Thursday, February 28, 2013

ထိုင်းနိုင်ငံသို့ တရားမ၀င် သွားရောက်အလုပ်လုပ်ရန် စက်လှေဖြင့် လိုက်ပါလာသည့် ဘင်္ဂါလီ ၄၁ ဦးအား မြိတ်မြို့တွင် ဖမ်းဆီးရမိ

Posted by drmyochit Thursday, February 28, 2013, under | No comments


 ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ထိုင်းနိုင်ငံသို့ တရားမ၀င် သွားရောက်အလုပ်လုပ်ရန်ဟုဆိုကာ လိုက်ပါ လာသော ဘင်္ဂါလီ ၄၁ ဦးအား မြိတ်မြို့တွင် ဖမ်းဆီးရမိထားပြီး ကျန်နေသည့် သူများအား လိုက်လံ ရှာဖွေလျက် ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖေ၀ါရီလ ၃ ရက်နေ့ ည ၈ နာရီတွင် စစ်တွေမြို့၊ သက်ကယ်ပြင်ရွာနေ ဦးရှော်ဘီ၏ စက်လှေဖြင့် ဘင်္ဂါလီ ၆၈ ဦးအား ထိုင်းနိုင်ငံတွင် အလုပ်ရမည်ဟုပြောကာ အခကြေးငွေဖြင့် တောင်းခံကာ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး လူတစ်ဦးလျှင် ကျပ်တစ်သိန်းမှ တစ်သိန်းခွဲအထိ ပေးဆောင်ရပြီး တစ်သိန်းအောက်သာ ပေးနိုင်သူများကိုလည်း ခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။ အဆိုပါစက်လှေသည် ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့ ည ၁၂ ကျော်ခန့်တွင် မြိတ်မြို့အနီး ရေပြင်သို့ရောက်ရှိလာကာ သာကေတရပ်ကွက်၊ သဲကွင်းကုန်တိုက်အနီးတွင် လှေရပ်နားခဲ့ပြီး ဘင်္ဂါလီ ကျား - ၃၈ ဦး၊ မ -၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ မြိတ်မြို့ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများမှ လိုက်လံရှာဖွေ ဖမ်းဆီးခဲ့ရာ ည ၁ နာရီ ၄၅ မိနစ်တွင် ကန်ခေါင်းရပ်၊ ရှေးဟောင်းဗလီလမ်းဆုံ အနီး၌ ဘင်္ဂါလီ ကျား- ၂၁ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ တဖန် ထားဝယ်စုရပ်ကွက်၊ ကမ်းနားလမ်း၊ ဆားတံတားဟောင်းရှေ့တွင် ဘင်္ဂါလီ ကျား-၁၇ ဦး၊ မ ၂ ဦး စုစုပေါင်း ၁၉ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


"ဖြစ်စဉ်အရ အခုကျွန်တော်တို့ဆီမှာ တွေ့ရှိထိန်းသိမ်းထားတာ အားလုံး ၄၁ ဦး ရှိပါပြီ။ တခြား သတင်းတွေ အရ နောက်ထပ် ဘယ်နေရာနားမှာ ဖမ်းမိတယ်ဆိုတာတွေက အခုထိ သေချာမှု မရှိသေးသလို ကျွန်တော်တို့ ဆီကိုသော် လည်းကောင်း၊ သက်ဆိုင်ရာ အာဏာပိုင်တွေကိုလည်း ဘာမှဆက်သွယ် အကြောင်းကြား လာခြင်း မရှိသေးပါဘူး၊ အခုလက်ရှိ ထိန်းသိမ်းထားတာ ၄၁ ဦးပဲဖြစ်ပြီး ကျန်နေတဲ့ သူတွေကို လည်း မြန်မာ့ရေတပ်၊ ပူးပေါင်းရဲတပ်ဖွဲ့တွေ၊ ဒေသခံတွေ ဆက်လက်ရှာဖွေနေပါတယ် သတင်းအတိ အကျရရင် ဆက်လက်ထုတ်ပြန်ပေးသွားပါ့မယ်" ဟု ခရိုင်လူဝင်မှုကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးမှ ပြောကြားခဲ့သည်။

သတင်းများအရ စက်လှေပေါ်တွင် ဘင်္ဂါလီ ၆၈ ဦး လိုက်ပါလာပြီး မြိတ်မြို့သို့ မရောက်မီ ၃ ဦး ရေထဲခုန်ချ သေဆုံး သွားခဲ့ကြောင်း ကျန် ၆၅ ဦးအနက် ၄၁ ဦးအား ဖမ်းဆီးရမိပြီးဖြစ်ကာ ဖေဖော်ဝါရီလ ၂၆ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ဘင်္ဂါလီ ကျား -၁၁ ဦး၊ မ ၇ ဦးနှင့် ကလေး ၃ ဦး၊ စုစုပေါင်း ၂၁ ဦးအား ကျွန်းစုမြို့ နယ်၊ တောပြားရွာအနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါဘင်္ဂါလီ ၂၁ ဦးအား ရေတပ်မှ ကမ်းခြေစောင့် စစ်ရေယာဉ် (၁၁၄) သို့ ဒေသခံများက လွဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့မှု အပေါ် တာဝန်ရှိသူများက အတည်ပြုချက် တစ်စုံတရာ မပေးခဲ့ကြောင်း သိရသည်။

"သတင်းတွေ ထွက်နေပေမယ့် ကျွန်တော်တို့ဆီကို ဘာမှအကြောင်းကြားလာခြင်း မရှိသလို ကျွန်တော် တို့လည်း စုံစမ်းနေပါတယ်။ သတင်းအတိအကျရရင် ထုတ်ပြန်ပေးပါမယ်။ အခုဖမ်းဆီးရမိထားတဲ့ သူတွေ ထဲမှာ အတော်များများကို ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆရာဝန်ကိုယ်တိုင် လာရောက်ပြီးစစ်ဆေး ကုသပေး ထားပါတယ်။ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်သွားပါမယ်" ဟု လူဝင်မှုကြီးကြပ်ရေးမှ တာဝန်ရှိ သူတစ်ဦးမှ ပြောကြားခဲ့သည်။

မြိတ်မြို့သို့ ရောက်ရှိလာသည့် ဘင်္ဂါလီများအားလုံးမှာ စစ်တွေမြို့မှဖြစ်ပြီး မြန်မာစကားကို ကောင်းစွာပြော တတ်ကြောင်း၊ ကျန်ရှိနေသည့်သူများကိုလည်း ဆက်လက်ရှာဖွေနေကြောင်း သိရသည်။ မြိတ်မြို့တွင် ယခင်က လည်း အလားတူဖြစ်စဉ်များ ရှိခဲ့ကာ လွန်ခဲ့သည့် ၆ လခန့်ကလည်း ဘင်္ဂါလီ ၇၈ ဦးကို နေရပ်သို့ ပြန်လည် ပို့ဆောင်ပေး ခဲ့ရကြောင်း သိရသည်။ 

Eleven

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်