူပင် မြို့နယ် ရဲ တပ်ဖွဲ့မှ တာဝန် ရှိသူ တစ်ဦးက ယနေ့ ညနေ ပိုင်းက အတည်ပြုပြောကြား ခဲ့သည်။
ဆရာတော်ကြီး များသည် ဒဏ်ရာ ရရှိသူများ ကိုအလှူငွေထောက် ပံ့ချီးမြင့်ရန်ဆေး ရုံသို့ကြွစဉ် မအူပင်မြို့၊
(၃) ရပ်ကွက်၊ မင်းလမ်းရှိ ကိုအောင်ကျော်မိုး၊ မလင်းလင်း တို့နေအိမ်တွင် ခေတ္တ သီတင်းသုံးကာ မလက်တို ကျေးရွာ အုပ်စုမှ လယ်သမား များနှင့်တွေ့ဆုံ ခဲ့ကြောင်း သိရသည်။လယ်သမား များမှဖြစ် ပွားခဲ့သော အခြေ အနေ များကို ဆရာတော်ကြီး များလျောက် ထား ခဲ့ကြောင်း သတင်း ရရှိသည်။

The Messenger

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်